tag:blogger.com,1999:blog-22419542138430802302024-03-10T10:47:47.595+08:00အရှင်လောကပါလAshin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.comBlogger21125tag:blogger.com,1999:blog-2241954213843080230.post-32461708223229134962023-07-13T06:07:00.031+08:002023-09-01T20:32:02.999+08:00ဝေဒနာဟူသည် 2.5 ဝေဒနာစေတသိက်

မြန်မာအများစုက "ဝေဒနာ" ဟူသောပါဠိကို နာကျင်မှု၊ ရောဂါဝေဒနာ စသည်ဖြင့် မကောင်းသည့်ဘက်က အသုံးပြုနေကြ၏။ အဘိဓမ္မာအလိုအားဖြင့် ဝေဒနာသည် အကောင်းအဆိုး နှစ်မျိုးလုံး ဖြစ်နိုင်သော သဗ္ဗစိတ္တသာဓာရဏစေတသိက်ဖြစ်၍ စိတ် (၈၉) ပါးလုံးနှင့် ယှည်၏။ စိတ်တစ်ခု ဖြစ်တိုင်းဖြစ်တိုင်း ခံစားမှုသဘော (ဝေဒနာ) ပါနေသည်ဟု မှတ်ရပါမည်။

ဝေဒနာကို မြန်မာစာ၊ မြန်မာစကားအဖြစ် အသုံးပြုလျှင် ပြဿနာ မရှိသော်လည်း ဝေဒနာဟူသော ပါဠိပုဒ်၏အဓိပ္ပါယ်ကို ကောင်းကောင်း သိမထားပါက ဘုရားဟောတရားတော်များကို လေ့လာရာတွင် နားလည်မှု လွှဲမှားခြင်းများ ဖြစ်နိုင်၏။ ထို့ကြောင့် ဝေဒနာဟူသော အသုံးအနှုန်းကို အဘိဓမ္မာနည်းဖြင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာမှတ်သားသင့်ပေသည်။

ဝေဒနာသည် ဘုရားဟော ဒေသနာတော်တို့၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေ၏။ ခန္ဓာငါးပါးတွင် ဝေဒနက္ခန္ဓာ၊ သတိပဋ္ဌာန်လေးပါးတို့တွင် ဝေဒနာနုပဿနာသတိပဋ္ဌာန်အဖြစ် ပါဝင်နေသလို ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌လည်း "ဝေဒနာပစ္စယာ တဏှာ" ဟူ၍ အရေးကြီးသော အကြောင်းအကျိုး အဆက်အစပ်တစ်ခုအဖြစ် ပါဝင်နေ၏။ ဝေဒနာ၏ အဓိပ္ပါယ်ကို နားမလည်ပါက ဘုရားဟောတရားတော်များကို မှန်မှန်ကန်ကန် သဘောပေါက်ရန် မလွယ်ကူပေ။

ဝေဒနာဟူသည် အာရုံ၏ အရသာကို ခံစားခြင်းသဘော ဖြစ်သည်။ ကောင်းသည့်အာရုံကို ကောင်းသည်ဟုလည်းကောင်း၊ မကောင်းသည့်အာရုံကို မကောင်းဟုလည်းကောင်း သိရှိ၊ နားလည်၊ ခံစားလိုက်ခြင်းသဘော ဖြစ်ပါသည်။ ဝေဒနာကို အကြမ်းဖျင်းအားဖြင့် (၃) မျိုး ခွဲခြားနိုင်သည်။ အာရုံ (၃) မျိုးကို အခြေခံ၍ ဝေဒနာ (၃) မျိုး ကွဲပြားသွားခြင်း ဖြစ်ပါသည်။

သုခဝေဒနာ (ချမ်းသာသော၊ ကောင်းသော ခံစားမှု) (ဣဋ္ဌာရုံဟူသော နှစ်သက်ဖွယ်အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။)

ဒုက္ခဝေဒနာ (ဆင်းရဲသော၊ မကောင်းသော ခံစားမှု) (အနိဋ္ဌာရုံဟူသော မနှစ်မြို့ဖွယ်အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။)

အဒုက္ခမသုခဝေဒနာ (ဒုက္ခလည်းမဟုတ်၊ သုခလည်းမဟုတ်သော ခံစားမှု၊ အလယ်အလတ် ခံစားမှု (သို့မဟုတ်) ဥပေက္ခာဝေဒနာ) (ဣဋ္ဌမဇ္ဈတ္တာရုံ ဟူသော အလယ်အလတ်ဖြစ်သော အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။)

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ မြတ်စွာဘုရားက ဝေဒနာကို (၆) မျိုးခွဲ၍ ရှင်းလင်းဟောကြားတော်မူထား၏။ မျက်စိကို မှီ၍ ပေါ်လာသော ထိတွေ့မှုကြောင့် ခံစားမှုဝေဒနာ ဖြစ်၏ (စက္ခုသမ္ဖဿဇာ ဝေဒနာ)။ ထို့အတူ နားစသော အခြားဒွါရတို့ကို မှီ၍လည်း ဝေဒနာတို့ ပေါ်လာကြ၏။ ဤသို့လျှင် ဒွါရခြောက်ပါးရှိသည့်အလျောက် ဝေဒနာလည်း ခြောက်ပါးရှိမည် ဖြစ်သည်။

ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပျင်းခြင်း၊ ပျော်ခြင်း၊ ကြိုက်ခြင်း၊ မကြိုက်ခြင်းဟူသော စိတ်ခံစားချက်များ (emotions) သည် ဝေဒနာ မဟုတ်ပေ။ ဝေဒနာဟူသော ပါဠိကို အများစုက "Feeling" ဟု အင်္ဂလိပ်လို ဘာသာပြန်ကြ၏။ Feeling သည် Emotion ဘက် ယိမ်းသော အသုံးအနှုန်းဖြစ်၍ ထိုစကားလုံးကို ပညာရှင်အချို့က မနှစ်သက်ကြပေ။

ဝေဒနာကို "Feeling-tone" "Sensation" (သို့မဟုတ်) "Experience" ဟု ဘာသာပြန်နိုင်၏။ ဒွါရခြောက်ပါးနှင့် အာရုံခြောက်ပါးတို့ ထိတွေ့မှု (ဖဿ) ဖြစ်ချိန် ပေါ်လာသော သိရှိခံစားမှု (Feeling-tones/ sensations) များကို ဝေဒနာဟု ခေါ်ခြင်းဖြစ်သည်။ ဒွါရနှင့်အာရုံဟူသော ရုပ်နှစ်ခု ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ကောင်း၊ မကောင်း၊ အလယ်အလတ် ခံစားမှုအတွေ့အကြုံ (experience) ဟူသမျှသည် ဝေဒနာ ဖြစ်၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာ၌ "ဖဿပစ္စယာ ဝေဒနာ" ဖဿကြောင့် ဝေဒနာ ဖြစ်၏ဟု ဆိုခြင်းဖြစ်၏။

အရသာထူးကဲသော အစားအစာကို စားရလျှင် ကောင်းသည့်အရသာ ပေါ်လာ၏။ ထိုအရသာကို သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ထိုအရသာကို ကြိုက်ခြင်း၊ သဘောကျနှစ်သက်ခြင်းသည် လောဘစေတသိက် ဖြစ်၏။

အရသာမရှိသော အစားအစာကို စားရလျှင် မကောင်းသော အရသာ ပေါ်လာ၏။ အရသာမကောင်းဟု သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ဟင်းမကောင်း၍ မကြိုက်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းသည် ဒေါသစေတသိက် ဖြစ်၏။

နေပူထဲသွားလျှင် ပူသောခံစားမှု ရ၏။ နှင်းကျချိန် အပြင်ထွက်လျှင် အေးသောခံစားမှု ရ၏။ ထိုအပူ၊ အအေးတို့ကို သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ထိုအပူအအေးတို့ကြောင့် စိတ်ဆိုးဒေါသထွက်ခြင်းသည် ဒေါသစေတသိက် ဖြစ်၏။

ဝေဒနာသည် ခန္ဓာကိုယ်တွင်ဖြစ်သော ရုပ်နာကျင်မှုကို ခေါ်ခြင်း မဟုတ်၊ နာကျင်နေသော ရုပ်ကို သိရှိခံစားမှုသည်သာ ဝေဒနာ ဖြစ်၏။ ဝေဒနာသည် စိတ်ထဲတွင် ပေါ်လာသော အာရုံကို သိရှိခံစားခြင်းသဘော ဖြစ်၏။

ဝေဒနာသည် အာရုံကို သိရှိခံစားမှုဖြစ်၍ ခန္ဓာရှိသော သတ္တဝါတိုင်း၌ ဝေဒနာ ဖြစ်နိုင်၏။ ဘုရားရဟန္တာတို့သည် အစားအသောက်ကောင်းကို စားရလျှင် ကောင်းသော အရသာကို သိရှိခံစားရ၏။ နေပူထဲသွားလျှင် ပူသောဝေဒနာ ခံစားရ၏။ ရောဂါဝေဒနာဖြစ်လျှင်လည်း နာကျင်ခံခက်သော ဒုက္ခဝေဒနာကို ခံစားရ၏။ သို့သော် ထိုခံစားမှုဝေဒနာတို့ကြောင့် စိတ်ခံစားမှုဟူသော လောဘ၊ ဒေါသစိတ်များ မဖြစ်ကြပေ။

သာမန်လူတစ်ယောက်သည်ပင် ဝေဒနာကို ဝေဒနာဟု သိပြီး သတိသမ္ပဇဥ်ဉာဏ်ယှည်၍ နေပါလျှင် "ဝေဒနာပစ္စယာ တဏှာ" မဖြစ်ဘဲ လောဘ၊ ဒေါသစသော စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ရပ်တို့တွင် "ဝေဒနာပစ္စယာ တဏှာ" (ဝေဒနာကြောင့် တဏှာဖြစ်၏) ဟူသော အကြောင်းအကျိုး အဆက်အစပ် (သန္ဓိ) ကို နားလည်ရန် အရေးကြီး၏။ ဝေဒနာပေါ်လာချိန် တဏှာ မဖြစ်အောင် သတိကပ်ထားနိုင်ခြင်းသည် ဆင်းရဲမှန်သမျှ ကင်းငြိမ်းကြောင်း၊ ဒုက္ခသံသရာပျက်ကြောင်း၊ နိဗ္ဗာန်ရကြောင်း ဖြစ်ပေသည်။ ခံစားမှုဝေဒနာတို့၏ သဘာဝကို အရှိကို အရှိအတိုင်း သတိကပ်၍ ရှု့မှတ်နေခြင်းသည်ပင် ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်၏။ ဝေဒနာသုံးပါးကို အခြေခံ၍ သတိတရား တိုးပွားအောင် ကျင့်ကြံပွားများ အားထုတ်နေခြင်းသည်ပင် တရားထိုင်ခြင်း ဖြစ်ပေသည်။

ဒေသနာတော်တို့၌ ဖဿပစ္စယာ ဝေဒနာဟု ရှေ့နောက်အစဥ်သဘောဖြင့် ဟောကြားခဲ့သော်လည်း ဖဿနှင့် ဝေဒနာတို့သည် တစ်ခုပြီးမှ တစ်ခု ပေါ်လာခြင်းမဟုတ်ဘဲ နှစ်ခုလုံး တပြိုင်နက်တည်း ပေါ်လာကြခြင်း ဖြစ်၏။ ဒွါရနှင့်အာရုံတို့ ထိတွေ့မှု (ဖဿ) အင်အား ကောင်းလျှင်ကောင်းသလောက် ခံစားမှု (ဝေဒနာ) သည်လည်း အင်အားကောင်းမည်ဖြစ်သည်။ ဖဿအင်အား နည်းလျှင်နည်းသလောက် ဝေဒနာလည်း အင်အားနည်းမည် ဖြစ်သည်။

ဝေဒနာကို ကျမ်းဂန်တို့၌ စားဖွယ်အစုံဖြင့် ပွဲတော်တည်သော ဘုရင်နှင့် ဥပမာပေးကြ၏။ စားတော်ကဲ (စားဖိုမှူး) သည် ဘုရင်ကြီး မစားခင် အဆိပ်အတောက် ရှိ၊ မရှိ စုံစမ်းရန် ဟင်းခွက်တိုင်းကို အနည်းငယ်စီ ယူ၍ စားပြရ၏။ အန္တရာယ်မရှိမှန်း သိမှသာ ဘုရင်က စားဖွယ်စုံကို အားရပါးရ ခံစားသုံးဆောင်၏။ ဝေဒနာသည် မင်းကြီးနှင့်တူ၍ အာရုံ၏ အရသာကို ပြည့်ပြည့်ဝဝ ခံစား၏။ ဖဿစသော အခြားစေတသိက်တို့သည်လည်း အာရုံ၏ အရသာကို ခံစားခြင်းသဘောရှိကြ၏။ ဖဿစသော အခြားစေတသိက်တို့သည် စားတော်ကဲကဲ့သို့ အာရုံ၏ အရသာကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြဘဲ တစ်စိတ်တစ်ဒေသကိုသာ သိရှိခံစားနိုင်ကြပေသည်။

2.6 ပုထုဇဥ်နှင့်အရိယာ ကွာခြားချက်

မြတ်စွာဘုရားသည် ဝေဒနာသံယုတ်၊ သလ္လသုတ္တန် (သံ၊၂၊ ၄၀၉) ၌ ပုထုဇဉ်နှင့် အရိယာတို့၏ ကွဲပြားခြားနားချက်ကို ဟောကြားတော်မူထားပါသည်။

ပုထုဇဉ်သည် ဒုက္ခဝေဒနာကို တွေ့ကြုံခံစားရချိန်၌ စိုးရိမ်ပူဆွေး ငိုကြွေး၏။ ဒုက္ခဝေဒနာကို ခံစားရခြင်းကြောင့် ကိုယ်ဆင်းရဲမှုသာမက စိတ်ဆင်းရဲမှု (စေတသိကဒုက္ခ) ကိုပါ ခံစားရ၏။ ဒုက္ခဝေဒနာကို ခံစားရသောအခါ မကျေမနပ် ဖြစ်၏ (ပဋိဃာနုသယ)။ ပုထုဇဥ်သည် ဒုက္ခဝေဒနာကို ခံစားရချိန်၌ ကာမဂုဏ်ချမ်းသာ (ကာမသုခ) ကို မျှော်လင့်တောင့်တ၏။ ကာမဂုဏ်ချမ်းသာဖြင့် လွတ်လမ်းကို ရှာ၏။ (ဒုက္ခနှင့်တွေ့တိုင်း အရက်သောက်၍ လက်ရှိကြုံတွေ့နေရသော ပြဿနာကို မေ့ပျောက်နိုင်အောင် ကြိုးစားခြင်းစသည်များတည်း။)

ကာမဂုဏ်ချမ်းသာကို တရှိုက်မက်မက် ခံစားသော ပုထုဇဥ်သည် သုခဝေဒနာ၌ စွဲလမ်းတပ်မက်မှု ရာဂ ဖြစ်၏ (ရာဂါနုသယ)။ ကာမဂုဏ်ချမ်းသာတို့၏ အပြစ်နှင့် ထိုကာမဂုဏ်တို့မှ လွတ်မြောက်ကြောင်းကိုလည်း ကောင်းစွာ မသိပေ (သမာဓိနှင့် မဂ္ဂဖလတရားများ။ အဋ္ဌကထာ)။ ထို့ကြောင့်ပင် အဒုက္ခမသုခဝေဒနာ၌ မှန်မှန်ကန်ကန် မသိမှု အဝိဇ္ဇာ ဖြစ်၏ (အဝိဇ္ဇာနုသယ)။

ပုထုဇဥ်သည် ဝေဒနာသုံးမျိုးတို့နှင့် တွေ့ကြုံတိုင်း ကိလေသာတို့နှင့်ရောယှက်၍သာ ခံစား၏။ ပထမ အပစ်ခံရသော မြားဒဏ်ရာနေရာ၌ နောက်ထပ်မြားတစ်စင်း အပြစ်ခံရလျှင် ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားရသကဲ့သို့ ပုထုဇဥ်သည် ဒုက္ခဝေဒနာခံစားရချိန်၌ ကိုယ်ဆင်းရဲမှုတည်းဟူသော ပထမမြားသာမက စိတ်ဆင်းရဲမှုတည်းဟူသော ဒုတိယမြားပါ အစူးခံရ၏။

အရိယာတို့သည်ကား ဒုက္ခဝေဒနာကို တွေ့ကြုံခံစားရချိန်၌ ခန္ဓာကိုယ်ရှိနေသေး၍ ကာယိကဒုက္ခကိုကား ခံစားရသေး၏၊ စိတ်ဒုက္ခကိုကား မခံစားရတော့ပေ။ ဒုက္ခဝေဒနာကို ခံစားရခြင်းကြောင့်လည်း မကျေနပ်မှု ဒေါသ မဖြစ်ပေ (ပဋိဃာနုသယငြိမ်း)။ အရိယာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ ခံစားရချိန်၌ ကာမဂုဏ်ချမ်းသာကိုလည်း မျှော်လင့်တောင့်တခြင်း မရှိ။ ကာမဂုဏ်ဖြင့်လည်း လွတ်လမ်းမရှာပေ။ အဘယ့်ကြောင့်ဆိုသော် အရိယာသည် ကာမဂုဏ်မှတစ်ပါးသော ဒုက္ခလွတ်မြောက်ကြောင်းအကျင့်ကောင်းတို့ကို (သမာဓိ၊ မဂ္ဂဖလ) သိသောကြောင့် ဖြစ်၏။ ကာမသုခကို မစွဲလမ်း မတပ်မက်သော အရိယာ၏ သဏ္ဍာန်၌ သုခဝေဒနာကို အခြေခံ၍ ပေါ်လာနိုင်သော တပ်မက်မှုရာဂလည်း မရှိတော့ပေ (ရာဂါနုသယငြိမ်း)။ ကာမဂုဏ်ချမ်းသာတို့၏ အပြစ်နှင့် ထိုကာမဂုဏ်တို့မှ လွတ်မြောက်ကြောင်းကိုလည်း ကောင်းစွာ သိ၏။ ထို့ကြောင့်ပင် အဒုက္ခမသုခဝေဒနာ၌ မသိမှု အဝိဇ္ဇာ မဖြစ်တော့ပေ (အဝိဇ္ဇာနုသယငြိမ်း)။

အရိယာတို့သည် ဝေဒနာသုံးပါးကို ကိလေသာနှင့် မရောယှက်ဘဲ ခံစားကြ၏။ အရိယာတို့သည် ကာယိကဒုက္ခဝေဒနာဟူသော ပထမမြား အစူးခံရသော်လည်း စိတ်ဒုက္ခတည်းဟူသော ဒုတိယမြား အစူးမခံရတော့ပေ။

ဤသည်ပင် ပုထုဇဥ်နှင့် အရိယာပုဂ္ဂိုလ်တို့၏ ကွဲပြားခြားနားချက် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန် ကျမ်းညွှန်း

အဋ္ဌသာလိနီအဋ္ဌကထာ - ၁၅၂

သင်္ဂြိုဟ်ဘာသာဋီကာ (ဇွန်လ၊ ၂၀၀၂) - ၁၀၀

အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ) (၂၀၀၃ ခုနှစ်) - ၂၄၂

အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) (ဩဂုတ်လ၊၂၀၁၀) - ၂၂၈

LOKKAPALAhttp://www.blogger.com/profile/09707484741692190246noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-31107873861027030322023-07-10T13:07:00.015+08:002023-07-13T06:08:05.355+08:00စေတသိက်ပိုင်း (အပိုင်း - ၂)
2.3 စေတသိက် (၅၂) ပါး

