အပြဋ္ဌာန်းခံဝါဒ (DETERMINISM)

(S. Dhammika ရဲ့ A Guide To Buddhism A to Z စာအုပ်မှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)

အပြဋ္ဌာန်းခံဝါဒ (နိယတဝါဒ) ဆိုတာ သတ္တဝါတွေရဲ့ ကံကြမ္မာဟာ ပုံသေကားကျ သတ်မှတ်ထားပြီး ဖြစ်တယ်၊ ဖြစ်ပေါ်လာတဲ့ ကံတရားနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျင့်ကြံနေထိုင်ရမယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ မြတ်စွာဘုရားက အပြဋ္ဌာန်းခံဝါဒ နှစ်မျိုးရှိကြောင်း မိန့်တော်မူခဲ့တယ်။

(၁) ဖန်ဆင်းရှင်ဝါဒ (ဣဿရနိမ္မာနဟေတု) = ဖန်ဆင်းရှင် ထာဝရဘုရားဟာ အားလုံးကို သိမြင်သူ ဖြစ်ပြီး ရှိရှိသမျှ အရာအားလုံးကို ထိန်းချုပ်ထားတယ်၊ ဒီလို ဖြစ်ရမယ်ဆိုပြီး ကြိုတင်စီမံထားပြီး ဖြစ်တယ်ဆိုတဲ့ အယူဝါဒပါ။

(၂) ကံကြမ္မာပဓာနဝါဒ (ပုဗ္ဗေကတဟေတု) = လက်ရှိ တွေ့ကြုံနေရတဲ့ အကောင်းအဆိုး၊ အလယ်အလတ် ခံစားမှုမှန်သမျှဟာ အတိတ်က လုပ်ခဲ့တဲ့ ကံကြောင့်သာ ဖြစ်ရတယ်ဆိုတဲ့ အယူဝါဒ ဖြစ်ပါတယ်။

မြတ်စွာဘုရားက အဲဒီအယူအဆ နှစ်ရပ်လုံးဟာ မှားယွင်းရုံမက အန္တရာယ်ပါ များလှကြောင်း မိန့်တော်မူခဲ့ပါတယ် (အံ၊၁၊၁၇၄)။

အပြဋ္ဌာန်းခံဝါဒဆိုတာ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့်မရှိ၊ ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားအားထုတ်ခွင့်လည်း မရှိ၊ မိမိရဲ့ လုပ်ရပ်မှန်သမျှ အတွက်လည်း တာဝန်ယူစရာ မလိုဆိုတဲ့ အယူဝါဒ ဖြစ်ပါတယ်။ ဒီအယူဝါဒမျိုးက “ငါ့ကို အပြစ် မတင်နဲ့။ ဒါက ထာဝရဘုရားသခင် အလိုတော်ကျပဲလေ” စတဲ့ မျက်နှာလွဲခဲပြစ် လုပ်ရပ်၊ “ဘာ တက်နိုင်မှာလဲ။ ဒါ ငါ့ ကံပဲလေ” ဆိုတဲ့ ကံကိုပုံချတဲ့ လုပ်ရပ်တွေဆီ ဦးတည်သွားစေနိုင်ပါတယ်။

  • ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း (Free Will) ကိုလည်း ကြည့်ပါ။)
***************************************************

မူရင်း

DETERMINISM

Determinism (niyativāda) is the belief that an individual’s destiny is fixed and that he or she must act accordingly. The Buddha said there are two types of determinism, (1) theistic determinism (issaranimmānahetu) which claims that God knows and controls everything and thus has determined everything before it has happened and (2) kammic determinism (pubbekatahetu) which says that everything we experience, pleasant, painful or neutral, is due to our kamma, that is, how we have acted in the past. According to the Buddha, both these ideas are not just false but also pernicious (A.I,173). Determinism means that the individual cannot choose one course of action over another, cannot make an effort to change anything and is not responsible for anything he or she does. Such a belief can only lead to irresponsibility – ‘Don’t blame me, it is the will of God’ or inactivity – ‘What can I do? It’s my past kamma.

  • မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်ချင်ရင် = Click here

0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။