ဖန်ဆင်းရှင်ဝါဒ (THEISM)

(S. Dhammika ရဲ့ A Guide To Buddhism A to Z စာအုပ်မှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)

ဖန်ဆင်းရှင်ဝါဒ (ဣဿရနိမ္မာနဝါဒ) ဆိုတာ မဟာကရုဏာရှင်၊ အနန္တတန်ခိုးရှင်၊ အရာအားလုံးကို သိမြင်သူ ဖြစ်တဲ့ ထာဝရဘုရားသခင်ဟာ ကမ္ဘာလောကကြီး တစ်ခုလုံးကို ထိန်းချုပ် လွမ်းမိုးထားတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီဝါဒဟာ ရုပ်ဝါဒ (လောကာယတဝါဒ)၊ ကံကြမ္မာပဓာနဝါဒ (ပုဗ္ဗေကတဟေတု)၊ အကြောင်းမဲ့ဝါဒ (အဟေတုက) တို့နဲ့အတူ မိစ္ဆာအယူဝါဒ (၄) မျိုးထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ် (အံ၊၁၊၁၇၄)။ 

ဗုဒ္ဓဘာသာအနေနဲ့ ဖန်ဆင်းရှင်ဝါဒကို အဓိက ကန့်ကွက်ရခြင်း အကြောင်းထဲမှာ ထာဝရဘုရားရှင်ရဲ့ အရည်အချင်း ဂုဏ်ပုဒ်တွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတဲ့ အချက် ဖြစ်ပါတယ်။ “သူသာ (အချို့ နတ်ဘုရားတွေက မိန်းမဖြစ်ပြီး အချို့က ယောက်ျားမိန်းမ ဆိုတဲ့ လိင် မရှိဘူး) ကမ္ဘာလောကကြီးကို အမှန်တကယ် ဖန်ဆင်းခဲ့သူ၊ အရာရာကို ထိန်းချုပ်ထားသူဆိုရင် ကမ္ဘာမှာ ဖြစ်နေတဲ့ ဆင်းရဲဒုက္ခ မှန်သမျှရဲ့ လက်သည်တရားခံဟာ သူပဲ ဖြစ်ရမယ်။ သူသာ ကမ္ဘာကြီးကို ပိုင်စိုးသူ၊ အမြင့်ဆုံးပုဂ္ဂိုလ်၊ လောကသားတို့ရဲ့ အရှင်သခင် ဖြစ်ရိုးမှန်ရင် လှည့်ဖြားမှု၊ လိမ်လည်မှု၊ ထောင်လွှားမှု၊ တရားနည်းလမ်းမကျမှုတွေ ဘာ့ကြောင့် ဖြစ်ပွားနေရသလဲ။ သူသာ လောကကြီးကို ဖန်ဆင်းသူ၊ အမြင့်ဆုံးပုဂ္ဂိုလ်၊ လောကသားတို့ရဲ့ အရှင်သခင် ဖြစ်ရိုးမှန်ရင် ကမ္ဘာမှာ ပေါ်ပေါက်နေတဲ့ မကောင်းမှုဒုစရိုက် မှန်သမျှကို သူကိုယ်တိုင် ဖန်တီးခဲ့သူဖြစ်လို့ သူဟာ တရားနည်းလမ်း မကျသူ၊ ရက်စက်ကြမ်းကြုတ်သူ ဖြစ်ရမယ်” (ဇာ၊ဋ္ဌ၊၇၊၅၆)။

ထာဝရဘုရားရှင်ဟာ အမှန်တကယ် အရာရာကို သိမြင်သူ (သဗ္ဗညုတ) (Omniscient) ဆိုရင် လူသားတွေဟာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ လွတ်လပ်ခွင့် မရှိဘူးလို့ အဓိပ္ပါယ် သက်ရောက်သွားတယ်။ ပြီးတော့ အမှားအမှန်ကို ဆုံးဖြတ်သူ၊ ကောင်းသူကို ကယ်ပြီး မကောင်းသူကို ပယ်သူ အနေနဲ့ ထာဝရဘုရားရဲ့ လုပ်ဆောင်ချက်တွေက အပိုဖြစ်သွားတယ်။ သူသာ အနန္တတန်ခိုးရှင် ဖြစ်ရိုးမှန်ရင် ငလျှင်လှုပ်တာ၊ ရေကြီးတာ၊ စူနာမီ ဖြစ်ပေါ်တာ စတဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ရပ်တန့်သွားအောင် လုပ်နိုင်ရမယ်။ ဒါပေမဲ့ သူ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် သူဟာ မဟာကရုဏာရှင်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။