အညသမာန်းစေတိသက် = ၁၃ ပါး

အကုသိုလ်စေတသိက် = ၁၄ ပါး

သောဘနစေတသိက် = ၂၅ ပါး

အညသမာန်းဟူသည် အညသမာန - ဟူသော ပါဠိကို မြန်မာမှုပြုထားခြင်းဖြစ်၍ အည - အခြားတစ်ဖက်က စိတ်နှင့် + သမာန - တူခြင်းဟု အဓိပ္ပါယ်ရ၏။ အင်္ဂလိပ်လို Common to the other [cittas] ဟု ဘာသာပြန်နိုင်၏။ စိတ်က အကုသိုလ်ဖြစ်လျှင် အညသမာန်းစေတသိက် (၁၃) ပါးက အကုသိုလ်ဖြစ်သွား၍ အကုသိုလ်နှင့် သဘာဝချင်း တူမျှသွား၏။ စိတ်က သောဘနဖြစ်လျှင်လည်း အညသမာန်းစေတသိက်တို့က သောဘန ဖြစ်သွား၍ သောဘနစိတ်တို့နှင့် သဘာဝချင်း တူသွား၏။ ထို့ကြောင့် အညသမာန်းစေတသိက်တို့သည် အကုသိုလ်စိတ်၊ သောဘနစိတ်ဟူသော အကောင်းအဆိုး နှစ်မျိုးလုံးနှင့် ဆက်ဆံသော နှစ်ဖက်ရစေတသိက်များ ဖြစ်ကြ၏။ ဘုန်းကြီးလောကတွင် ဆန့်ကျင်ဘက် အဖွဲ့နှစ်ဖွဲ့လုံးနှင့် အဆင်ပြေအောင် ဆက်ဆံနိုင်သော ဦးဇင်းကို နှစ်ဖက်ရဖြစ်၍ "အညသမာန်းဦးဇင်း" ဟု ခေါ်ဝေါ်သမုတ်ကြသည်။

စိတ် (၈၉) ပါးတို့တွင် အဟိတ်စိတ်များသည် ကုသိုလ်၊ အကုသိုလ်ဟု မဆိုနိုင်သော ကြားနေစိတ်များ ဖြစ်ကြ၏။ အညသမာန်းစေတသိက်တို့သည် ကြားနေဖြစ်သော အဟိတ်စိတ်တို့နှင့်လည်း ယှည်ကြသောကြောင့် သုံးဘက်ရစေတသိက်များဟုပင် ဆိုနိုင်ပါသည်။ (ကုသိုလ် + အကုသိုလ် + အဟိတ်)

အကုသိုလ်စေတသိက် (၁၄) ပါးတို့သည် အဖြူထည်စိတ်ကို ညစ်နွမ်းသွားအောင် လွှမ်းမိုးခြယ်လှယ်ကြ၏။ မကောင်းသော စေတသိက်များဖြစ်၍ အကုသိုလ်စိတ် (၁၂) ပါးတို့၌သာ ယှည်ကြပါသည်။

သောဘနစေတသိက် (၂၅) ပါးတို့ကား အဖြူထည်စိတ်ကို တင့်တယ်ကောင်းမြတ်အောင် လွှမ်းမိုးခြယ်လှယ်ကြသော စေတသိက်များ ဖြစ်ကြ၏။ တင့်တယ်ကောင်းမြတ်သော စေတသိက်များဖြစ်၍ သောဘနစိတ် (၅၉) ပါးတို့၌သာ ထိုက်သည့်အားလျှော်စွာ ယှည်ကြပါသည်။

အညသမာန်းစေတသိက် (၁၃) ပါး

သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇ ပါး

ပကိဏ်းစေတသိက် = ၆ ပါး

သဗ္ဗစိတ္တသာဓာရဏဟူသော ပါဠိကို သဗ္ဗ + စိတ္တ + သာဓာရဏ ဟု သုံးပုဒ်ခွဲနိုင်၏။ အလုံးစုံသော + စိတ်တို့နှင့် + ဆက်ဆံသော (ယှည်သော) စေတသိက်များဟု အဓိပ္ပါယ်ရပါသည်။ ဤစေတသိက်တို့သည် စိတ် (၈၉) ပါးလုံးနှင့် ယှည်သောကြောင့် Universal mental factors ဟု ဘာသာပြန်ဆိုကြခြင်း ဖြစ်၏။ ရုပ်ကလာပ်စည်းတစ်ခုတွင် အနည်းဆုံး အဝိနိဗ္ဘောဂရုပ် (၈) ပါးတို့ စုပေါင်းဖွဲ့စည်း၍ မခွဲမခွါ အတူတကွ ဖြစ်ကြသကဲ့သို့ နာမ်ကလာပ်စည်းတစ်ခုတွင်လည်း အာရုံကို သိကာမျှဖြစ်သောစိတ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတည်းဟူသော နာမ်တရား (၈) ပါးတို့ အတူတကွ ဖြစ်ကြပါသည်။

ပကိဏ်းဟူသည် ပကိဏ္ဏက ဟူသော ပါဠိကို မြန်မာမှုပြုထားခြင်းဖြစ်၍ "ရောရောနှောနှော" ယှည်ကြသော စေတသိက်များဟု အဓိပ္ပါယ်ရ၏။ ၄င်းစေတသိက်တို့သည် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တို့နှင့် ဟိုတချို့သည်တချို့ ရောရောနှောနှော ဆက်ဆံကြသောကြောင့် ပကိဏ်းဟု ခေါ်ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဤစေတသိက်တို့သည် အကောင်းအဆိုး (ကုသိုလ်၊ အကုသိုလ်) နှစ်မျိုးလုံး ဖြစ်နိုင်ကြသော စေတသိက်များ ဖြစ်ကြပေသည်။

သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇ ပါး

ဖဿစေတသိက်

ဝေဒနာစေတသိက်

သညာစေတသိက်

စေတနာစေတသိက်

ဧကဂ္ဂတာစေတသိက်

ဇီဝိတိန္ဒြေစေတသိက်

မနသိကာရစေတသိက်

2.4 ဖဿစေတသိက်

အာရုံကို "တွေ့ထိမှု" သဘောသည် ဖဿဖြစ်၏။ ဖဿသည် အာရုံနှင့်စိတ်တို့ တွေ့ဆုံကြရန် မိတ်ဆက်ပေးသော စေတသိက်ဖြစ်ပါသည်။ ဒွါရ (၆) ပါးတို့၌ အာရုံခြောက်ပါး ထင်လာခြင်း၊ ထိတွေ့မှုဖြစ်ခြင်းကိုပင် ဖဿဟု ခေါ်ခြင်း ဖြစ်၏။ ဖဿ၏ သဘောကို သုတ္တန်များစွာတို့၌ လာရှိသော အောက်ပါပါဠိဖြင့် နားလည်နိုင်ပါသည်။

စက္ခုဥ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော။ (ဆဆက္ကသုတ္တန်၊ မ၊၃၊၃၂၉)

စက္ခုဥ္စ = စက္ခုပသာဒရုပ်ဟုဆိုအပ်သော မျက်စိကိုလည်းကောင်း၊ ရူပေ စ - မြင်စရာ ရူပါရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ - အကြောင်းပြု၍၊ စက္ခုဝိညာဏံ - မြင်သိစိတ် စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်လာ၏။ တိဏ္ဏံ - စက္ခုပသာဒ၊ ရူပါရုံ၊ စက္ခုဝိညာဏ် သုံးခုတို့၏၊ သင်္ဂတိ - ပေါင်းစုံမိခြင်းသည် (ဝါ) ထိတွေ့မှုသည်၊ ဖဿော - ဖဿမည်၏။

စက္ခုပသာဒရုပ် (မျက်စိ) နှင့် ရူပရုပ် (ရူပါရုံ) ဟူသော ရုပ်နှစ်ခု ထိတွေ့မှု (ဖဿစေတသိက်) ကြောင့် စက္ခုဝိညာဏ်စိတ်ကလေး ပေါ်လာခြင်းဖြစ်၏။ သာမှန်အားဖြင့်ကြည့်လျှင် ဖဿစေတသိက်နှင့် စက္ခုဝိညာဏ်စိတ်တို့သည် တစ်ခုပြီးမှ တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေ၏။ အမှန်အားဖြင့် စက္ခုပသာဒရုပ်နှင့် ရူပရုပ်တို့ ထိတွေ့မှု ဖြစ်လျှင်ဖြစ်ခြင်း စက္ခုဝိညာဏ်စိတ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတည်းဟူသော နာမ်တရား (၈) ပါးလုံး တပြိုင်တည်း ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေသည်။

ဤ၌ "တွေ့ထိခြင်း" ဟူသည် လက်နှစ်ဖက် အချင်းချင်း ထိခြင်း၊ ကြမ်းပြင်ပေါ် ထိုင်နေသောသူ၏ ခန္ဓာကိုယ်နှင့်ကြမ်းပြင် ထိခြင်းကဲ့သို့ ရုပ်တရားနှစ်ခု ထိတွေ့ခြင်းမျိုးမဟုတ်။ ရုပ်တရားနှစ်ခု ထိတွေ့တိုင်း ဖဿစေတသိက် မပေါ်နိုင်ပေ။ ဖဿစေတသိက်သည် နာမ်တရားဖြစ်၏။ ရုပ်တရားနှစ်ခု ထိတွေ့မှုဖြစ်ချိန် နှလုံးသွင်းမှု (မနသိကာရစေ) ရှိပါမှ စိတ်ဖြင့်ထိတွေ့မှုဟူသော ဖဿစေတသိက် ပေါ်လာနိုင်ပါသည်။ ဤအကြောင်းကို နားလည်ရန် ဥပမာအချို့ဖြင့် ရှင်းပြလိုပါသည်။

အိမ်ပေါက်ဝတွင်ထိုင်၍ စိတ်ညစ်စရာများတွေးကာ ငေးမောနေသော အမျိုးသမီးက သူ့အမျိုးသား ဝင်လာသည်ကို မမြင်ရသည့် အခိုက်အတန့်များ ရှိတတ်၏။ အမျိုးသား၏ပုံရိပ် (ရူပရုပ်) က မျက်လုံးအိမ် (စက္ခုပသာဒရုပ်) တွင် ထင်လာသော်လည်း မနသိကာရဟူသော နှလုံးသွင်းမှု မရှိသောကြောင့် မမြင်ခြင်း ဖြစ်၏။ မနသိကာရသည် စက္ခုဝိညာဏ်စိတ်နှင့် ဖဿစေတသိက်တို့ ဖြစ်ပေါ်ဖို့ရာ အရေးကြီးသော အင်္ဂါရပ် ဖြစ်၍ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတွင် ပါဝင်သော စေတသိက်တစ်ပါး ဖြစ်ပါသည်။ "သတိမမူ ဂူမမြင်" ဟူသော ဆိုရိုးစကားမှာ မျက်စိနှင့် မြင်စရာအာရုံဟူသော ရုပ်တရားနှစ်ခု ပေါင်းစုံမိသော်လည်း နှလုံးသွင်မှုမရှိလျှင် ဖဿစေတသိက် မဖြစ်နိုင်ကြောင်း ထင်ရှားစေသော စကား ဖြစ်၏။

အမေက အော်ကြီးဟစ်ကျယ် အော်ခေါ်နေသော်လည်း စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှု့နေသောသမီးက ခေါ်မကြားအော်မကြား အခိုက်အတန့်များ ရှိတတ်၏။ အသံ (သဒ္ဒရုပ်) က နား (သောတပသာဒရုပ်) ၌ လာရိုက်ခတ်သော်လည်း နှလုံးသွင်းမှု (မနသိကာရ) မရှိသောကြောင့် သောတဝိညာဏ်စိတ်နှင့် ဖဿစေတသိက်တို့ မဖြစ်ပေါ်နိုင်ခြင်း ဖြစ်၏။

ကျမ်းဂန်တို့၌ ဖဿစေတသိက်၏ သဘောကို အချဥ်သီးကို စားသူကိုမြင်၍ သွားရည်ကျခြင်းဥပမာဖြင့် ရှင်းပြကြပါသည်။ ချဥ်စူးနေသော သံပုရာသီးကို စားနေသူကို မြင်ရသောအခါ ကိုယ်တိုင်မစားရသော်လည်း သွားရည်ကျလာတတ်၏။ ထိုသို့သွားရည်ကျခြင်းမှာ စက္ခုပသာဒ (မျက်စိ) ၌ သံပုရာသီးဟူသော ရူပါရုံ ထင်လာချိန် စိတ်ဖြင့်ထိတွေ့မှု (ဖဿစေတသိက်) ၏ သဘော ထင်ရှားခြင်းကြောင့် ဖြစ်ပါသည်။ ခြင်္သေ့၊ ကျားစသော သားကောင်ကြီးများက သမင်၊ ယုန်စသော သားကောင်ငယ်လေးများကို အရှိန်ဖြင့် ပြေးလိုက်နေသည်ကို မြင်ရလျှင် ကိုယ်တိုင်ပြေးနေရသကဲ့သို့ မောဟိုက်လာတတ်၏။ ဤသည်မှာလည်း ဖဿစေတသိက်၏ အစွမ်းပင် ဖြစ်ပေသည်။

LOKKAPALAhttp://www.blogger.com/profile/09707484741692190246noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-52614489119241585842023-07-09T15:51:00.003+08:002023-07-13T06:08:14.775+08:00စေတသိက်ပိုင်း (အပိုင်း - ၁)

စေတသိက်ပိုင်း၌ စေတသိက် (၅၂) ပါးတို့ကို အဓိကပြဆို၍ စိတ်နှင့် စေတသိက်တို့ အတူယှည်တွဲဖြစ်ပုံကိုလည်း နည်းနှစ်နည်းဖြင့် ရှင်းလင်းထားပါသည်။

2.1 စေတသိက်ဟူသည်

စေတသိက်ဟူသည် "စေတသိက" ဟူသောပါဠိကို မြန်မာမှုပြုထားသည့် ပါဠိသက်ဝေါဟာရ ဖြစ်၏။ "စိတ်နှင့်ယှည်သော တရားများ" (စေတောယုတ္တာ) ဟု အဓိပ္ပါယ်ရ၏။ [ပရမတ္ထဒီပနီ၌ စေတသိ ယုတ္တာ စေတသိကာဟု ဖွင့်၏။ စိတ်၌ယှည်သော တရားများဟု အဓိပ္ပါယ်ရ၏။] စေတသိက်တို့သည် စိတ်နှင့်ယှည်၍ စိတ်ကို ခြယ်လှယ်တတ်သော သဘာဝတရားများ ဖြစ်ကြ၏။ စိတ်ဖြစ်ပုံ၊ စိတ်အလုပ်လုပ်ပုံ (Mental functions) ကိုပင် စေတသိက်ဟု ခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူ့သဘောလူ့မနောကို ရှင်းရှင်းလင်းလင်း သိမြင်လိုလျှင် စေတသိက်တို့ကို စေ့ငုသေချာ လေ့လာသင့်ပေသည်။

စေတသိက်တို့က စိတ်ကို ခြယ်လှယ်ပုံကို မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားထား၏။

"ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဥ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။" (အံ၊၁၊၉)။ "ရဟန်းတို့ ဤစိတ်သည် ပြိုးပြိုးပြက်ပြက်ထွက်သော အရောင်ရှိ၏ (ဝါ) ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏။ ထိုစိတ်သည်ပင် ဧည့်သည်ဖြစ်ကုန်သော (လောဘ၊ ဒေါသစသော) အညစ်အကြေးတို့ကြောင့် ညစ်နွမ်းရ၏။" လောဘ၊ ဒေါသတို့သည် စိတ်ကို ညစ်နွမ်းသွားအောင် လွှမ်းမိုးခြယ်လှယ်လိုက်သည့် စေတသိက်များ ဖြစ်ကြ၏။

စိတ်ကို အရောင်မရှိသော ရေနှင့်ဥပမာပေး၍ စေတသိက်များကို ဆိုးဆေးအရောင်ဖြင့် တင်စားကြပါသည်။ ရေသည် သန့်ရှင်းစင်ကြယ်၏။ ထိုရေထဲသို့ အနက်ရောင်ဆိုးဆေး ထည့်လိုက်လျှင် ရေသည် အနက်ရောင် ပြောင်းသွား၏၊ အဖြူရောင်ဆိုးဆေးထည့်လိုက်လျှင် ရေသည် အဖြူရောင် ပြောင်းသွားမည် ဖြစ်သည်။ ထိုနည်းတူစွာပင် စိတ်သည် အာရုံကို သိခြင်းမျှသာဖြစ်၍ ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏။ စေတသိက်တို့က လွှမ်းမိုးခြယ်လှယ်လိုက်သည့်အတွက် စိတ်က မကောင်းသောစိတ် (အကုသိုလ်စိတ်)၊ ကောင်းသောစိတ် (ကုသိုလ်စိတ်) အဖြစ် အရောင်ပြောင်းသွားခြင်း ဖြစ်၏။ မကောင်းသော စေတသိက်တို့ အခြယ်လှယ်ခံရသော စိတ်က အကုသိုလ်စိတ် ဖြစ်သွား၍ ကောင်းသော စေတသိက်တို့ လွှမ်းမိုးခံရသောစိတ်က ကုသိုလ်စိတ် ဖြစ်သွား၏။ ဤသဘောကို မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ကဗျာသီးကုံး၍ ပြဆိုခဲ့ပါသည်။

စိတ်၏ တံထွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိယုံမျှ၊ ဖုံဖုံ ကောင်း ဆိုး၊ မကွဲရိုးတည်း။ တစ်မျိုးတွဲဖက်၊ စေတသိက်တွက်ကြောင့်၊ သက်သက်ဆိုးကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ်၊ ကောင်းလည်း စိတ်ဟု၊ ခွဲကြိတ်စမြဲ၊ ဥဒါန်းကဲသည်၊ စိတ်လည်း စေတသိက်ကြောင့်သာကိုး။ (ကိုယ်ကျင့်အဘိဓမ္မာ - နှာ - ၁၂)

2.2 စေတသိက်လက္ခဏာ (၄) ပါး

စိတ်နှင့် စေတသိက်တို့သည် အညမညသဘောအားဖြင့် အချင်းချင်း ဆက်စပ်နေကြ၏။ ၎င်းတို့၏ ဆက်စပ်မှုကို နားလည်ရန်အတွက် စေတသိက်လက္ခဏာလေးပါးကို သိဖို့ လိုအပ်ပါသည်။

ဧကုပ္ပါဒ = စိတ်နှင့်အတူဖြစ်ခြင်း

ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း

ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း

ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း

၁။ ဧကုပ္ပါဒ (ဧက + ဥပ္ပါဒ) = စိတ်နှင့်အတူဖြစ်ခြင်း

စိတ်ဖြစ်လျှင် စေတသိက်ပါ တပြိုင်နက် အတူဖြစ်၏။ စိတ်ဖြစ်ပြီးမှ စေတသိက်ဖြစ်ခြင်းမဟုတ်သလို စေတသိက်ဖြစ်ပြီးမှ စိတ်ပေါ်လာခြင်းလည်း မဟုတ်ပေ။

၂။ ဧကနိရောဓ (ဧက + နိရောဓ) = စိတ်နှင့်အတူချုပ်ခြင်း (စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့ကို ကန့်သတ်၏)

ဧကနိရောဓလက္ခဏာဖြင့် စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့ကို ကန့်သတ်လိုက်ခြင်း ဖြစ်၏။ စိတ်နှင့် စေတသိက်တို့သည် ဥပါဒ် (ဖြစ်ခြင်း)၊ ဌီ (ခဏတည်တံ့နေခြင်း)၊ ဘင် (ချုပ်သွားခြင်း) ဟူသော ခဏငယ်သုံးချက် အသက်ရှည်၏။ ထိုခဏငယ်သုံးချက်ကိုပင် "စိတ္တက္ခဏတစ်ချက်" ဟုခေါ်၍ ထိုစိတ္တက္ခဏတစ်ချက်ကာလသည်ပင် စိတ်၊ စေတသိက်တို့၏ သက်တမ်းဖြစ်၏။ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်နှင့် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့သည် စိတ်နှင့် အတူဖြစ်ခြင်း (ဧကုပ္ပါဒ) သဘောရှိသော်လည်း စိတ်နှင့်အတူ မချုပ်သေးဘဲ စိတ္တက္ခဏ (၁၇) ချက်ကြာမှ ချုပ်၏။ စိတ်နှင့်စေတသိက်တို့က အတူချုပ်သွားသော်လည်း ၎င်းတို့နှင့် အတူဖြစ်ခဲ့သော စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့က မချုပ်သေးဘဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် ထိုရုပ်တရားတို့သည် စိတ်နှင့်အတူချုပ်ခြင်းဟူသော ဧကနိရောဓလက္ခဏာ မရှိပေ။

၃။ ဧကာလမ္ဗဏ (ဧက + အာလမ္ဗဏ/ အာရမ္မဏ)= စိတ်နှင့်တူသော အာရုံရှိခြင်း (ဝိညတ်ဒွေကို ကန့်သတ်၏)

စိတ်က မြင်စရာအာရုံ (ရူပါရုံ) ကို အာရုံယူလျှင် စေတသိက်ကလည်း ရူပါရုံကိုပင် အာရုံယူ၏။ စိတ်က အသံအာရုံ (သဒ္ဒါရုံ) ကို အာရုံပြုလျှင် စေတသိက်ကလည်း သဒ္ဒါရုံကိုပင် အာရုံပြု၏။ အာရုံခြောက်ပါး တစ်ပါးပါးအနက် စိတ်က ယူသောအာရုံကို စေတသိက်ကယူ၏။ ထို့ကြောင့် စိတ်နှင့် စေတသိက်တို့သည် အချိန်တိုင်း ယူသောအာရုံ တူကြပါသည်။

ဧကာလမ္ဗဏလက္ခဏာဖြင့် ကာယဝိညတ်၊ ဝစီဝိညတ်ဟူသော ဝိညာတ်ဒွေကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ ရုပ် (၂၈) ပါးတို့တွင် စိတ်သို့အစဉ်လိုက်၍ ဖြစ်သောတရားများ (စိတ္တာနုပရိဝတ္တိနော ဓမ္မာ) တွင် ပါဝင်သော ဝိညတ်ဒွေသည် စိတ်နှင့်အတူဖြစ်၍ စိတ်နှင့်အတူချုပ်သွားကြ၏။ စိတ်နှင့် စေတသိက်တို့သည် နာမ်တရားဖြစ်၍ အာရုံကို သိတတ်သောသဘောရှိ၏။ ဝိညတ်ဒွေသည် ရုပ်ဖြစ်၍ အာရုံကို သိတတ်သော သဘောမရှိပေ။ ထို့ကြောင့် ဧကာလမ္ဗဏဟူသော လက္ခဏာဖြင့် ဝိညတ်ဒွေ ရုပ်နှစ်ပါးကို ကန့်သတ်လိုက်ခြင်း ဖြစ်၏။

၄။ ဧကဝတ္ထုက (ဧက + ဝတ္ထု + က) = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း

စိတ်က မျက်စိဟူသော မှီရာ (စက္ခုဝတ္ထု) ကို မှီ၍ ပေါ်လျှင် စေတသိက်ကလည်း စက္ခုဝတ္ထုကိုပင် မှီ၍ ပေါ်လာ၏။ စိတ်က နားဟူသော မှီရာ (သောတဝတ္ထု) ကို မှီ၍ ဖြစ်ပေါ်လာလျှင် စေတသိက်ကလည်း သောတဝတ္ထုကိုပင် မှီ၍ ဖြစ်ပေါ်လာ၏။ ဝတ္ထုရုပ်ခြောက်ပါးအနက် စိတ်မှီသော မှီရာဝတ္ထုကို စေတသိက်က မှီ၏။ ဤသို့ဖြင့် စိတ်နှင့် စေတသိက်တို့သည် မှီရာဝတ္ထုအားဖြင့် အမြဲ တူကြခြင်းဖြစ်ပါသည်။

စိတ်နှင့် စေတသိက်တို့၏ စပ်ဆက်မှုသဘောကို ရှေးကဆိုခဲ့သော လက္ခဏာသုံးပါးဖြင့် ပြလျှင် လုံလောက်သော်လည်း ရှေ့လက္ခဏာသုံးရပ်နှင့် ညီညွတ်သောတရားတို့သည် မှီရာဝတ္ထုလည်း အမြဲတူကြတော့သည်ဟု သိစေလိုကြောင့် "ဧကဝတ္ထုက" လက္ခဏာကို ထပ်မံ ပြဆိုခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် စတုဝေါကာရဘုံ (နာမ်ခန္ဓာလေးပါးသာရှိသော အရူပလေးဘုံ) ၌ ဧကဝတ္ထုကလက္ခဏာ မရနိုင်သောကြောင့် အများဆိုင်လက္ခဏာသုံးပါးကို အရင်ဆို၍ ပဥ္စဝေါကာရဘုံ (အရူပလေးဘုံ၊ အသညသတ်ဘုံမှတစ်ပါး ကျန်ဘုံများ) တို့သာ၌ ဖြစ်နိုင်သော ဧကဝတ္ထုကလက္ခဏာကို နောက်မှ ဆိုခြင်း ဖြစ်၏။

စေတသိက်လက္ခဏာ (၄) ပါးတို့ကို သေချာလေ့လာပါက စိတ် (consciousness) နှင့် စေတသိက် (mental factors) တို့သည် တစ်ခုတည်းဖြစ်၍ အများပြောဆိုနေကြသည့် စိတ် (mind) ပင် ဖြစ်၏။ အဘိဓမ္မာ၌ အများနားလည်အောင် ရှင်းလင်းရာ၌ လွယ်ကူစေရန် နှစ်ခု ခွဲထားခြင်း ဖြစ်ပါသည်။

LOKKAPALAhttp://www.blogger.com/profile/09707484741692190246noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-70460322567358902492015-09-25T17:57:00.005+08:002023-07-12T19:17:42.493+08:00တဏှာ (၃) မျိုး တရားတော်
တဏှာဆိုတာ မြင်စရာအာရုံ၊ ကြားစရာအာရုံ စတဲ့ အာရုံတွေမှာ ငြိတွယ်ပြီးတော့ စွဲလန်းနေတာ၊ တပ်မက်နေတာ ဖြစ်တယ်။ သစ္စာလေးပါးမှာ သမုဒယသစ္စာအရ တဏှာကို ယူရတယ်။ ဆိုတော့ တဏှာဆိုတာ ဒုက္ခ အစုစုရဲ့ အကြောင်းရင်း တရားခံပဲ။ ဒါ့ကြောင့် တဏှာအကြောင်း ကောင်းကောင်း သိသင့်တယ်။ တဏှာ ပါးရင်ပါးသလောက် ဒုက္ခတွေ၊ ပြဿနာတွေက နည်းနည်းချင်း ပါးပါးသွားလိမ့်မယ်။ တဏှာနိရောဓော နိဗ္ဗာနံ ဆိုတဲ့အတိုင်း တဏှာကုန်ရင် နိဗ္ဗာန် ရလိမ့်မယ်။

အဲဒီတဏှာကုန်ဖို့အတွက် လုပ်ရမှာက ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ ဆိုတဲ့ အတိုင်း တစ်ကြောင်းတည်းသော လမ်းပဲ ရှိတယ်။ အဲဒါက သတိဦးဆောင်တဲ့ မဂ္ဂင်ရှစ်ပါးပါပဲ။

အာရုံအနေနဲ့ ပြောရင် အာရုံခြောက်ပါးရှိတဲ့အတွက် တဏှာကလည်း (၆) မျိုး ရှိတယ်။ ဖြစ်ပုံ အခြင်းအရာ အနေနဲ့ ပြောရင်တော့ (၃) ပါးပဲ ရှိပါတယ်။

၁။ ကာမတဏှာ

ကာမတဏှာကို အဋ္ဌကထာတွေက နှစ်မျိုး ဖွင့်ကြတယ်။

နံပါတ် (၁) အဓိပ္ပါယ်က ကာမတဏှာဆိုတာ ကာမာဝစရ (၁၁) ဘုံကို စွဲလန်းတပ်မက်နေတာ။ သတ္တဝါတွေဆိုတာ ကိုယ်ဖြစ်နေတဲ့ ဘုံဘဝလေးတွေမှာ စွဲလန်း နေတတ်ကြတယ်။ တွယ်တာ နေတတ်ကြတယ်။

ကာမာဝစရ (၁၁) ဘုံမှာ လူ့ဘုံနဲ့ နတ်ပြည် (၆) ထပ်ကတော့ စွဲလန်းစရာ ကောင်းတာ မှန်တယ်။ တိရစ္ဆာန်လေးတွေကလည်း သူတို့ဘဝနဲ့ သူတို့ ကျေနပ် ပျော်ရွှင်နေကြတာပဲ။ အပါယ်လေးဘုံမှာ အထူးသဖြင့် ငရဲပြည်မှာ ဖြစ်ပြီ ဆိုရင်တော့ ကိုယ်ဖြစ်နေတဲ့ ငရဲ့ဘုံမှာ တွယ်တာမှု ဘယ်ရှိမှာလဲ။ ငရဲပြည်ကနေ ကျွတ်ချင် လွတ်ချင်တဲ့ စိတ်တွေ ပေါ်နေမှာပေါ့။ ကိုယ်ဖြစ်နေတဲ့ ဘုံမှာ မကြိုက်တဲ့ ဒေါသကိလေသာ နောက်က လိုက်လာတဲ့ ကျွတ်ချင်လွတ်ချင်တဲ့စိတ်၊ အခြားတစ်နေရာကို ရောက်ချင်နေတဲ့ စိတ်ကလေးက တဏှာပါပဲ။

ကာမတဏှာရဲ့ နံပါတ် (၂) အဓိပ္ပါယ်က မိမိ တွေ့ကြုံ ခံစားနေရတဲ့ အာရုံ (၆) ပါး တစ်ပါးပါးမှာ ငြိတွယ် စွဲလန်းနေတဲ့ သဘောပဲ။ အဲဒါကြောင့် သံယုတ်ပါဠိတော် မက္ကဋသုတ်မှာ မြတ်စွာဘုရားက တဏှာကို မျောက်နှဲစေး (ကော်) နဲ့ ခိုင်းနှိုင်းခဲ့တာ။ ကော်က ထိတဲ့အရာကို ကပ်ထားသလို သတ္တဝါတွေရဲ့ စိတ်ကလည်း အာရုံခြောက်ပါး တစ်ပါးပါးမှာ သွားကပ်နေတတ်တယ်။ ကာမတဏှာနဲ့ စွဲလန်း တပ်မက်တဲ့အခါမှာ အခြားအမြင်တွေ မရောယှက်တဲ့ စွဲလန်းတပ်မက်မှု သက်သက် ဖြစ်တယ်။

၂။ ဘဝတဏှာ

ဘဝတဏှာကိုလည်း အဋ္ဌကထာက နှစ်မျိုး ဖွင့်ပြတယ်။

နံပါတ် (၁) အဓိပ္ပါယ်က ရူပါဝစရ (၁၆) ဘုံ၊ အရူပါဝစရ (၄) ဘုံ၊ တစ်နည်းအားဖြင့် ပြောရင် ရူပါဝစရဈာန်၊ အရူပါဝစရဈာန်တွေကို စွဲလန်းတပ်မက်နေတာကို ပြောတာပါ။ သူက နည်းနည်း အဆင့်မြင့်လာတယ်။ ရူပါရုံစတဲ့ အာရုံငါးပါးနဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကို မစွဲလန်းတော့ဘူး။ မကြိုက်တော့ဘူး။ စိတ်နဲ့လည်း ကာမဂုဏ် အာရုံတွေအကြောင်းကို တွေးတောမနေတော့ဘူး။ စိတ်နဲ့ပဲ ခံစားလို့ ရတဲ့ နီဝရဏကင်းတဲ့ ဈာန်တရားတွေမှာ ငြိတွယ် စွဲလန်းနေတာ။ အနာဂါမ်တွေတောင် ဒီတဏှာ ရှိသေးတယ်။

ဘဝတဏှာရဲ့ နောက်အဓိပ္ပါယ်တစ်မျိုးက ကိုယ်တွေ့ကြုံ ခံစားနေရတဲ့ အာရုံဟာ မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိ အမြင်နဲ့ စွဲလန်းတပ်မက်နေတာ။ ကိုယ်ကြိုက်တဲ့ အာရုံ၊ ကိုယ်သဘောကျတဲ့ ခံစားမှုတွေမှာ ငြိတွယ် စွဲလန်းနေတဲ့ တဏှာသဘော ဖြစ်တတ်တာ သဘာဝပဲ။

လူဆိုတာက ကိုယ်ကြိုက်တဲ့ အရာလေးတွေဆိုရင် မပြတ်မဆဲ အမြဲ တည်ရှိနေစေချင်တာကြတာပဲ။ ကိုယ်သဘောကျတဲ့ အာရုံကို စွဲလန်းနေတဲ့ အချိန်မှာ ဒါလေးက အမြဲတည်ရှိနေတယ်၊ အမြဲတည်တံ့နေမှာပဲ ဆိုတဲ့ မှားယွင်းတဲ့အမြင် (မိစ္ဆာဒိဋ္ဌိ)နဲ့ အတူတူ ဖြစ်တာ။ ဝိသုဒ္ဓိမဂ် (၂၊၂၀၂) မှာတော့ သဿဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဘဝတဏှာတိ ဝုစ္စတိ လို့ ဆိုထားတယ်။ ကိုယ်က မြဲတယ်လို့ ထင်ထားပေမဲ့ အနိစ္စသဘောနဲ့ ပျက်စီးသွားရင် ဒုက္ခ လှလှ ရောက်တော့တာပဲ။ အဲဒါကြောင့် တဏှာက ဒုက္ခရဲ့ ဇစ်မြစ်လို့ ဟောခဲ့တာ။

၃။ ဝိဘဝတဏှာ

ဝိဘဝတဏှာကိုလည်း အဋ္ဌကထာတွေက ပြောတဲ့အတိုင်း အဓိပ္ပါယ်နှစ်မျိုးနဲ့ မှတ်ရမယ်။ ပထမအဓိပ္ပါယ်က လက်ရှိ ရနေတဲ့ ဘဝကို ပြတ်ဆဲစေလိုတာ၊ မလိုချင်တော့တာ။ ဒါကလည်း တဏှာ တစ်မျိုးပဲ။ လက်ရှိဘဝကို မလိုချင်တာက ဘဝကို တွယ်တာတဲ့ တဏှာအစစ် မရှိလို့ မဟုတ်ဘူး။ လက်ရှိ ဘဝကို မနှစ်မြို့တဲ့ ဒေါသ၊ မကြိုက်တဲ့ အာဃာတတွေကြောင့် ဒီထက်ကောင်းတဲ့ အနေအထားကို လိုချင်တာ။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တဲ့ တဏှာပေါ့။

မြတ်စွာဘုရားက "ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော၊ သော အနုသေတိ" လို့ ဟောခဲ့တာ။ ဒုက္ခဝေဒနာရဲ့ နောက်မှာ ပဋိဃ (မကြိုက်မနှစ်သက်မှု) ဆိုတဲ့ ကိလေသာက ကိန်းနေတတ်တယ်။ ဝိသုဒ္ဓိမဂ် (၂၊၂၀၃) မှာတော့ "'ဒုက္ခီ သုခံ ပတ္ထယတိ" လို့ ဆိုထားတယ်။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်က ချမ်းသာကို တောင်းတတယ်တဲ့။ လက်ရှိ ဖြစ်နေတဲ့ ပစ္စုပ္ပန်ကို မေ့ထားပြီး မရောက်သေးတဲ့ အနာဂတ်ကို မျှော်မှန်း တမ်းတနေတာ။ အဲဒါက တဏှာရဲ့ သဘောပါပဲ။

ဝိဘဝတဏှာရဲ့ ဒုတိယအဓိပ္ပါယ်က ပိုပြီး သိဖို့ ကောင်းတယ်။ ကိုယ် တွေ့ကြုံ ခံစားနေရတဲ့ အာရုံကို ပြတ်ဆဲစေလိုတာ။ အဲဒါက ဥစ္ဆေဒဒိဋ္ဌိ အမြင်နဲ့ စွဲလန်းတာပဲ။ အထူးသဖြင့် ကိုယ် သဘောမကျတဲ့ အာရုံ၊ ကိုယ်မကြိုက်တဲ့ ခံစားမှုတွေဆိုရင် ပြတ်ဆဲစေလိုတဲ့ စိတ်၊ ပြီးသွားစေလိုတဲ့ စိတ်ကလေး ပေါ်လာတတ်တယ်။ ကိုယ့်အလုပ်ကို ကိုယ်သဘောမကျတာ၊ ကိုယ့်အနေအထားကို ကိုယ်မကျေနပ်တာတွေက ဝိဘဝတဏှာရဲ့ သဘောတွေပဲ။

ကိုယ် လက်ရှိ တွေ့ကြုံနေရတဲ့ ဘဝကို မကြိုက်ရင် ပဋိဃဆိုတဲ့ ဒေါသကိလေသာ နောက်က လိုက်လာပြီ။ ဒုက္ခဝေဒနာရဲ့ နောက်မှာ ပဋိဃဆိုတဲ့ ဒေါသကိလေသာ မသိမသာ ကိန်းနေတတ်တဲ့ သဘောပဲ။ အဲဒါဆိုရင်တော့ ပြတ်ဆဲစေလိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အမြင် ပါလာပြီ။ အာရုံတွေရဲ့ သဘောက အနိစ္စ (မမြဲခြင်း) သဘောတော့ ရှိတာပဲ။ ဒါပေမဲ့ ကိုယ်က မကောင်းတာ လုပ်ထားပြီဆိုရင် အဲဒီမကောင်းတဲ့ အာရုံတွေက တော်တော်နဲ့ မပြီးနိုင်ဘူး။ တစ်ခုပြီး တစ်ခု ထပ်ထပ် ဖြစ်နေတော့တာပဲ။ အဲဒီအချိန်မှာ အာရုံတွေ၊ ဒုက္ခဝေဒနာတွေကို ပြတ်ဆဲစေချင်တဲ့ ဥစ္ဆေဒဒိဋ္ဌိ သဘောက ဝင်လာရော။ ဒါဆိုရင် တစ်ပူပေါ် နှစ်ပူဆင့်တော့တာပေါ့။

ပုထုဇဉ်နဲ့ အရိယာပုဂ္ဂိုလ်တွေ ကွာတာက ပုထုဇဉ်တွေက ကာယိကဝေဒနာကိုရော စေတသိကဝေဒနာကိုရော နှစ်မျိုးလုံး ခံစားတယ်။ အရိယာပုဂ္ဂိုလ်တွေကတော့ ကာယိကဝေဒနာကိုပဲ ခံစားရတယ်။ သတိဆိုတဲ့ အထိန်းအကွပ်နဲ့ နေတော့ စေတသိကဝေဒနာက နောက်က လိုက်မလာနိုင်တော့ဘူး။