ဗုဒ္ဓဘာသာရဲ့ အမြင်အရ လူသားတွေရဲ့ ဘာသာတရားကိုးကွယ်မှု ဖြစ်စဉ်ကို လေ့လာကြည့်ရင် (၁) နတ်ဘုရား အများအပြား ကိုးကွယ်သောဝါဒ (Polytheism)၊ (၂) နတ်ဘုရား တစ်ဆူတည်း ကိုးကွယ်သောဝါဒ (Monothiesm) နဲ့ (၃) နတ်ဘုရားမဲ့ဝါဒ (non-theism) ဆိုပြီး အဆင့်သုံးဆင့် တိုးတက်ပြောင်းလဲလာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ တစ်ချိန်တည်း ဖြစ်ပေါ်ခဲ့တယ်၊ လူ့အဖွဲ့အစည်း တစ်ခုအတွင်းက လူတိုင်းရဲ့ သန္တာန်မှာ ဖြစ်ပေါ်ခဲ့တယ်လို့တော့ မဆိုနိုင်ပါဘူး။

ရှေးဦးလူသားတွေဟာ သဘာဝဖြစ်စဉ်နှင့် သဘာဝစွမ်းအင် အမျိုးမျိုးကို အမျိုးမျိုးသော နတ်ဒေဝတာများအဖြစ် မှတ်ယူခဲ့ကြတယ်။ နောင်အခါ သဘာဝတရား အားလုံးကိုပဲ တစ်ဆူတည်းသော နတ်ဘုရားအဖြစ် ယူဆကိုးကွယ်လာခဲ့ကြတယ်။ လူသားတွေရဲ့ အမြင့်ဆုံးနဲ့ အတွေ့အကြုံ အကြွယ်ဝဆုံး အဆင့်ရောက်လာတော့ အရာအားလုံးဟာ သဘာဝ ဖြစ်စဉ်အရသာ ဖြစ်ပေါ်နေတာ ဖြစ်တယ်၊ နတ်ဘုရား တစ်ပါးပါးကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ကြောင်း နားလည် သဘောပေါက်လာကြတယ်။

ဒီအဆင့်သုံးဆင့်ဟာ အကြမ်းဖျင်းအားဖြင့် (၁) မျိုးနွယ်စုများ စုဖွဲ့နေထိုင်တဲ့ခေတ်၊ (၂) သက်ဦးဆံပိုင် ဘုရင်များ အုပ်ချုပ်တဲ့ခေတ်၊ (၃) ဒီမိုကရေစီနဲ့ သိပ္ပံအတွေးအခေါ်များ အားကောင်းလာတဲ့ ခေတ်ဆိုတဲ့ ခေတ်သုံးခေတ်နဲ့ တိုက်ဆိုင်နေတဲ့ အချက်ကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ 

  • ဖန်ဆင်းရှင် သံသယဝါဒ (AGNOSTICISM) ကိုလည်း ကြည့်ပါ။
  • Ref: Buddhism: A Non-theistic Religion, H. von Glasenapp, 1970.


မူရင်း

THEISM

Theism (issarakāraṇavāda) is the belief in an all-loving, all-powerful and all-knowing God who created and controls the universe. It is one of the four false views (A.I,173), together with materialism (lokāyatavāda), kammic determinism (sabbaṃ pubbekatahetu) and randomism (ahetuvāda).
Buddhism's main objection to theism is that God's supposed attributes contradict each other. If he (some gods are feminine, others have no gender) really created and controls everything then he must be responsible for all the suffering in the world.

`If he really is the Controller, the Highest, Lord of All Beings, why is there so much deceit, lies, pride and unrighteousness? If he really is the Controller, the Highest, Lord of All Beings, then he must be unrighteous and cruel, because it was he who made everything’ (Ja.VI,208).

If God is really omniscient this means that humans have no freedom and thus God's function as arbiter of right and wrong, rewarder of good and punisher of evil, becomes redundant. If God is really all-powerful and can stop massive disasters like earthquakes, floods and tsunamis but does not, he can not be all-loving.

From the Buddhist perspective, human spiritual consciousness could be said to move through three stages: polytheism, monotheism and non-theism, although, of course, not everywhere at the same time or amongst everyone in a particular society.

Primitive peoples attributed different natural occurrences and forces to different deities. Later, all these were attributed to a single deity. In its highest and most sophisticated stage, the human mind understands that things happen as a part of the order of nature and not because of a deity.

It is interesting to note that these three stages roughly correspond to the periods when people lived in tribes, when they were governed by autocratic monarchs and finally when democratic and scientific thinking became dominant. See Agnosticism.
  • Ref: Buddhism: A Non-theistic Religion, H. von Glasenapp, 1970. 
  • မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်လိုပါက = Click here 

0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။