ဝေဒနာသံယုတ်၊ ဂေလညသုတ်မှာ မြတ်စွာဘုရားက မကျန်းမမာ ဖြစ်နေတဲ့ ဂိလာနရဟန်းဆောင်ကို သွားပြီး ဟောခဲ့တာလေး ရှိတယ်။ အဲဒီသုတ်ထဲမှာ ဒုက္ခဝေဒနာဟာ ခန္ဓာကိုယ်ကြီးကို မှီပြီး ဖြစ်ပေါ်လာတယ်။ ခန္ဓာကိုယ်ကြီးဆိုတာ အနိစ္စသဘော ရှိတယ်။ ခန္ဓာကိုယ်ကို မှီပြီး ဖြစ်တဲ့ ဒီဒုက္ခဝေဒနာကလည်း အနိစ္စသဘောပဲဆိုပြီး ဟောခဲ့တယ်။ ဒီတရားသဘောကို နားလည်ရင်တော့ ဝိဘဝတဏှာကို ပယ်ဖျောက်နိုင်မယ်။ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဖြေဆေး ပေးထားတယ်။ အဲဒါက သတိပဋ္ဌာန်တရားလေးပါးကို ပွားများဖို့ပါပဲ။ အဲဒီသုတ်မှာ ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဆိုတဲ့ ဝေဒနာ သုံးမျိုးလုံးက အနိစ္စပဲလို့ ဟောထားတယ်။

လူတွေက ချမ်းသာတာ၊ အဆင်ပြေနေတာကိုမှ အနိစ္စလို့ ထင်နေတတ်ကြတယ်။ ဆင်းရဲတာ၊ အဆင်မပြေတာတွေကလည်း အနိစ္စပဲလို့ သဘောပေါက်ရမယ်။ အောင်မြင်တာ၊ ချမ်းသာတာ၊ ကျော်ကြားတာတွေ အားလုံးက အနိစ္စပဲ။ အနိစ္စသဘောနဲ့ ခဏဖြစ်ပြီး ခဏခဏပျက်ပျက်သွားတဲ့ အောင်မြင်မှု၊ ချမ်းသာမှု၊ ကျော်ကြားမှုတွေကို ခဏခဏ ဖြစ်နေအောင် လုပ်ရင် ကိုယ့်ရဲ့ အောင်မြင်မှု စတာတွေက ကြာရှည်ခံမှာပဲ။

(၂၄၊ ၉၊ ၂၀၁၅) ရက်နေ့က ဟောခဲ့တဲ့ "တဏှာသုံးပါး" ဆိုတဲ့ တရားကို အနှစ်ချုပ်ပြီး ရေးထားတာပါ။ တရားပွဲကို လာရောက်နာယူကြတဲ့ ဆွေတော်မျိုးတော်များကို ကျေးဇူးအထူးတင်ပါတယ်။

Photos by Mingalamaungme

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-43182060244994457162015-08-08T22:05:00.005+08:002023-07-10T17:03:44.776+08:00ဆွမ်းခံခြင်း (ALMS GATHERING)

ဆွမ်းခံခြင်း (ပိဏ္ဍပါတ) ဆိုတာ ဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ ဘိက္ခုနီမများ ဆွမ်းရရှိဖို့ အလှူခံနည်း တစ်မျိုးဖြစ်ပါတယ်။ ဆွမ်းခံတာဟာ တောင်းစားတာနဲ့ ကွာခြားပါတယ်။ သူတောင်းစား တစ်ယောက်က တစ်ခုခု ရဖို့ နှုတ်နဲ့ တောင်းပြီး မေတ္တာရပ်ခံတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ ဘိက္ခုနီမများကတော့ ဖြစ်နိုင်ချေရှိတဲ့ အိမ်တွေရဲ့ ရှေ့မှာ ခေတ္တခဏ ငြိမ်သက်စွာ ရပ်တယ်။ အလှူခံပြီးတဲ့အခါ အခြားနေရာကို ဆက်လက် ထွက်ခွါသွားပါတယ်။

မဟာဝတ္ထုကျမ်း (Mahāvastu) မှာ “ပညာရှိရဟန်းကား မည်သည့်အရာကိုမျှ အလှူမခံ၊ သူတော်ကောင်း ရဟန်းကား သူ့လိုအပ်ချက်ကိုပင် အရိပ်အရောင် မပြ၊ အိမ်ရှေ့တွင် မတ်တပ်ရပ်၍ သပိတ်ကိုသာ လှစ်ပြ၏။ ဤသည်ကား သူတော်မြတ်တို့ ဆွမ်းခံနည်းတည်း” လို့ ဆိုထားပါတယ်။

သပိတ် (ပတ္တ) ဟာ ပရိက္ခရာရှစ်ပါး (requisites) မှာ တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ ဆွမ်းခံရာမှာ အသုံးပြီး အဲဒီသပိတ်နဲ့ပဲ ဆွမ်းစားကြပါတယ်။ ဆွမ်းခံခြင်းဓလေ့ဟာ သီရိလင်္ကာနိုင်ငံမှာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားပြီး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာတော့ တွင်တွင်ကျယ်ကျယ် ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

သပိတ်မှောက်ခြင်း - ပတ္တနိက္ကုဇ္ဇန (Turning Over the Bowl) ကိုလည်း ကြည့်ပါ။

(S. Dhammika ရဲ့ A Guide To Buddhism A to Z စာအုပ်မှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)

မူရင်း

ALMS GATHERING

Alms gathering (piṇḍapāta) is the means by which Buddhist monks and nuns get their food. This practice differs from begging. A beggar asks or pleads for alms whereas Buddhist monks and nuns only present themselves at the door of a potential donor, stand quietly for a few moments and after receiving something, move on.

The Mahāvastu says: ‘The wise monk asks for nothing, the noble ones do not hint of their needs. They just stand and let their bowl be seen. This is how the noble ones gather alms.’

The bowl (patta) in which the food is received and later eaten out of, is one of the eight requisites of monks and nuns. The practice of gathering alms has almost died in Sri Lanka but is still common in Burma and Thailand. See Turning Over The Bowl.

မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်လိုပါက = Click here

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-11632655113557816752015-05-27T16:02:00.004+08:002023-07-10T17:12:40.046+08:00ဖန်ဆင်းရှင် သံသယဝါဒ (AGNOSTICISM)

ဖန်ဆင်းရှင် ထာဝရဘုရားသခင် ရှိတယ်ဆိုတာ သိဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ဒဿနအမြင်ကို ဖန်ဆင်းရှင် သံသယဝါဒလို့ ခေါ်ပါတယ်။ တချို့က မြတ်စွာဘုရားကို ဖန်ဆင်းရှင် သံသယဝါဒီလို့ တံဆိပ်ကပ်ကြတယ်။ ဒီအချက်က လုံးဝ မှန်ကန်မှု မရှိပါဘူး။ မြတ်စွာဘုရားဟာ ဖန်ဆင်းရှင် တည်ရှိမှုနဲ့ ဖန်ဆင်းရှင် ထာဝရဘုရားရဲ့ သဘာဝကို မေးခွန်းထုတ်ခဲ့တာ မှန်တယ်။ ဒါကလည်း သူနဲ့ ခေတ်ပြိုင် ထိပ်တန်း ဘာသာရေးအတွေးအခေါ်ပညာရှင် အများစုက အဲဒီအကြောင်းကို အလေးထားပြီး မဆွေးနွေးခဲ့ကြလို့သာ ဖြစ်ပါတယ်။

ဂျိန်းဘာသာ (Jainism) ကို တည်ထောင်သူ မဟာဝီရ၊ ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလနဲ့ မြတ်စွာဘုရားတို့ အားလုံးဟာ ဖန်ဆင်းရှင် အယူအဆကို သူတို့ရဲ့ ဘာသာရေးဒဿနမှာ လုံးဝ နေရာ မပေးခဲ့ကြဘူး။ ဖန်ဆင်းရှင် အယူအဆကို ဆွေးနွေးတဲ့အခါ မြတ်စွာဘုရားဟာ သူရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ချပြခဲ့တယ်။ အထောက်အထား၊ ယုတ္တိဗေဒနဲ့ လူ့ကိုယ်ကျင့်သိက္ခာအရ ခိုင်လုံမှု၊ လျော်ကန်သင့်မြတ်မှု မရှိလို့ ဖန်ဆင်းရှင် အယူအဆကို ငြင်းပယ်ခဲ့တာ ဖြစ်တယ်။

ဥပမာပြရရင် မြတ်စွာဘုရားက အဂုၤတ္ထိုရ်ပါဠိတော်မှာ ဖန်ဆင်းရှင် ထာဝရဘုရားရဲ့ အရာအားလုံးကို သိမြင်ခြင်း (Omniscience) ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း (Free Will) တို့ ဆန့်ကျင်ပုံကို ဆွေးနွေးထားတယ်။

"လူတွေရဲ့ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနဲ့ ချမ်းသာဆင်းရဲ မဟုတ်တဲ့ ခံစားမှု မှန်သမျှဟာ လောကကို ဖန်ဆင်းသူ ထာဝရဘုရားရှင်ရဲ့ အလိုဆန္ဒတော် အတိုင်းသာ ဖြစ်ကြရတယ်ဆိုတဲ့ အယူဝါဒ ကိုင်ဆွဲထားသူ သမဏဗြဟ္မဏ (ဘာသာရေးခေါင်းဆောင်) တွေ ရှိကြတယ်။ အဲဒီပုဂ္ဂိုလ်တွေဆီ ချည်းကပ်ပြီး သူတို့ ဒီလိုယူဆတာ ဟုတ်၊ မဟုတ် မေးတယ်။ သူတို့ကလည်း ဟုတ်မှန်ကြောင်း ဖြေကြပါတယ်။

အဲဒီလို ပုဂ္ဂိုလ်တွေကို “သင်တို့ ပြောသလိုသာဆိုရင် လူတစ်ယောက်ဟာ လူသတ်သမား၊ သူခိုးဂျပိုး၊ အိမ်ထောင်ရေး ဖောက်ပြန်သူ၊ လိမ်လည်လှည့်ဖြားသူ၊ အယုတ္တအနတ္တ ပြောသူ၊ လောဘဇောတက်သူ၊ ဒေါသအမြက် ခက်ထန်တဲ့ တိတ္ထိ ဖြစ်နေခဲ့ရင် ဒါတွေ အားလုံးဟာ ဖန်ဆင်းရှင်ရဲ့ အလိုတော်ကျ အတိုင်းသာ ဖြစ်ရမယ်။ အားလုံးရဲ့ အဖြေကို ဖန်ဆင်းရှင် ထာဝရဘုရားအပေါ်ကိုပဲ ပုံချထားရင် လုပ်သင့်တာကို လုပ်ချင်ကိုင်ချင်စိတ်၊ မလုပ်သင့်တာကို ရှောင်ကြဉ်လိုစိတ်တွေ ရှိမှာ မဟုတ်တော့ဘူး။ သတိလက်လွှတ်နေသူတွေ ဖြစ်လို့ အဲဒီလို ပုဂ္ဂိုလ်တွေကို သမဏဗြဟ္မဏ လို့တောင် ရိုးရိုးသားသား ခေါ်လို့ မဖြစ်နိုင်တော့ဘူး။ ဒီနည်းနဲ့ မိစ္ဆာဝါဒ ကိုင်ဆွဲထားသူတွေကို စကားစစ်ထိုးခဲ့တယ်” (အံ၊၁၊၁၇၅)။

ဖန်ဆင်းရှင် ထာဝရဘုရားဟာ အနန္တတန်ခိုးရှင်၊ မဟာကရုဏာရှင် ဖြစ်တယ်ဆိုတဲ့ အဆိုနဲ့ လောကတစ်ခွင်မှာ တွေ့မြင်နေရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မကောင်းမှု ဒုစရိုက်တွေ ဝိရောဓိ ဖြစ်နေပုံကို ငါးရာ့ငါးဆယ်ဇာတ်တော် (Jātaka) က မီးမောင်းထိုးပြထားတယ်။ “ဖန်ဆင်းရှင် ထာဝရဘုရားရှင်က ဘာ့ကြောင့် လောကကြီးကို သာယာဖြောင့်ဖြူးအောင် မဖန်တီးခဲ့သလဲ။

သူသာ ကမ္ဘာလောကကြီးကို ထိန်းချုပ်သူ၊ အမြင့်ဆုံးပုဂ္ဂိုလ်၊ လောကသားတို့၏ အရှင်သခင် ဖြစ်ရိုးမှန်ရင် ဘာ့ကြောင့် လောကကြီး တစ်ခုလုံး ရှုတ်ထွေးပွေလီ ကမောက်ကမ ဖြစ်အောင် ပြုလုပ်ထားသလဲ။ ပျော်စရာ ကမ္ဘာကြီးဖြစ်အောင် ဘာ့ကြောင့် မဖန်တီးခဲ့သလဲ။ သူသာ လောကကြီးကို ဖန်ဆင်းသူ၊ အကြီးဆုံးပုဂ္ဂိုလ်၊ လောကသားတို့၏ အရှင်သခင် ဖြစ်ရိုးမှန်လျှင် လိမ်လည်လှည့်ဖြားမှု၊ ထောင်လွှားမောက်မာမှု၊ ကြီးနိုင်ငယ်ညှင်းမှုတွေ ဘာ့ကြောင့် လွှမ်းမိုးနေရသလဲ။ သူသာ လောကကြီးကို ဖန်ဆင်းသူ၊ အကြီးဆုံးပုဂ္ဂိုလ်၊ လောကသားတို့၏ အရှင်သခင် ဖြစ်ရိုးမှန်လျှင် ကမ္ဘာပေါ်မှာ ရှိရှိသမျှ မကောင်းမှု ဒုစရိုက်တွေကို ကိုယ်တိုင် ဖန်တီးခဲ့သူ ဖြစ်လို့ သူကိုယ်တိုင်ပဲ တရားနည်းလမ်း မကျသူ၊ ယုတ်မာရက်စက်သူ ဖြစ်မှာပဲ” (ဇာ၊ဋ္ဌ၊၇၊၅၆)။

အထက်က မိန့်ကြားချက်တွေ သာမက ဖန်ဆင်းရှင်နဲ့ ပတ်သက်တဲ့ မြတ်စွာဘုရားရဲ့ ဘယ် ဟောကြားချက်မှာမှ ဖန်ဆင်းရှင် သံသယဝါဒ အရိပ်အရောင် မတွေ့ရဘူး။

အပြဋ္ဌာန်းခံဝါဒ (Determinism) နဲ့ ဖန်ဆင်းရှင်ဝါဒ (Theism) တို့ကိုလည်း ကြည့်ပါ။

မူရင်း

AGNOSTICISM

Agnosticism is the philosophical position that it is impossible to know anything certain about God. It is sometimes said that the Buddha was an agnostic, but this is not correct. It is true that he rarely addressed questions concerning the existence or nature of God, but this was only because such questions were not being discussed by the leading religious thinkers of the time. Neither Mahāvīra, the founder of Jainism, Pūrana Kassapa, Makkhali Gosāla, Ajita Kesakambalī nor the Buddha himself, gave the concept of a supreme being any place in their philosophies. And when the god-idea was discussed, the Buddha made his position certain and clear – he rejected it as evidentially, logically and morally untenable.

In the Aṅguttara Nikāya, for example, he discusses the problem of the contradiction between God’s supposed omnipotence and free will.

‘There are some monks and priests who believe that whatever pleasant, painful or neutral experience someone has, all that is due to a supreme god. I approached them and asked if they believed this and they said they did.

Then I said, “So according to you, if someone is a murderer, thief, adulterer or liar, a foul-mouth, greedy, hate-filled heretic, all that must be due to a supreme god.” When someone falls back on a supreme god as the answer, there (should logically be) no will to do, no desire to do, no necessity to do this or avoid that. Such a person is confused, vulnerable and cannot honestly call themselves a true monk or priest. This is my rightful refutation to those who believe such ideas, such views.’ (A.I,174).

The Jātaka highlights the contradiction between the claim that God is an omnipotent, loving deity and the undeniable cruelty and evil found in the world. ‘Why does God not straighten out the world? If he really is the Controller, the Highest, Lord of All Beings, why is the whole world in such a mess? Why did he not make the world happy? If he really is the Controller, the Highest, Lord of All Beings, why is there so much deceit, lies, pride and unrighteousness? If he really is the Controller, the Highest, Lord of All Beings, then he must be unrighteous and cruel because it was he who made everything.’ (Ja.VI,208).

There is nothing agnostic about these or any of the Buddha’s statements concerning God.

See Determinism and Theism.

မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်လိုပါက = Click here

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-17999447211348442372015-05-18T23:36:00.005+08:002023-07-10T17:20:17.057+08:00ဖန်ဆင်းရှင်ဝါဒ (THEISM)

(S. Dhammika ရဲ့ A Guide To Buddhism A to Z စာအုပ်မှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)

ဖန်ဆင်းရှင်ဝါဒ (ဣဿရနိမ္မာနဝါဒ) ဆိုတာ မဟာကရုဏာရှင်၊ အနန္တတန်ခိုးရှင်၊ အရာအားလုံးကို သိမြင်သူ ဖြစ်တဲ့ ထာဝရဘုရားသခင်ဟာ ကမ္ဘာလောကကြီး တစ်ခုလုံးကို ထိန်းချုပ် လွမ်းမိုးထားတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီဝါဒဟာ ရုပ်ဝါဒ (လောကာယတဝါဒ)၊ ကံကြမ္မာပဓာနဝါဒ (ပုဗ္ဗေကတဟေတု)၊ အကြောင်းမဲ့ဝါဒ (အဟေတုက) တို့နဲ့အတူ မိစ္ဆာအယူဝါဒ (၄) မျိုးထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ် (အံ၊၁၊၁၇၄)။

ဗုဒ္ဓဘာသာအနေနဲ့ ဖန်ဆင်းရှင်ဝါဒကို အဓိက ကန့်ကွက်ရခြင်း အကြောင်းထဲမှာ ထာဝရဘုရားရှင်ရဲ့ အရည်အချင်း ဂုဏ်ပုဒ်တွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတဲ့ အချက် ဖြစ်ပါတယ်။ “သူသာ (အချို့ နတ်ဘုရားတွေက မိန်းမဖြစ်ပြီး အချို့က ယောက်ျားမိန်းမ ဆိုတဲ့ လိင် မရှိဘူး) ကမ္ဘာလောကကြီးကို အမှန်တကယ် ဖန်ဆင်းခဲ့သူ၊ အရာရာကို ထိန်းချုပ်ထားသူဆိုရင် ကမ္ဘာမှာ ဖြစ်နေတဲ့ ဆင်းရဲဒုက္ခ မှန်သမျှရဲ့ လက်သည်တရားခံဟာ သူပဲ ဖြစ်ရမယ်။ သူသာ ကမ္ဘာကြီးကို ပိုင်စိုးသူ၊ အမြင့်ဆုံးပုဂ္ဂိုလ်၊ လောကသားတို့ရဲ့ အရှင်သခင် ဖြစ်ရိုးမှန်ရင် လှည့်ဖြားမှု၊ လိမ်လည်မှု၊ ထောင်လွှားမှု၊ တရားနည်းလမ်းမကျမှုတွေ ဘာ့ကြောင့် ဖြစ်ပွားနေရသလဲ။ သူသာ လောကကြီးကို ဖန်ဆင်းသူ၊ အမြင့်ဆုံးပုဂ္ဂိုလ်၊ လောကသားတို့ရဲ့ အရှင်သခင် ဖြစ်ရိုးမှန်ရင် ကမ္ဘာမှာ ပေါ်ပေါက်နေတဲ့ မကောင်းမှုဒုစရိုက် မှန်သမျှကို သူကိုယ်တိုင် ဖန်တီးခဲ့သူဖြစ်လို့ သူဟာ တရားနည်းလမ်း မကျသူ၊ ရက်စက်ကြမ်းကြုတ်သူ ဖြစ်ရမယ်” (ဇာ၊ဋ္ဌ၊၇၊၅၆)။

ထာဝရဘုရားရှင်ဟာ အမှန်တကယ် အရာရာကို သိမြင်သူ (သဗ္ဗညုတ) (Omniscient) ဆိုရင် လူသားတွေဟာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ လွတ်လပ်ခွင့် မရှိဘူးလို့ အဓိပ္ပါယ် သက်ရောက်သွားတယ်။ ပြီးတော့ အမှားအမှန်ကို ဆုံးဖြတ်သူ၊ ကောင်းသူကို ကယ်ပြီး မကောင်းသူကို ပယ်သူ အနေနဲ့ ထာဝရဘုရားရဲ့ လုပ်ဆောင်ချက်တွေက အပိုဖြစ်သွားတယ်။ သူသာ အနန္တတန်ခိုးရှင် ဖြစ်ရိုးမှန်ရင် ငလျှင်လှုပ်တာ၊ ရေကြီးတာ၊ စူနာမီ ဖြစ်ပေါ်တာ စတဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ရပ်တန့်သွားအောင် လုပ်နိုင်ရမယ်။ ဒါပေမဲ့ သူ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် သူဟာ မဟာကရုဏာရှင်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။

ဗုဒ္ဓဘာသာရဲ့ အမြင်အရ လူသားတွေရဲ့ ဘာသာတရားကိုးကွယ်မှု ဖြစ်စဉ်ကို လေ့လာကြည့်ရင် (၁) နတ်ဘုရား အများအပြား ကိုးကွယ်သောဝါဒ (Polytheism)၊ (၂) နတ်ဘုရား တစ်ဆူတည်း ကိုးကွယ်သောဝါဒ (Monothiesm) နဲ့ (၃) နတ်ဘုရားမဲ့ဝါဒ (non-theism) ဆိုပြီး အဆင့်သုံးဆင့် တိုးတက်ပြောင်းလဲလာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ တစ်ချိန်တည်း ဖြစ်ပေါ်ခဲ့တယ်၊ လူ့အဖွဲ့အစည်း တစ်ခုအတွင်းက လူတိုင်းရဲ့ သန္တာန်မှာ ဖြစ်ပေါ်ခဲ့တယ်လို့တော့ မဆိုနိုင်ပါဘူး။

ရှေးဦးလူသားတွေဟာ သဘာဝဖြစ်စဉ်နှင့် သဘာဝစွမ်းအင် အမျိုးမျိုးကို အမျိုးမျိုးသော နတ်ဒေဝတာများအဖြစ် မှတ်ယူခဲ့ကြတယ်။ နောင်အခါ သဘာဝတရား အားလုံးကိုပဲ တစ်ဆူတည်းသော နတ်ဘုရားအဖြစ် ယူဆကိုးကွယ်လာခဲ့ကြတယ်။ လူသားတွေရဲ့ အမြင့်ဆုံးနဲ့ အတွေ့အကြုံ အကြွယ်ဝဆုံး အဆင့်ရောက်လာတော့ အရာအားလုံးဟာ သဘာဝ ဖြစ်စဉ်အရသာ ဖြစ်ပေါ်နေတာ ဖြစ်တယ်၊ နတ်ဘုရား တစ်ပါးပါးကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ကြောင်း နားလည် သဘောပေါက်လာကြတယ်။

ဒီအဆင့်သုံးဆင့်ဟာ အကြမ်းဖျင်းအားဖြင့် (၁) မျိုးနွယ်စုများ စုဖွဲ့နေထိုင်တဲ့ခေတ်၊ (၂) သက်ဦးဆံပိုင် ဘုရင်များ အုပ်ချုပ်တဲ့ခေတ်၊ (၃) ဒီမိုကရေစီနဲ့ သိပ္ပံအတွေးအခေါ်များ အားကောင်းလာတဲ့ ခေတ်ဆိုတဲ့ ခေတ်သုံးခေတ်နဲ့ တိုက်ဆိုင်နေတဲ့ အချက်ကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဖန်ဆင်းရှင် သံသယဝါဒ (AGNOSTICISM) ကိုလည်း ကြည့်ပါ။

Ref: Buddhism: A Non-theistic Religion, H. von Glasenapp, 1970.

မူရင်း

THEISM

Theism (issarakāraṇavāda) is the belief in an all-loving, all-powerful
and all-knowing God who created and controls the universe. It is one of
the four false views (A.I,173), together with materialism
(lokāyatavāda), kammic determinism (sabbaṃ pubbekatahetu) and randomism
(ahetuvāda).

Buddhism's main objection to theism is that God's supposed attributes
contradict each other. If he (some gods are feminine, others have no
gender) really created and controls everything then he must be
responsible for all the suffering in the world.

`If he really is the Controller, the Highest, Lord of All Beings, why is
there so much deceit, lies, pride and unrighteousness? If he really is
the Controller, the Highest, Lord of All Beings, then he must be
unrighteous and cruel, because it was he who made everything’
(Ja.VI,208).

If God is really omniscient this means that humans have no freedom and
thus God's function as arbiter of right and wrong, rewarder of good and
punisher of evil, becomes redundant. If God is really all-powerful and
can stop massive disasters like earthquakes, floods and tsunamis but
does not, he can not be all-loving.

From the Buddhist perspective, human spiritual consciousness could be
said to move through three stages: polytheism, monotheism and
non-theism, although, of course, not everywhere at the same time or
amongst everyone in a particular society.

Primitive peoples attributed different natural occurrences and forces to
different deities. Later, all these were attributed to a single deity.
In its highest and most sophisticated stage, the human mind understands
that things happen as a part of the order of nature and not because of a
deity.

It is interesting to note that these three stages roughly correspond to
the periods when people lived in tribes, when they were governed by
autocratic monarchs and finally when democratic and scientific thinking
became dominant. See Agnosticism.

Ref: Buddhism: A Non-theistic Religion, H. von Glasenapp, 1970.

မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်လိုပါက = Click here

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-32673712265877869532015-05-18T00:54:00.003+08:002023-07-10T17:23:35.532+08:00ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း (Free Will)

(S. Dhammika ရဲ့ A Guide To Buddhism A to Z စာအုပ်မှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)

ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း (သစ္ဆန္ဒ) ဆိုတာ ပြင်ပလွမ်းမိုးမှု မပါဘဲ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အရည်အသွေး ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းဟာ အပြဋ္ဌာန်းခံဝါဒ (Determinism) နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းပါပဲ။ ဗုဒ္ဓဘာသာအနေနဲ့ လူသားတွေဟာ လုံးဝ ပြီးပြည့်စုံတဲ့ လွတ်လပ်မှု ရှိတယ်လို့ မဆိုပါဘူး။ လူသားတွေရဲ့ ကံကြမ္မာကို ပုံသေကားကျ သတ်မှတ်ထားပြီး ဖြစ်တယ်လို့လည်း မယူဆဘူး။ လူသာတွေရဲ့ လွတ်လပ်မှုက အနည်းနဲ့အများ အကန့်အသက် ရှိတယ်လို့ ယူဆပါတယ်။

လူသားတွေရဲ့ ရွေးချယ်ခွင့်နှင့် ဆောင်ရွက်ခွင့်တွေဟာ မိမိတို့ရဲ့ဆန္ဒ၊ ကျွမ်းကျင်မှု၊ မကျွမ်းကျင်မှု၊ အခြေအနေနဲ့ အချိန်အခါ၊ ကျန်းမာရေး၊ အမူအကျင့်၊ ယုံကြည်မှုနဲ့ အခြား အခြေခံ အကြောင်းတရားတွေရဲ့ အောက်မှာ အကန့်အသက် ရှိနေကြောင်း ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည် သုံးသပ်ရင်း သိနိုင်ပါတယ်။ စိတ်ပညာကလည်း လူသားတွေရဲ့ မသိစိတ် (Unconscious) က လူတွေကို မသိမသာ လွမ်းမိုးနေတတ်တယ်လို့ ဆိုထားတယ်။ ဗုဒ္ဓဘာသာ ကျင့်စဉ် အများစုရဲ့ အဓိက ဦးတည်ချက်က မိမိတို့ကို ပြုပြင်ဖန်တီးနေတဲ့ အကြောင်းတရား (သင်္ခါရတရား) တွေကို နားလည်အောင် ကြိုးစားပြီး နောက်ဆုံး အဲဒီအကြောင်းတရားတွေကို ကျော်လွှားနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ လူတွေရဲ့ စိတ်ဟာ ပိုလွတ်လပ်လာပြီး ပိုမို ကောင်းမွန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်လာနိုင်မယ်လို့ ဆိုပါတယ်။

မူရင်း

FREE WILL

Free will (sacchanda) is the ability of the individual to freely choose, without any extraneous influences, what course of action he or she will take. The idea of free will is usually contrasted with determinism. Buddhism does not teach that we have complete freedom or that we are determined, but that our will is conditioned or limited to a greater or lesser extent.

Introspection will reveal to us that our ability to choose and act is often under the influence of and thus limited by our desires, our skill or lack of it, the power of circumstance, our health, the strength of our habits and convictions and numerous other factors. Psychology also tells us that our unconscious may subtly influence us without our knowledge. The purpose of much Buddhist training is to see and understand the factors that condition us and then gradually overcome them. This way we become more free and make better choices.

မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်လိုပါက = Click here

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-50788399974032361822015-05-13T16:37:00.001+08:002023-07-10T17:22:05.458+08:00အပြဋ္ဌာန်းခံဝါဒ (DETERMINISM)

(S. Dhammika ရဲ့ A Guide To Buddhism A to Z စာအုပ်မှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)

အပြဋ္ဌာန်းခံဝါဒ (နိယတဝါဒ) ဆိုတာ သတ္တဝါတွေရဲ့ ကံကြမ္မာဟာ ပုံသေကားကျ သတ်မှတ်ထားပြီး ဖြစ်တယ်၊ ဖြစ်ပေါ်လာတဲ့ ကံတရားနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျင့်ကြံနေထိုင်ရမယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ မြတ်စွာဘုရားက အပြဋ္ဌာန်းခံဝါဒ နှစ်မျိုးရှိကြောင်း မိန့်တော်မူခဲ့တယ်။

(၁) ဖန်ဆင်းရှင်ဝါဒ (ဣဿရနိမ္မာနဟေတု) = ဖန်ဆင်းရှင် ထာဝရဘုရားဟာ အားလုံးကို သိမြင်သူ ဖြစ်ပြီး ရှိရှိသမျှ အရာအားလုံးကို ထိန်းချုပ်ထားတယ်၊ ဒီလို ဖြစ်ရမယ်ဆိုပြီး ကြိုတင်စီမံထားပြီး ဖြစ်တယ်ဆိုတဲ့ အယူဝါဒပါ။

(၂) ကံကြမ္မာပဓာနဝါဒ (ပုဗ္ဗေကတဟေတု) = လက်ရှိ တွေ့ကြုံနေရတဲ့ အကောင်းအဆိုး၊ အလယ်အလတ် ခံစားမှုမှန်သမျှဟာ အတိတ်က လုပ်ခဲ့တဲ့ ကံကြောင့်သာ ဖြစ်ရတယ်ဆိုတဲ့ အယူဝါဒ ဖြစ်ပါတယ်။

မြတ်စွာဘုရားက အဲဒီအယူအဆ နှစ်ရပ်လုံးဟာ မှားယွင်းရုံမက အန္တရာယ်ပါ များလှကြောင်း မိန့်တော်မူခဲ့ပါတယ် (အံ၊၁၊၁၇၄)။

အပြဋ္ဌာန်းခံဝါဒဆိုတာ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့်မရှိ၊ ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားအားထုတ်ခွင့်လည်း မရှိ၊ မိမိရဲ့ လုပ်ရပ်မှန်သမျှ အတွက်လည်း တာဝန်ယူစရာ မလိုဆိုတဲ့ အယူဝါဒ ဖြစ်ပါတယ်။ ဒီအယူဝါဒမျိုးက “ငါ့ကို အပြစ် မတင်နဲ့။ ဒါက ထာဝရဘုရားသခင် အလိုတော်ကျပဲလေ” စတဲ့ မျက်နှာလွဲခဲပြစ် လုပ်ရပ်၊ “ဘာ တက်နိုင်မှာလဲ။ ဒါ ငါ့ ကံပဲလေ” ဆိုတဲ့ ကံကိုပုံချတဲ့ လုပ်ရပ်တွေဆီ ဦးတည်သွားစေနိုင်ပါတယ်။

ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း (Free Will) ကိုလည်း ကြည့်ပါ။)

မူရင်း

DETERMINISM

Determinism (niyativāda) is the belief that an individual’s destiny is fixed and that he or she must act accordingly. The Buddha said there are two types of determinism, (1) theistic determinism (issaranimmānahetu) which claims that God knows and controls everything and thus has determined everything before it has happened and (2) kammic determinism (pubbekatahetu) which says that everything we experience, pleasant, painful or neutral, is due to our kamma, that is, how we have acted in the past. According to the Buddha, both these ideas are not just false but also pernicious (A.I,173). Determinism means that the individual cannot choose one course of action over another, cannot make an effort to change anything and is not responsible for anything he or she does. Such a belief can only lead to irresponsibility – ‘Don’t blame me, it is the will of God’ or inactivity – ‘What can I do? It’s my past kamma.

မူရင်းဝက်ဆိုက်ဘ်လိပ်စာ ကြည့်ချင်ရင် = Click here

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-89695779406320236622012-05-08T16:41:00.001+08:002023-07-10T17:24:32.012+08:00Be a lamp upon yourself

I have read many poems of Rabindrannath Tagore translated from English version in Burmese. They are philosophical and insightful. His poems were originally composed in Bengali and Hindi. The translator from these two languages admitted that his translation of English couldn’t keep pace with the original works. Any how, I like this translation because it is deceptively simple and can give the intended message to readers. Rabindrannath Tagore was a mystic, teacher, reformer, author, poet, dramatist, thinker, philosopher of superb quality and a human being with a heart of gold and silken soft soul. He is a Bengali and was born in India. He won the 1913 Nobel Prize in Literature. He was an Asia’s first Novel laureate. Please enjoy the poem first. Then, keep on reading following passages.

Religion plays an important role in the life of a man. If man is in trouble or danger, he takes refuge and solace in the religion that he embraces. Many scholars pointed out that religions came into existence because of fear in the mind of man. Man fears wild animals, huge mountains, thick forests, natural disasters and many things more. He doesn’t understand the nature of things in his environment. Every thing around him is beyond his knowledge and beyond his control. Natural occurrences of things around him are mysteries for him. He begins to feel insecurity and find out a place of safety in outside power. Therefore, he creates an object to worship as a form of different shape. Man creates god in his own imagination to suit his own needs in order to take shelter. One of the French philosophers said ‘man creates God and later God creates man.’ In such way, man is confined in the cell of his own imagination.

How about the Buddhists? Are they real idol-worshippers as other religionists accuse? I would answer ‘Yes’. Most Buddhists consider the Buddha as a savior. They think that if they worship the Buddha, their mishaps and misfortunes will be driven away. They believe that by just praying at the foot of the Buddha image, all the problems that they are coming across will run away. What an absurd notion! Early real Buddhists did not pay too much attention to worship Buddha images. They just practiced the teachings of the Buddha. There weren’t any Buddha images at all at early times. Only when Indian Buddhists came in touch with Greeks, the idea of sculpturing replica of the Gotama Buddha began to take shape. This historical fact should be gravely taken into account.

‘When I’m gone, my teaching shall be your Master and Guide.’ That is what the Buddha himself stated just before his Parinibbana. The Buddha always highlighted the importance of self-reliance. Man is responsible for his deeds, speeches and thoughts. The present life is the result of what he had done in the past and the future life will be the result of present actions. Man is the sculptor of his life. He can create either beautiful figures of his own or ugly ones. The Buddha can do nothing for you but just show you the way.

The Buddha often equated himself with a physician. The physician will diagnose your ailment and prescribe medicine. The medicine must be taken by yourself. Your sickness can not be cured by just praising the physician and his medicine. The only one way that you have to do is taking medicine. In the same way, just kneeling down and saying prayers in front of the Buddha is not the answer to solve your problems. Only when you follow the precepts and instructions given by the Buddha, your daily problems will be sorted out and will lead to the real happiness. I hope you have pondered upon this beautiful poem and can appreciate the message that the author wanted to give the readers.

Written on 29th April, 2009

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-4672004332144989622011-02-24T20:57:00.010+08:002023-07-12T19:21:57.589+08:00ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ

လူအများ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းတစ်ခုကို ဆွေးနွေးချင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ဘာကွာပါသလဲ? အကြောင်းအရာများကို မှန်ကန်သည့် ရှု့ဒေါင့်မှ ကြည့်မြင် သုံးသပ်နိုင် ရန်အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းအစကို ပြန်လှန်ရပါမည်။ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ အစနှင့် စည်ပင်ပြန့်ပွားလာမှုကို ခြေရာခံရပါမည်။

ဘီစီ ခြောက်ရာစုတွင် ဗုဒ္ဓမြတ်စွာ မွေးဖွားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် သက်တော် ဆုံးဆယ့်ငါးနှစ်အရွယ် ဘုရားဖြစ်တော်မူချိန်မှ သက်တော် ရှစ်ဆယ်အရွယ် ပရိနိဗ္ဗာန်စံတော်မူချိန်အထိ တရားဒေသနာ ဟောကြားခြင်းဖြင့်သာ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ လူ့သမိုင်းတွင် လုံးလဝီရိယအား အကြီးဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်ပါသည်။ လေးဆယ့်ငါးနှစ်ပတ်လုံး တစ်နေ့လျှင် နှစ်နာရီခန့်သာ အိပ်စက် အနားယူကာ နေ့ရောညပါ တရားဟောကြားခဲ့သည်။

မြတ်စွာဘုရားသည် မင်း၊ မင်းညီမင်းသား၊ ပုဏ္ဏား၊ သူကြွယ်၊ လယ်သမား၊ သူတောင်းစား၊ ပညာရှိစသည်ဖြင့် လူတန်းစားပေါင်းစုံနှင့် စကားပြောခဲ့၊ တရားဟောခဲ့သည်။ သူဟောသည့် တရားတော်တို့မှာ နာကြားသူ ပရိသက်၏ အတွေ့အကြုံ၊ နားလည်နိုင်မှုစွမ်းအား၊ စိတ်နေသဘောထားတို့နှင့် အံဝင်ခွင်ကျ ဖြစ်သည်ချည်းသာ။ သူဟောသည့် တရားတော်တို့ကို “ဗုဒ္ဓဝစန” “ဘုရားစကားတော်” ဟု ခေါ်ဆိုခဲ့၊ သုံးနှုံးခဲ့ပါသည်။ ထိုအချိန်က ထေရဝါဒ (သို့မဟုတ်) မဟာယာနဟု ခေါ်ဆိုသုံးနှုံးခြင်း မရှိခဲ့ပါ။

မြတ်စွာဘုရားသည် ဘိက္ခုသာသနာနှင့် ဘိက္ခုနီသာသနာနှစ်ရပ်ကို တည်ထောင်တော်မူပြီးနောက် ထိုသာသနာတော် နှစ်ရပ်လုံးကို ထိန်းကျောင်းနိုင်ရန် "ဝိနယ"ဟု ခေါ်ဆိုသည့် စည်းမျည်းစည်းကမ်းတို့ကို ချမှတ်တော်မူခဲ့သည်။ ကြွင်းကျန်သည့် မြတ်စွာဘုရား၏ တရားတော်မှန်သမျှကိုပင် "ဓမ္မ" ဟု ခေါ်ဆိုရပါသည်။ ထိုဓမ္မတွင် ရဟန်းတော်များ၊ ရဟန်းမများ၊ ဥပသကာ၊ ဥပသိကာများအား ဟောကြားခဲ့သည့် တရားတော် အားလုံး ပါဝင်သည်။

ပထမသင်္ဂါယနာ

မြတ်စွာဘုရားပရိနိဗ္ဗာန်စံအပြီး သုံးလအကြာ ဘုရားရှင်၏ တပည့်သာဝကကြီးများသည် ရာဇင်္ဂြိုလ်ပြည်တွင် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အများက လေးစားကြည်ညိုကြသည့် အရှင်မဟာကဿပမှ သင်္ဂါယနာကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓမ္မနှင့်ဝိနယဟူသော နယ်ပယ်နှစ်ခုကို အထူးပြု လေ့လာခဲ့ပြီး အာဂုံဆောင်သူ အာဂပုဂ္ဂိုလ်ကျော် နှစ်ပါးလည်း တက်ရောက်ခဲ့သည်။ တစ်ပါးမှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်တို့ကို အနီးကပ် ပြုစုခဲ့သူ၊ ဘုရားရှင်နှင့် အနီးဆုံးနေရာတွင် နေထိုင်ခဲ့သူ အရှင်အာနန္ဒာဖြစ်သည်။ အံဖွယ် မှတ်ဉာဏ်ရှင် အရှင်အာနန္ဒာမှာ မြတ်စွာဘုရား ဟောကြားခဲ့သမျှ တရားတော်တို့ကို အာဂုံဆောင်နိုင်သူ ဖြစ်သည်။ အခြား အာဂပုဂ္ဂိုလ်တစ်ဦးမှာ ဝိနည်း ပညက်တော်အားလုံးကို မှတ်မိသူ အရှင်ဥပါလိပင် ဖြစ်သည်။

ပထမသင်္ဂါယနာတွင် ဓမ္မနှင့်ဝိနယဟူသော ကဏ္ဍကြီးနှစ်ခုသာ ရွက်ဆို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဓမ္မနှင့် ပက်သက်၍ ကွဲပြားခြားနားသည့် အမြင်မရှိခဲ့သော်လည်း (အဘိဓမ္မာအကြောင်း မဖော်ပြခဲ့) ဝိနည်းနှင့် ပက်သက်၍မူ ဆွေးနွေးစရာအချို့ ရှိခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် ဘုရားရှင်သည် အရှင်အာနန္ဒာအား “သံဃာက အလိုရှိခဲ့ပါမူ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် (သိက္ခာပုဒ် အသေးစား) တို့ကို ဖြုတ်ပယ်နိုင်ကြောင်း” မိန့်တော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန် စံတော်မူခါနီးဖြစ်၍ အရှင်အာနန္ဒာ၏ရင်တွင် သောကတို့ဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ အဘယ်သိက္ခာပုဒ်တို့ဖြစ်ကြောင်း မြတ်စွာဘုရားကို မေးမြန်းရန် မေ့လျော့နေခဲ့သည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့နှင့် ပက်သက်၍ သင်္ဂါယနာတင် မထေရ်တို့အကြား သဘောမတူနိုင်ဘဲရှိရာ အရှင်မဟာကဿ မထေရ်မြတ်ကြီးက ဘုရားပညက်ခဲ့သည့် သိက္ခာပုဒ်တို့ကို ပြင်ဆင်ခြင်း မပြုရန်နှင့် သိက္ခာပုဒ် အသစ်တို့ကိုလည်း ဖြည့်စွက်ထည့်သွင်းခြင်း မပြုရန် နောက်ဆုံး ဆုံးဖြတ်ချက် ပေးတော်မူခဲ့ပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးခဲ့သော်လည်း စကားတစ်ခွန်းကိုတော့ အရှင်မဟာကဿပ မထေရ် ပြောခဲ့သည်။ “တပည့်တော်တို့အနေနှင့် ဝိနည်း ပညက်တော်တို့ကို ပြင်ဆင်ကြမည်ဆိုလျှင် လူတို့ ပြောဆိုစရာ ဖြစ်လိမ့်မည်။ သူတို့ဆရာသခင်၏ ခန္ဓာကိုယ် မီးရှို့ရာ လောင်တိုက်မှ မီးမဆဲခင် ဂေါတမဘုရားရှင်၏ တပည့်တို့သည် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ကြလေပြီ”

ပထမသင်္ဂါယနာအပြီး ဓမ္မကို နိကာယ်အလိုက်ခွဲကာ နိကာယ် တစ်ခုချင်းစီအတွက် မြတ်စွာဘုရား၏ သာဝကကြီး တစ်ပါးစီနှင့် ၎င်း၏ တပည့်တို့ကို အာဂုံဆောင်ရန် တာဝန်ခွဲပေးလိုက်ပါသည်။ ဤသို့ဖြင့် ဓမ္မကို အာဂုံဆောင်ကာ ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ နှုတ်ပယ်ခြင်း၊ ဖြည့်စွတ်ခြင်းမပြုနိုင်ရန် အချင်းချင်း ပြန်လည်တိုက်ဆိုင် စစ်ဆေးကာ ဓမ္မကို အုပ်စုလိုက် နေ့စဉ် အာဂုံရွက်ဆိုခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုကို နှစ်ပေါင်း များစွာကြာမှ ပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်မိသလောက် ရေးသားထားသည့် မှတ်တမ်းထက် ဆရာစဉ်ဆက် အာဂုံဆောင်သည့် အလေ့အထက ပို၍ ယုံကြည်ကိုးစားနိုင်ကြောင်း သမိုင်းပညာရှင်တို့မှ သဘောတူကြသည်။

ဒုတိယသင်္ဂါယနာ

နှစ်ပေါင်း တစ်ရာအကြာ, ဝိနည်းသိက္ခာပုဒ်အချို့ကို ဆွေးနွေးရန် ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာတွင် ပြုလုပ်သည့် ပထမသင်္ဂါယနာ တင်ချိန်တွင် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ဖြည့်စွတ်ရန် မလိုခဲ့ပါ။ ထိုတိုတောင်းလှသော အချိန်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ပြောင်းလဲမှုဖြစ်စဉ် အနည်းအကျဉ်းသာ ရှိနိုင်သောကြောင့်ပင်။ နှစ်ပေါင်း တစ်ရာ အကြာမှာတော့ ရဟန်းအချို့သည် သိက္ခာပုဒ် အငယ်စားတို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ယူဆလာကြသည်။ ရှေးရိုးစွဲ ရဟန်းတော်တို့က မည်သည့်သိက္ခာပုဒ်ကိုမျှ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ပြောဆိုကြသည်။ နောက်ဆုံးမှာတော့ ရဟန်းတော်တစ်စုသည် သင်္ဂါယနာမှ ဖဲခွါကာ မဟာသံဃိကဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ မဟာသံဃိကဟု ခေါ်ဆိုခဲ့သော်လည်း မဟာယာနဟု သုံးနှုံးခဲ့ခြင်း မရှိပါ။ ဒုတိယသင်္ဂါယနာ၌ ဝိနည်းပိဋကတ်တွင် ပါရှိသည့် အကြောင်းအရာအချို့တို့ကိုသာ ဆွေးနွေးခဲ့ကြပြီး ဓမ္မနှင့် ပက်သက်၍မူ အငြင်းပွားစရာ တစုံတရာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပါ။

တတိယသင်္ဂါယနာ

ဘီစီသုံးရာစု၊ အသောကမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးရှိ ရဟန်းတော်တို့အကြား ကွဲပြားနေသည့် အမြင်တို့ကို ဆွေးနွေးနိုင်ရန် တတိယသင်္ဂါယနာ တင်ပွဲကို ကျင်းပခဲ့သည်။ ဤတတိယသင်္ဂါယနာအတွင်း ဆွေးနွေးမှုသည် ဝိနည်း ပညက်ချက်တို့နှင့် ပက်သက်သည့် အကြောင်းအရာတို့သာ မကတော့ဘဲ ဓမ္မနှင့် ပက်သက်သည့် အချက်အလက်တို့ပါ ပါဝင်လာသည်။ သင်္ဂါယနာအဆုံးတွင်တော့ ဦးစီးနာယက အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဂိုဏ်းအသီးသီးတို့၏ မှားယွင်းသော အမြင်၊ အယူအဆတို့ကို ရှင်းလင်းချက်ထုတ်ကာ ငြင်းပယ်သည့် ကထာဝတ္ထုကျမ်းကို ပြုစုတော်မူခဲ့သည်။ တတိယသင်္ဂါယနာတွင် လက်ခံ အတည်ပြုခဲ့သည့် ဗုဒ္ဓတရားတော်တို့သည်ပင် ထေရဝါဒအဖြစ် ထင်ရှားခဲ့ပေသည်။ တတိယသင်္ဂါယနာမှ အဘိဓမ္မာကို ပိဋကတ်တစ်ပုံအဖြစ် သက်မှက်ကာ ပိဋကတ်ထဲ ထည့်သွင်းခဲ့ပါသည်။

တတိယသင်္ဂါယနာအပြီး အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒသည် တတိယသင်္ဂါယနာတွင် စုပေါင်းရွက်ဆို အတည်ပြုခဲ့သည့် ပါဠိတော်တို့ကို ၎င်းတို့၏ အဋ္ဌကထာတို့နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သီရိလင်္ကာသို့ သယ်ဆောင်ခဲ့သည့် ပိဋကတ်သုံးပုံကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ယနေ့တိုင် ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။ ထိုကျမ်းစာတို့ကို မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က အသုံးပြုခဲ့သည့် မာဂဓီဘာသာကို အခြေခံသော ပါဠိဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုအချိန်က မဟာယာနဟူ၍ ထင်ရှားမရှိသေးပါ။

မဟာယာန စတင်ပေါ်ပေါက်လာပုံ

ဘီစီ တစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာနဟူသော အသုံးအနှုံး နှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင်တော့ မဟာယာနဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရသည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသော ကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေးအခေါ်အယူအဆကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ အေဒီ လေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပက်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသားခဲ့ကြသည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသော အသုံးအနှုံးနှစ်ခုကို စတင် သုံးစွဲလာကြခြင်း ဖြစ်သည်။

ကျွနု်ပ်တို့အနေနှင့် ဟီနယာနနှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုံး တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာနဗုဒ္ဓဘာသာ လုံးဝ မပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယနိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်းကြသောအခါ ဟီနယာနဟူသော အသုံးအနှုံးကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာတို့၏ သမိုင်းအကျဉ်း ဖြစ်သည်။

ထေရဝါဒနှင့် မဟာယာန

ထေရဝါဒနှင့် မဟာယာနတို့၏ ကွဲပြားခြားနားချက်တို့ကို ကြည့်ကြစို့။ ကျွနု်ပ်အနေနှင့် မဟာယာန ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ လေ့လာလေလေ ဗုဒ္ဓဘာသာ၏ အဓိကတရားတော်တို့နှင့် ပက်သက်၍ ထေရဝါဒနှင့် မဟာယာနတို့အကြား ကွဲပြားခြားနားချက်ကို ရှာရန် ခက်လေလေ ဖြစ်သည်။

၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။

၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။

၃။ မဂ္ဂင်ရှစ်ပါးမှာလည်း ချွတ်ဆွတ်တူသည်။

၄။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်း တူသည်။

၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆကိုလည်း နှစ်ဂိုဏ်းလုံးက ပယ်ကြသည်။

၆။ ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှုမရှိဘဲ လက်ခံကြသည်။

အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော်များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲ လက်ခံထားကြသည်။

ကွဲပြားသည့် အချက်အချို့လည်း ရှိပါသေးသည်။ သိသာထင်ရှားသည့် အချက်မှာ ဘုရားလောင်း အယူအဆ ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် နောက်ဆုံး ဘုရားအဖြစ်ကို ဦးတည်သည့် ဘုရားလောင်းဝါဒကို လက်ခံပြီး ထေရဝါဒက ရဟန္တာဖြစ်ရေးကိုသာ အဓိကထားသည်ဟု လူအများက ပြောဆိုကြသည်။ ကျွနု်ပ်အနေနှင့် မြတ်စွာဘုရားသည်ပင် ရဟန္တာတစ်ပါး ဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့် သာဝကတစ်ဦးသည်လည်း ရဟန္တာများပင် ဖြစ်ကြသည်။ မဟာယာန ကျမ်းစာများက ဟီနယာနဟူသော အသုံးအနှုံးကို အသုံးပြုလေ့ မရှိကြပါ။ ၎င်းတို့က ဗောဓိသတ္တယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာနဟူသော သုံးမျိုးသာ အသုံးပြုကြသည်။ ထေရဝါဒမှာတော့ ထိုသုံးမျိုးကို (ယာနအစား) ဗောဓိ-ဟု ခေါ်ဝေါ်သုံးနှုံးပါသည်။

အချို့သူများက ထေရဝါဒမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးတောလေ့ ရှိကြသည်။ သူတို့က ထေရဝါဒမှာ ကိုယ့်ဘဝလွတ်မြောက်မှုအတွက် အားထုတ်ရေးသည်သာ အဓိကကျကြောင်း သင်ကြားလေ့ရှိသည်ကို အကြောင်းပြကြသည်။ သို့သော် ၎င်းတို့ စဉ်းစားရမည်မှာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်အနေနှင့် နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှစ်ဂိုဏ်းလုံးက ယာနသုံးမျိုး (သို့မဟုတ်) ဗောဓိသုံးမျိုးကို လက်ခံကြသည်။ ဘုရားလောင်းလမ်းစဉ်ကို အမြင့်ဆုံးအဖြစ် သက်မှတ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ပုံပြင် ဒဏ္ဍာရီဆန်သည့် ဘုရားလောင်းများစွာ တီထွင်ခဲ့သည်။ ထေရဝါဒက ဘုရားလောင်းကို နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဘုရားအဖြစ်သ့ို ရောက်ရှိရန် ပါရမီဖြည့်ရင်း လူသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားသူ လူသားတစ်ဦးအဖြစ်သာ ရှု့မြင်သည်။

ဗုဒ္ဓအမျိုးအစား

ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူ သမ္မာသမ္ဗုဒ္ဓ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သော်လည်း မြတ်စွာဘုရားထက် အရည်အချင်းနိမ့်သူ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့်သားတော် ရဟန္တာဖြစ်သူ သာဝကဗုဒ္ဓဟူ၍ ဗုဒ္ဓသုံးမျိုးရှိပါသည်။ ထိုဗုဒ္ဓသုံးမျိုးလုံး ရရှိခံစားရသည့် နိဗ္ဗာန်မှာ အတူတူပင် ဖြစ်သည်။ ကွဲပြားခြားနားသည်မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် အခြားဗုဒ္ဓနှစ်ပါးထက် အရည်အချင်းနှင့် စွမ်းဆောင်ရည် သာလွန်ခြင်းပင် ဖြစ်ပါသည်။

အချို့သူများက နာဂဇုနမထေရ် ဆွေးနွေးတင်ပြခဲ့သည် သုညတတရားတော်မှာ မဟာယာန သင်ကြားချက် စစ်စစ်ဖြစ်ကြောင်း ထင်မြင်ယူဆကြသည်။ အမှန်တကယ်တော့ မူရင်း ထေရဝါဒကျမ်းစာတို့တွင် တွေ့နိုင်သည့် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံသော အနတ္တတရားတော်ကို မှီးကာ ထိုသုညတအယူအဆကို ရေးသားခဲ့ခြင်း ဖြစ်သည်။

တစ်ခါကသော် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မေးလျောက်ခဲ့သည်။ “သုညတဟူသော စကားကို လူအများ ပြောဆိုကြပါသည်။ သုညတဆိုတာ ဘာကို ခေါ်တာပါလဲဘုရား” “အာနန္ဒာ, ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ လောကမှာ ငါ့ဥစ္စာဆိုတဲ့ သဘောတရားလဲ မရှိ။ ဒါ့ကြောင့် လောကကြီးက အနှစ်သာရမဲ့နေတယ်” ဟု မြတ်စွာဘုရားက ပြန်လည် ဖြေကြားခဲ့သည်။ နာဂဇုနမထေရ်သည် ထိုအယူအဆကို ကျောရိုးပြုကာ ထင်ရှားကျော်ကြားသည့် မဓျာမိကကာရိကာဟူသော ကျမ်းစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သုညတဝါဒမှာ ထေရဝါဒကျမ်းစာတို့ကို အခြေခံသည့် မဟာယာနဗုဒ္ဓဘာသာ၏ အာလယဝိညာဏ အယူအဆသာ ဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာက ထိုအယူအဆကို နက်နဲသည့် ဒဿနိကနှင့် စိတ်ပညာအဖြစ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

အောက်ပါ အင်္ဂလိပ်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။

Theravada - Mahayana Buddhism
Ven. Dr. W. Rahula
(From: "Gems of Buddhist Wisdom",
Buddhist Missionary Society, Kuala Lumpur, Malaysia, 1996)

မူရင်းဆောင်းပါးကြည့်ရန် Click

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-88708272598134349652010-03-07T18:14:00.007+08:002023-07-11T17:04:10.757+08:00မြန်မာရဟန်းတော်တို့အတွက် ဘာသာစကားနှင့် သမိုင်း

ဆောင်းပါး တစ်ပုဒ်စ နှစ်ပုဒ်စသာ ရေးဖူးသည့် စာရေးသူကို သူငယ်ချင်းက ရန်ကင်းတောင် ဥယျာဉ်စာသင်တိုက် နှစ်နှစ်ဆယ်ပြည့် နှစ်ပတ်လည် စာစောင်အတွက် ဆောင်းပါးတစ်ပုဒ် ရေးပေးရန် တောင်းဆိုလာသည်။ ပြီး စာစောင်အတွက် သူရေးထားသည့် ဆောင်းပါးကိုလည်း ပေးဖတ်ပါသည်။ ဗုဒ္ဓဘာသာ ရဟန်းတော်တို့အတွက် အင်္ဂလိပ်စာမှာ မသင်မဖြစ် ဘာသာရပ်တစ်ခု ဖြစ်လာကြောင်း ရေးသားထားသည်။ တင်ပြချင် သိစေချင်သည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်ပါပေသည်။ သူ့ဆောင်းပါး ဖတ်ပြီး ရေးချင်သည့် အကြောင်းအရာက ခေါင်းထဲ ချက်ချင်း ပေါ်လာ၍ ကောင်း၊ မကောင်း အာမ မခံနိုင်သော်လည်း ရေးပေးမည် ဖြစ်ကြောင်းကိုတော့ အာမဘန္တေ ခံလိုက်သည်။ ရန်ကင်းတောင် ဥယျာဉ်စာသင်တိုက်ကား အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနှင့် ပြဋ္ဌာန်းထားသည့် စာမေးပွဲကို ဦးစီးကျင်းပပေးနေခြင်းကြောင့် ထင်ရှားသည်။ စာရေးသူတို့ကဲ့သို့ လမ်းသစ်ထွင်ချင်သည့် ရဟန်းငယ်တို့အတွက် အားကျ အတုယူစရာ စံနမူနာပင် ဖြစ်သည်။

၂၀၀၉- ခုနှစ် ဇွန်လက သီရိလင်္ကာနိုင်ငံတွင် ပညာသင်နေကြသည့် မြန်မာရဟန်းတော်တို့အတွက် Debate သင်တန်းတစ်ခု နှစ်ပတ်ကြာ ပြုလုပ်ခဲ့သည်။ ဒီဘိတ် (Debate) ဆိုသည်မှာ အဖြေတစ်ခုရရန် အကြောင်းအရာတစ်ခုကို တစ်ဖက်နှင့်တစ်ဖက် သူနိုင်ကိုယ်နိုင် ဆွေးနွေးငြင်းခုံ အဖြေရှာနည်း ဖြစ်သည်။ စင်္ကာပူနိုင်ငံ ရောက်နေသည့် မြန်မာဒကာမတစ်ဦးမှ လာရောက် သင်တန်းပို့ချပေးခဲ့ပြီး ရဟန်းတော် အပါး သုံးဆယ်ကျော် တက်ရောက်ခဲ့ကြသည်။ ထိုသင်တန်းကာလအတွင်း “ရဟန်းတော်များ အင်္ဂလိပ်စာ သင်သင့်၊ မသင်သင့်” “သက်သတ်လွတ် စားသင့်၊ မစားသင့်” “ပိဋကတ်သုံးပုံကို အာဂုံ ဆောင်သင့်၊ မဆောင်သင့်” စသည့် ခေါင်းစဉ်တို့ဖြင့် လက်တွေ့ ဒီဘိတ်ပွဲများ ပြုလုပ်ခဲ့ကြသည်။

ဒီဘိတ်ထဲက ပညာရေးစနစ်

ထို ဒီဘိတ်ပွဲများအတွင်း စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် အားအစိုက်ရဆုံးမှာ “ရဟန်းတော်တို့၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲသင့်သည်” ဟူသော ခေါင်းစဉ်ဖြင့် Policy Debate ပြုလုပ်ခဲ့စဉ်က ဖြစ်သည်။ ပေါ်လစီဒီဘိတ်တို့၏ ထုံးစံအတိုင်း ရဟန်းတော်တို့၏ ပညာရေးစနစ်ကို ပြောင်းလဲရန်အတွက် စနစ်တကျ စီမံကိန်းရေးဆွဲကာ ကိုယ့် Plan ကို တင်ပြကြရသည်။ Affirmative (အဆိုပြု) ဘက်မှ Plan တစ်ခု တင်သွင်းပြီး Negative (ငြင်းဆို) အဖွဲ့မှ ထို Plan ၏ အားနည်းချက်၊ ချို့ယွင်းချက်တို့ကို ထောက်ပြကာ ၎င်းတို့၏ Counter Plan ကိုလည်း တင်သွင်းကြရသည်။ ဤသို့ဖြင့် တစ်ဖက်က တင်သွင်းထားသည့် ပညာရေးစီမံကိန်းကို အခြားတစ်ဖက်က အားနည်းချက်၊ ချို့ယွင်းချက်တို့ကို ထောက်ပြကာ ပိုမိုကောင်းမွန်သော မိမိတို့၏ ပညာရေး အစီအမံတို့ကို တင်ပြကြရသည်။ ဒီဘိတ်တစ်ပွဲလျှင် (Affirmative) အဆိုပြုအဖွဲ့နှင့် (Negative) ငြင်းဆိုအဖွဲ့ဟူ၍ နှစ်ဖွဲ့ အပြန်ပြန် အလှန်လှန် ဆွေးနွေးငြင်းခုံကြရပြီး တစ်ဖွဲ့လျှင် သုံးပါးစီ ပါဝင်သည်။ စာရေးသူတို့အနေနှင့် ဤခေါင်းစဉ်ဖြင့်ပင် ဒီဘိတ်ပွဲ နှစ်ခု ပြုလုပ်ခဲ့ကြသည်။

ရဟန်းတော်တို့၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ ပြုလုပ်ခဲ့သည့် ထိုဒီဘိတ်ပွဲ နှစ်ခုမှ အဆိုပြု၊ ငြင်းဆို အဖွဲ့လေးခုလုံး အချက်နှစ်ချက်ကို အဓိကထား တင်ပြသွားကြသည်။ ထိုအချက်များမှာ (၁) ပြင်ဆင်ရေး (၂) ဖြည့်စွက်ရေးတို့ ဖြစ်သည်။ ပျမ်းမျှအသက် နှစ်ဆယ့်ရှစ်နှစ်အရွယ်သာ ရှိကြဦးမည့် စာရေးသူတို့ကား နှစ်ပေါင်းများစွာ ပြင်ဆင်ဖြည့်စွက်ခြင်း မရှိဘဲ ခရီးနှင်လာခဲ့သည့် ပထမပြန်နှင့် ဓမ္မာစရိယ ပြဋ္ဌာန်းကျမ်းစာတို့ကို မိမိတို့စိတ်တိုင်းကျ ပြင်ဆင်၊ ဖြည့်စွက်ခဲ့ကြသည်။ ပြင်ဆင်ရေးနှင့် ပက်သက်၍ အများစုက ဗုဒ္ဓစာပေ လေ့လာဖို့အတွက် ကြားခံဘာသာတစ်ခုသာ ဖြစ်သည့် သဒ္ဒါကို ဘာသာရပ်တစ်ခုမက အသားပေး ပြဋ္ဌာန်းထားခြင်းကို မေးခွန်းထုတ်ခဲ့ကြပါသည်။ အမှန်အားဖြင့် သဒ္ဒါဆိုသည်မှာ ဘုရားဟော ပိဋကတ်သုံးပုံသို့ ဝင်ရောက်ရာ တံခါးဝ တစ်ခုသာ ဖြစ်ပါသည်။ မိမိတို့မှာ ပိဋကတ်သုံးပုံသို့ ချက်ချင်း မဝင်သေးဘဲ ထိုတံခါးပေါက်ကို ဘက်ပေါင်းစုံမှ သေချာ၊ မသေချာ စိစစ်ရင်း အချိန်တွေ ကုန်ခဲ့ကြသည်။ တံခါးပေါက်ကို စိစစ်အပြီး ပိဋကတ်ပင်လယ်ကို ကူးခတ်တော့မည်ဆိုတော့ လူက ဖတ်ဖတ်မောနေပြီ။

ဘာသာစကားတစ်ခုကို လေ့လာရာတွင် ခေတ်သစ် သင်ကြားရေးစနစ်က (Four Skills) ကျွမ်းကျင်မှု လေးမျိုးကို ဟန်ချက်ညီညီ အသုံးပြုကာ သင်ကြားပေးသည်။ စာဖတ်စွမ်းရည် (Reading Skill)၊ ရေးသားမှုစွမ်းရည် (Writing Skill)၊ နားထောင်မှုစွမ်းရည် (Listening Skill)နှင့် စကားပြောစွမ်းရည် (Speaking Skill)တို့ ဖြစ်ကြသည်။ ထိုလေးမျိုးလုံးမှာ တစ်ခုနှင့် တစ်ခု အမှီသဟဲ ပြုနေကြသည်။ လက်ရှိ ပါဠိဆိုင်ရာ သင်ရိုးညွှန်းတမ်းများအရ စာဖတ်စွမ်းရည် (Reading Skill)အတွက် ပြောစရာ မလိုသော်လည်း ကျန်သည့် စွမ်းရည်များ ချို့ငဲ့နေသည်ကို တွေ့ရသည်။ ပါဠိစာပေ သင်ကြားရာ၌ ထိုကျွမ်းကျင်မှု လေးမျိုးကိုသာ အချိုးညီညီ ပေါင်းစပ်ပေးနိုင်လျှင် မြန်မာရဟန်းတော်တို့၏ ကြိုးစားမှုမျိုးဖြင့် ဗုဒ္ဓစာပေတက်ကျွမ်းမှုမှာ ကမ္ဘာ့အလယ် လက်ခမောင်း ခတ်နိုင်ပါလိမ့်မည်။

အဖွဲ့တစ်ဖွဲ့က သုတ္တန်ပိဋကတ်မှ အဓိကဒေသနာတော်တို့ကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း အကြံပြုသည်။ အဖွဲ့တစ်ဖွဲ့က အဘိဓာန်ကို လက်လွတ်ကျက်ခိုင်းသည့် သင်ကြားရေးစနစ်ကို ထောက်ပြသည်။ မှန်ပါသည်။ အဘိဓာန်ကို လက်လွတ်ကျက်ခိုင်းသည့် နိုင်ငံဟူ၍ မြန်မာနိုင်ငံ တစ်နိုင်ငံသာ ရှိပေလိမ့်မယ်။ အဘိဓာန်ဆိုသည်မှာ ကိုယ်သိချင်သည့် စကားလုံးတို့ကို လှန်လှောကြည့်ရုံသာ အသုံးပြုရသည့် ရည်ညွှန်းစာအုပ်ထက် မပို။ အဘိဓာန်စာအုပ်ထဲမှ ဂါထာ ရာပေါင်း များစွာကို ဘာမသိ ညာမသိ အလွတ်ကျက်မှတ်ခဲ့ရသည့် အဖြစ်ကို စဉ်းစားမိတိုင်း မိမိကိုယ်ကို မိမိ ပြန်လည် သနားမိသေးတော့သည်။

လက်ရှိ သင်ကြားရေးစနစ်နှင့် ပက်သက်၍ (၂၀၀၉) ခုနှစ် မတ်လက ကျင်းပခဲ့သည့် သီတဂူ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ ညီလာခံတွင် မြန်မာပါဠိပညာရှင်အချို့ ဆွေးနွေး သွားခဲ့ကြသည်။ (၂၀၀၈) ခုနှစ်က ရန်ကုန် န.ပ.သ တက္ကသိုလ်တွင်လည်း ထိုအကြောင်းကိုပင် ပါဠိပညာရှင် မြန်မာရဟန်းတော်တို့ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ မည်သို့ဆိုစေ ထိုကဲ့သို့သော ဆွေးနွေးပြောဆိုမှုများက အနာဂတ်တွင် ပိုမိုကောင်းမွန်သော ပညာရေးစနစ်သစ်ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ စာရေးသူသည် ပါဠိပညာရှင်မဟုတ်၊ ပါဠိသဒ္ဒါနှင့် ပက်သက်၍ နက်နက်နဲနဲ သိသူ မဟုတ်သော်လည်း လက်ရှိ ပညာရေးစနစ်မှာ ချို့ယွင်းချက်၊ အားနည်းချက်များ ရှိနေကြောင်းကိုတော့ ကိုယ်တွေ့ဖြစ်၍ ကောင်းကောင်း သိခဲ့ပါသည်။ သို့သော် ဤဆောင်းပါး၌ လက်ရှိပညာရေးစနစ် ပြင်ဆင်ရေးကိစ္စကို ပါဠိပညာရှင်တို့၏ တာဝန်အဖြစ် ချန်ထားခဲ့ပါမည်။ စာရေးသူအနေဖြင့် လိုအပ်နေသည့် ဘာသာရပ်အသစ်များ ဖြည့်စွက်ရေးကိစ္စကိုသာ အဓိကထား ဆွေးနွေးချင်ပါသည်။

ဒီဘိတ်ပွဲမှာ လက်ရှိပညာရေးစနစ်အတွင်း ဘာသာရပ်အသစ်များ ဖြည့်စွက်ရေးနှင့် ပက်သက်၍ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်း၊ သချာၤ၊ ဒဿနိက၊ သိပ္ပံ၊ ပထဝီဝင် စသည် စသည်ဖြင့် မိမိတို့၏ ထင်မြင်ချက်များကို အကြောင်း အမျိုးမျိုးပြကာ ဆွေးနွေးသွားခဲ့ကြသည်။ ဖြည့်စွက်ရေးနှင့် ပက်သက်၍ အဆိုပြု၊ ငြင်းဆို လေးဖွဲ့လုံး တူညီစွာ တင်ပြသွားသည့် ဘာသာရပ်အသစ် သုံးမျိုး ထွက်လာပါသည်။ ထိုသုံးမျိုးမှာ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် သမိုင်းတို့ ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့လျှင် သုံးပါးစီ ဖွဲ့စည်းထားသည်။ သက်ဆိုင်ရာအဖွဲ့မှ အကြောင်းအရာတစ်ခု တင်ပြလိုလျှင် အဖွဲ့ဝင်သုံးပါးလုံး သဘောတူရန် လိုအပ်ပါသည်။ သုံးပါးအဖွဲ့ လေးဖွဲ့လုံးက ကွဲပြားခြားနားသော အကြောင်းပြချက်တို့ဖြင့် ထိုဘာသာရပ်အသစ် သုံးခုကို ယခုလက်ရှိ ပညာရေးစနစ်အတွင်း ထည့်သွင်း ပြဋ္ဌာန်းဖို့ တင်ပြခဲ့ကြသည်။ ဤဆောင်းပါး၌ စာရေးသူအနေဖြင့်် ထိုဘာသာရပ်သုံးခုကိုသာ ဆန်းစစ်ပြလိုခြင်း ဖြစ်သည်။

အင်္ဂလိပ်စာ

မြတ်စွာဘုရားသည် တရားဟောသည့်အခါ မဇ္ဈိမဒေသ၌ လူတန်းစားပေါင်းစုံ ပြောဆိုသည့် ပါဠိဘာသာ (မဂဓ)ကို ရွေးချယ် အသုံးပြုခဲ့သည်။ ပါဠိဘာသာမှာ သူ့မွေးရပ်မြေ၌ ပြောဆိုသည့် ဘာသာစကားမဟုတ်။ သူဟောသည့် တရားတော်တို့ကို သက္ကတဘာသာဖြင့်သာ မှတ်တမ်းတင်ရန် တင်ပြလာသည့် အဆိုကိုလည်း ပယ်ချခဲ့သည်။ သက္ကတဘာသာမှာ ထိုခေတ်က ပညာတတ် အထက်တန်းလွှာသုံး ဘာသာစကားဖြစ်ပြီး သာမန် လူတန်းစားတို့ အလှမ်းမမှီနိုင်သည့် ဘာသာစကားတစ်ခု ဖြစ်သည်။ လူသားတိုင်းကို တရားအမြင် ရစေချင်သည့် မြတ်စွာဘုရားအနေဖြင့် လူအများ အသုံးပြုသည့် ဘာသာစကားတစ်ခုကို ရွေးချယ် အသုံးပြုဖို့ လိုအပ်သည်။ ထို့ကြောင့်လည်း တရားဟောရာ၌ ပါဠိဘာသာကို အဓိကထား အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓတရားတော်တို့ကို ကမ္ဘာအနှံ့ ပြန့်ပွားစေချင်သည့် မိမိတို့အနေဖြင့် ပညာရှင်များသာ အသုံးပြုနိုင်ပြီး Dead Language ဖြစ်နေသည့် ပါဠိဘာသာဖြင့် ဖြန့်ဝေကြမည်လား။ မိမိတို့၏ ကိုယ်ပိုင်စကားဖြစ်သည့် မြန်မာ ဘာသာဖြင့် ဖြန့်ဝေကြမည်လား။ မဖြစ်နိုင်ပါ။ ထိုသို့ဖြစ်လျှင် ဗုဒ္ဓတရားတော်တို့ကို ကမ္ဘာပြန့်အောင်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ မြတ်စွာဘုရား၏ လမ်းစဉ်ကို လိုက်ရန်ဖြစ်သည်။ မြတ်စွာဘုရားသည် သူရှာဖွေ တွေ့ရှိထားသည့် အမြိုက်တရားကို ဖြန့်ဝေရန် ထိုခေတ်ထိုကာလက လူအများစု ပြောဆိုသည့် ပါဠိဘာသာကို ကြားခံ ဘာသာစကားအဖြစ် အသုံးပြုခဲ့သည်။ ထို့အတူ စာရေးသူတို့လည်း မိမိတို့ ခေတ်တွင် လူအများစု အသုံးပြုနေသည့် ဘာသာစကားကို ပြောဆိုကာ ဗုဒ္ဓတရားတော်တို့ကို ဖြန့်ဝေရမည် ဖြစ်သည်။ နိုင်ငံတကာသုံး၊ အင်တာနက်သုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာမှာ ကမ္ဘာသုံး၊ အများသုံး ဖြစ်နေသည်မှာ ထင်ရှားသည်။ ထိုသို့ဆိုလျှင် ရဟန်းတော်တို့အနေဖြင့် အင်္ဂလိပ်စာကို မဖြစ်မနေ သင်ရတော့မည် ဖြစ်သည်။ မိမိ ပြောချင်နေသည့် ထိုအကြောင်းအရာများကို သူငယ်ချင်းက သူ့ဆောင်းပါးမှာ ပါအောင် ပြောသွားခဲ့ပြီးဖြစ်၍ စာရေးသူအနေဖြင့် အကျယ်တဝင့် ရေးရန် မလိုတော့ပါ။

မြန်မာစာ

နောက်တစ်ခု… မြန်မာစာ။ ၁၉၈၀ ပြည့်နှစ် စနစ်သစ် ပရိယတ္တိပညာရေးစီမံကိန်းအရ ရဟန်းတော်တို့၏ ပညာရေးအတွက် ပရိယတ္တိပညာရေးမူလေးချက် ချမှတ်ခဲ့ရာ ရဟန်းတော်များ မြန်မာစာပေ အရေးအသား တော်စေရေးဟူသော မူတစ်ချက် ပါဝင်ခဲ့သည်။ ထိုစနစ်သစ်ပညာရေးစီမံကိန်းအရ မူ၊ငယ်၊လတ်၊ကြီးဟူသော ပထမပြန်စာမေးပွဲများအတွက် မြန်မာစာကို ဘာသာရပ်တစ်ခုအနေဖြင့် ပြဋ္ဌာန်းပေးခဲ့သည်။ မြန်မာစာဘာသာရပ်၌ အရှင်မဟာရဋ္ဌသာရ၊ စဉ့်ပါဆရာတော်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်စသည့် ရဟန်းပညာရှင်တို့၏ ပျို့ကဗျာတို့ကို မြည်းစမ်းခွင့် ရသည့်အပြင် မင်းဘူးဆရာတော် ဦးဩဘာသ၊ ကျီးသဲလေးထပ်ဆရာတော်တို့၏ မြန်မာစကားပြေ အရေးအသားတို့ကိုလည်း လေ့လာအကဲခတ်ခွင့် ရခဲ့သည်။ မြန်မာစာလုံးပေါင်း သတ်ပုံ၊ ခက်ဆစ်၊ ဝါကျစီ၊ စာစီစာကုံးစသည့် မြန်မာစာ အရေးအသားတော်စေမည့် သင်ခန်းစာများလည်း ပါဝင်ခဲ့သည်။ ပထမပြန်အတန်းများတွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာစာဘာသာမှာ ပြည့်စုံလုံလောက်မှု မရှိခဲ့သော်လည်း မြန်မာစာပေကို ဆက်လက်လေ့လာရန် လမ်းစ ဖော်ပေးနိုင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှစ၍ မြန်မာစာအစား ဇာတကဘာသာရပ်ကို အစားထိုးလိုက်သည်။ လူပုဂ္ဂိုလ်တို့အနေနှင့် သူငယ်တန်းမှစ၍ ဒေါက်တာဘွဲ့အထိ မြန်မာစာကို ဘာသာရပ်တစ်ခုအနေဖြင့် သင်နေကြချိန်တွင် ရဟန်းတော်တို့အတွက် အဘယ့်ကြောင့် မြန်မာစာကို ဖြုတ်ပယ်ခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။ စာရေးသူသည် ၁၉၉၈ ခုနှစ်တွင် ပထမကြီးတန်း အောင်မြင်ခဲ့သည်။ မြန်မာစာကို မူ၊ငယ်၊လတ်၊ကြီး လေးတန်းလုံး၌ သင်ကြားခွင့် ရခဲ့သူတစ်ယောက်အနေဖြင့် ကံကောင်းခဲ့သည်။ ထိုအတွက်လည်း မိမိကိုယ်ကို မိမိ အမြဲဂုဏ်ယူလေ့ရှိပါသည်။

မြန်မာစာအကြောင်း စဉ်းစားလေတိုင်း ဆယ်တန်းကျောင်းသူတစ်ယောက်ကို ရည်းစားစာ ပေးခဲ့သည့် ကိုရင်ကြီးအကြောင်းက ခေါင်းထဲ အမြဲ ဝင်လာတတ်သည်။ စာရေးသူအသိ ထိုကိုရင်ကြီးမှာ မြန်မာစာမပါသည့် သင်ရိုးညွှန်းတမ်းဖြင့် အကြီးတန်း အောင်မြင်ခဲ့သူဖြစ်၍ မြန်မာစာကို တသီးတသန့် သင်ကြားခွင့် မရခဲ့ပါ။ လူငယ်တို့၏ ဘာသာဘာဝအတိုင်း ဇာတိရွာက ဆယ်တန်းကျောင်းသူ အပျိုချောတစ်ယောက်ကို ချစ်ကြိုက်နေခဲ့သည်။ ပါးစပ်က ဖွင့်မပြောရဲသူဆိုတော့ စာလွှာဖြင့် ချစ်ခွင့်ပန်သည်။ မိန်းကလေးက သူ့ပေးသည့်စာကို ယူသွားပါသည်။ ကိုရင်ကြီးကား မျှော်လင့်ချက် အပြည့်ဖြင့် စောင့်စားရင်း ပျော်ရွင်နေခဲ့သည်။ ဆယ်တန်းကျောင်းသူ မိန်းကလေးကား ရက်စက်လှသည်။ နောက်တစ်နေ့မနက် ကိုရင်ကြီး ပေးခဲ့သည့် ရည်းစားစာကို လူအများ မြင်အောင် လူတကာ ရေလာခတ်သည့် ရေတွင်းမှာ သွားကပ်ထားလိုက်သည်။ ပိုဆိုးသည်ကား ကိုရင်ကြီးစာထဲမှ သတ်ပုံအမှားများအောက်မှာ မှင်နီတားပြီး “သတ်ပုံမှန်အောင် ကြိုးစားပါဦး” ဟု ရေးထားခြင်း ဖြစ်သည်။

မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ရဟန်းတော်အချို့၏ အတွေးထက်ထက် ဘာသာရေးဆောင်းပါးတို့ကို ဖတ်ရှုရတော့ သူတို့ကို ဂုဏ်ယူအားကျစိတ် ဖြစ်မိသည်။ ထိုရဟန်းတော်တို့၏ နောက်ကြောင်း အတ္ထုပ္ပတ္တိကို စူးစမ်းကြည့်သောအခါ နိုင်ငံတော်ပရိယတ္တိသာသာနာ့တက္ကသိုလ်ထွက်များ ဖြစ်နေကြောင်း သိရသည်။ အင်တာနက် စာမျက်နှာများပေါ်မှ လူအဖတ်များပြီး အရေးအသား ကောင်းမွန်သည့် ရဟန်းတော်တို့၏ ဝက်ဆိုက်တို့ကို လည်ပတ်သည့်အခါတိုင်း ထိုဆိုက်ဖန်တီးရှင်တို့၏ ကောက်ကြောင်းကို ခြေရာခံကြည့်မိသည်။ ထိုသူတို့မှာ များသောအားဖြင့် သာသနာ့တက္ကသိုလ်ထွက်များ ဖြစ်နေပါသည်။ အကြောင်းကို ရှာကြည့်သော အခါ ထိုအရှင်တို့မှာ တက္ကသိုလ်တက်စဉ် လေးနှစ်လုံး မြန်မာစာနှင့် မြန်မာစာပေ (Myanmar Language and literature)ကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားခဲ့ရသည့်အပြင် ဘွဲ့ရရန်အတွက် မြန်မာစာဖြင့် ကျမ်းတစ်ဆောင်၊ ပေတစ်ဖွဲ့ ရေးခဲ့ရသောကြောင့် ဖြစ်ပါသည်။ ပထမပြန်အတန်းများတွင်သာ မြန်မာစာကို အခြေခံသဘောမျိုး သင်ခဲ့ရပြီး မြန်မာစာမပါသည့် အစိုးရဓမ္မာစရိယတန်းကို ကြိုးစားပမ်းစား ဖြေဆိုခဲ့ရသည့် စာရေးသူတို့အနေနှင့် တကယ်တမ်း လုပ်ငန်းခွင် ဝင်ကြသောအခါ သာသနာ့တက္ကသိုလ်ထွက်များထက် ခြေတစ်လှမ်း နောက်ကျ ကျန်နေခဲ့ပါသည်။ မြန်မာစာမပါသည့် သင်ရိုးညွှန်းတမ်းကို သင်ခဲ့ရသည့် ရဟန်းတော်တို့အတွက်ကား မြန်မာစာပေနှင့် ပက်သက်၍ ခြေလှမ်းပေါင်းများစွာ နောက်ကျကျန်ခဲ့မှာ သေချာလှသည်။

မြန်မာစာသည် မြန်မာတို့အတွက် မိခင်ဘာသာစကား ဖြစ်သည်။ ကိုယ့်မိခင် ဘာသာစကားကို ကျွမ်းကျင်မှု မရှိလျှင် ပါဠိ၊ အင်္ဂလိပ်၊ တရုတ်စသည့် ဘာသန္တရစာပေကို လေ့လာရာ၌ အပြည့်အဝ နားလည်နိုင်၊ ခံစားနိုင်မည် မဟုတ်။ မိခင်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်လျှင် အခြားဘာသာစကားတစ်ခုကို သင်ကြားရာ၌ ငါးဆယ်ရာခိုင်နှုန်း အထောက်အကူပြုသည်ဟုပင် ဘာသာဗေဒပညာရှင်အချို့က ဆိုသည်။ ရဟန်းတော်တို့အနေဖြင့် ကိုယ်သင်ကြားခဲ့သည့် ပါဠိစာပေထဲမှ မြတ်ဗုဒ္ဓ၏ ဓမ္မတို့ကို မြန်မာလူမျိုးတို့အား ပြန်လည်ဖြန့်ဝေရာ၌ မြန်မာစာကို အသုံးပြုရမည်ဖြစ်သည်။ မြန်မာစာ ညံ့လျှင် အဓိပ္ပါယ်လေးနက်သည့် ပါဠိစာပေကို မြန်မာစကားဖြင့် လည်လည်ဝယ်ဝယ် ရှင်းပြနိုင်မည် မဟုတ်ပါ။ ဗုဒ္ဓတရားတော်တို့ကို မြန်မာစာဖြင့် ရှင်းရှင်းလင်းလင်း ရေးသားရန်မှာ သာ၍ပင် ခတ်ပါလိမ့်မည်။ မြန်မာရဟန်းတော်တို့အနေနှင့် (၁၇) ရာစုခန့်တွင်မှ ခက်ခဲနက်နဲသည့် အဘိဓမ္မာဆိုင်ရာ ဗုဒ္ဓကျမ်းစာအားလုံးကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်ခဲ့ကြသည်။ ထိုသို့ ခက်ခဲနက်နဲသည့် အဘိဓမ္မာကျမ်းစာတို့ကို မြန်မာဘာသာ သက်သက်ဖြင့် ပြန်ဆိုနိုင်ခဲ့ခြင်းကိုပင် မြန်မာစာပေ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှု၏ သင်္ကေတအဖြစ် ပညာရှင်အချို့က မှတ်ချက်ပေးခဲ့ကြသည်။

ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်စေရန် ရဟန်းတော်များနှင့် လူပြန်တော်များမှ အဓိက ဦးဆောင်ခဲ့ကြသည်။ ခေတ်အဆက်ဆက် ပြုစုခဲ့ကြသည့် မြန်မာစာပေနှင့် ပက်သက်သမျှ ပျို့၊ ကဗျာ၊ လင်္ကာနှင့် စကားပြေတို့၏ လက်ရာရှင်တို့ကို ကြည့်လိုက်သည့်အခါ ရဟန်းတော်များနှင့် လူပြန်တော်များ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာစာပေကို ရဟန်းတော်တို့က ဦးဆောင်ခဲ့သည့်အတွက် ရေးသားခဲ့သမျှ စာပေတို့မှာလည်း သူတစ်ပါးကျေးဇူး သိတတ်မှု၊ ငဲ့ငြာထောက်ထားမှု၊ မေတ္တာကရုဏာ၊ ဘဝလွတ်မြောက်မှုစသည့် ဗုဒ္ဓဘာသာ၏ အငွေ့အသက်တို့ ထုံမွမ်းနေခဲ့သည်။ ယခုတော့ ထိုသို့ မဟုတ်ပြီ။ အင်္ဂလိပ်ခေတ်မှစ၍ ယနေ့အချိန်အထိ ရဟန်းတော်တို့၏ မြန်မာစာပေ ကျွမ်းကျင်မှုနှင့် စာပေရေးသားမှု လျှော့နည်းသွားခဲ့ပါသည်။ ဗုဒ္ဓတရားတော်တို့ုကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် ရဟန်းတော်တို့အနေဖြင့် ဗုဒ္ဓတရားတော်တို့ကို ခေတ်အမြင်၊ ခေတ်အတွေးဖြင့် အများပြည်သူ သိရှိရန် မြန်မာစာဖြင့် ရေးသား ချပြရမည် ဖြစ်သည်။ ထိုသို့ချပြရန် မြန်မာစာ ကျွမ်းကျင်ဖို့ လိုအပ်ပါသည်။ ပါဠိစာပေ ကျွမ်းကျင်သည့် ရဟန်းတော်တို့အနေဖြင့် ပါဠိဝေါဟာရများ၊ ပါဠိသက်ဝေါဟာရများ၊ ဗုဒ္ဓစာပေ အတွေးအခေါ်များ လွမ်းမိုးနေသည့် မြန်မာစာပေကို ဦးဆောင်ရန် သင့်လှသည်။ ထိုသို့ ဦးဆောင်သူ ဖြစ်ရန်မှာ ပထမအဆင့်အနေဖြင့် ရဟန်းတော်တို့၏ ပညာရေးစနစ်အတွင်း မြန်မာစာကို ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း ပြဋ္ဌာန်းရပေလိမ့်မည်။

သမိုင်း

စာရေးသူ အံ့ဩမဆုံး ဖြစ်မိသောအရာကား ပါဠိပထမပြန်နှင့် အစိုးရဓမ္မာစရိယ ပြဋ္ဌာန်းကျမ်းစာတို့တွင် သမိုင်းဘာသာရပ် မပါခြင်း ဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် အတိတ်ကာလက ဖြစ်ပျက်ခဲ့သမျှထဲမှ သင်ခန်းစာယူရန်နှင့် အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်ရန် သမိုင်းကို လေ့လာဖို့ လိုအပ်ပါသည်။ သမိုင်းကို မသိသောသူမှာ လူအတစ်ယောက်နှင့် ခြားမည်မဟုတ်ကြောင်း သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းက ဆိုခဲ့သည်။ ဗုဒ္ဓသာသနာ့သမိုင်း၊ အခြားဘာသာကြီးတို့၏ သမိုင်းဇစ်မြစ်ကို ဂဃနဏ မသိသော ရဟန်းတော်တို့မှာ ဘာသာခြားများနှင့် ပြောဆိုဆွေးနွေးသောအခါ အအတစ်ယောက်ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ဗုဒ္ဓဘာသာ၏ အနေအထားကိုလည်း မှန်မှန်ကန်ကန် အကဲဖြတ်နိုင်မည် မဟုတ်ပါ။ ရဟန်းတော်တို့အနေဖြင့် မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းတို့ကိုလည်း လေ့လာသင့်လှသည်။ သို့မှသာ မိမိတို့ ကျင်လည်နေသည့် ခေတ်ကာလနှင့် လိုက်လျောညီထွေ စဉ်းစားနိုင်၊ ဝေဖန်ပိုင်းခြားနိုင်၊ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ မိမိတို့အနေဖြင့် ယခုလို အိုင်တီခေတ်ကြီးမှာ အရှင်မဟာဗုဒ္ဓဃောသခေတ်က အတွေးအခေါ် အယူအဆနှင့် လုပ်နည်းလုပ်ဟန် အားလုံးကို ထပ်တူ ကူးနေချလျှင် ရူးနှမ်းရာ ကျပေလိမ့်မည်။

ဓမ္မစက္ကပဝတ္တနသုတ္တန်၊ အနတ္တလက္ခဏသုတ္တန်၊ ဗြဟ္မဇာလသုတ္တန် စသည့် မြတ်စွာဘုရား ဟောကြားခဲ့သည့် ဒေသနာတော်တို့ကို သမိုင်းအမြင်မပါဘဲ လေ့လာလျှင် အပြည့်အဝ နားလည် သဘောပေါက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တက္ကသိုလ်ပညာရေးစနစ်များ၌ ဗုဒ္ဓစာပေကို လေ့လာသည့်အခါ ထိုခေတ်ကာလက အိန္ဒိယနောက်ခံ သမိုင်းနှင့် တွဲဖတ်လေ့လာကြခြင်း ဖြစ်သည်။ ပါဠိပိဋကတ်ထဲမှ မြတ်စွာဘုရား၏ ဘဝဖြစ်တော်စဉ်များမှာ ပြည့်စုံမှုမရှိ။ ဟိုတစ သည်တစ ပြန့်ကြဲနေသည်။ ဘုရားကိုယ်တိုင် ပြောပြခဲ့သည့် သူ့အကြောင်း သုတ္တန်အချို့နှင့် သူဟောသည့် တရားတော်တို့ကို လေ့လာ အကဲဖြတ်ပြီး ဗုဒ္ဓဝင်ကို ပုံဖော်ယူကြရခြင်း ဖြစ်သည်။ ထို့အပြင် မြတ်စွာဘုရား၏ အနီးစပ်ဆုံး ဘဝပုံရိပ်နှင့် လုပ်ဆောင်ချက်တို့ကို ပိုမို သိရှိနိုင်ရန် ဘီစီခြောက်ရာစု အိန္ဒိယနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းကို လေ့လာဖို့ လိုအပ်ပါသည်။ ထိုမှသာ မြတ်စွာဘုရားကို အကြောက်တရားကို အခြေခံသည့် တန်ခိုးရှင်ကိုးကွယ်မှုကို ဖယ်ရှားပေးခဲ့သူ၊ အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် လူလူချင်း ဇာတ်ခွဲခြားမှုစနစ်ကို တွန်လှန်တိုက်ဖျက်ခဲ့သူ၊ ဘိက္ခုနီသာသနာကို စတင်တည်ထောင်ခြင်းအားဖြင့် အဖိနှိပ်ခံ အမျိုးသမီးတို့၏ အခွင့်အရေးကို မြှင့်တင်ပေးခဲ့သူ စသည်ဖြင့် ပိုမိုနားလည် ကြည်ညိုနိုင်မည် ဖြစ်သည်။

စာရေးသူအနေဖြင့် ပထမပြန်နှင့် အစိုးရဓမ္မာစရိယ ကျောင်းသင်ခန်းစာထဲမှာ သမိုင်းဘာသာရပ်ကို သင်ကြားခွင့် မရခဲ့သော်လည်း ဗုဒ္ဓဘာသာသမိုင်း၊ အခြားဘာသာကြီးတို့၏ သမိုင်း၊ မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းတို့ကို လက်လှမ်းမှီသမျှ ဖတ်ရှုခဲ့ပါသည်။ အကျိုးဆက်အဖြစ် အကြောင်းအရာတစ်ခုကို ဘက်ပေါင်းစုံမှ ဝေဖန်သုံးသပ်နိုင်သည့်အပြင် နယ်ပယ်စုံမှ မည့်သည့်ပုဂ္ဂိုလ်မျိုးနှင့်မဆို အဆင်တပြေ ပြောဆို ဆွေးနွေးနိုင်ခဲ့သည်။ သမိုင်းကို ကြေညက်အောင် ဖတ်ရှု့ထားသူ တစ်ယောက်အတွက် အရာရာတိုင်းက အပေါ်မှ မိုးကြည့်ရသကဲ့သို့ ထင်ရှား ပြတ်သားနေပါလိမ့်မည်။ သမိုင်းထဲမှာ ပျော်ရွင်စရာ၊ အားတက်စရာတွေ ရှိသည်။ စိတ်အားငယ်စရာ၊ သင်ခန်းစာ ယူစရာတွေလည်း ပါလိမ့်မည်။ သမိုင်းကို သင်ယူခြင်းအတွက် အကောင်းဆုံး အကျိုးရလဒ်မှာ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်ပြီး သမိုင်းစဉ်တွင် အခန့်သင့် နေရာယူနိုင်ခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓစာပေ သင်ကြားရေးတွင် နာမည်ကြီးသည့် သီရိလင်္ကာနိုင်ငံ ကေလနီယတက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူ တစ်ယောက်အနေနှင့် တက္ကသိုလ်က ပြဋ္ဌာန်းထားသည့် ဘာသာရပ်တို့ကို ဂရုတစိုက် လေ့လာဖြစ်ခဲ့သည်။ စာရေးသူတို့ တက်ရောက်ခဲ့သည့် ၂၀၀၈-ခုနှစ် M.A တန်းမှာ ဘာသာရပ် ဆယ့်သုံးခု သင်ကြားပေးသည်။ ထိုအထဲမှ ကျောင်းသားတစ်ယောက် အနေဖြင့် ခြောက်ဘာသာ သင်ယူရပါသည်။ သုံးဘာသာကို မယူမနေရဘာသာ (Compulsory Subject) အဖြစ် သက်မှတ်ထားပြီး ကျန်သုံးဘာသာကိုတော့ မိမိကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်သည်။ တက္ကသိုလ်မှ သင်ကြားပေးသည့် ဘာသာရပ် အားလုံးနီးပါး သမိုင်းနှင့် မကင်းသည်ကို တွေ့ရသည်။ ထိုအထဲမှ မဖြစ်မနေ ဘာသာရပ်တစ်ခုအဖြစ် သင်ရသည့် (Theravada Tradition: A Historical and Doctrinal Study)မှာ စာရေးသူ အနှစ်သက်ဆုံး ဘာသာရပ်တစ်ခု ဖြစ်ခဲ့သည်။ ထိုဘာသာရပ်က ထေရဝါဒစတင် ဖြစ်ပေါ်လာပုံ၊ ထေရဝါဒပိဋကတ်၊ မဟာဝိဟာရနှင့် အရှင်မဟာဗုဒ္ဓဃောသတို့၏ အခန်းကဏ္ဍ၊ ထေရဝါဒဗုဒ္ဓဘာသာနှင့် ပါဠိ၊ နောက်ပေါ်ကျမ်းများဖြစ်သည့် ပေဋကောပဒေသ၊ နေတ္တိပ္ပကရဏနှင့် မိလိန္ဒပဥှာစစ်တမ်း၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါး၊ နိဗ္ဗာန်စသည့် ထေရဝါဒဗုဒ္ဓဘာသာ၏ အစဉ်အလာ၊ စံတို့ကို ပိဋကတ်ကျမ်းစာ အကိုးအကားများအပြင် သမိုင်းအမြင်ဖြင့်ပါ ချည်းကပ် သင်ကြားပေးသောကြောင့် အသိသစ်၊ အတွေးသစ်တို့ တိုးခဲ့ရသည်။ ထိုနှစ်က တက္ကသိုလ်မှ သင်ကြားပေးသည့် ဘာသာရပ်တို့ကို လေ့လာအပြီး သမိုင်းကို ဘာသာရပ်တစ်ခုအနေနှင့် အလေးထား သင်ကြားသင့်ကြောင်း ပိုပြီး နားလည်လာခဲ့ပါသည်။

မြန်မာရဟန်းတော်အများစု တက်ရောက် ပညာသင်ကြားနေသည့် ကေလနီယတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကား တစ်နှစ်နှင့် တစ်နှစ် ပုံစံမတူ။ ၂၀၀၉-ခုနှစ် သင်ရိုးညွှန်းတမ်းမှာ စာရေးသူ တက်ရောက်ခဲ့သည့် ၂၀၀၈-ခုနှစ်က ဘာသာရပ်အချို့ကို ဖြုတ်ပြီး ဘာသာရပ်အသစ်တို့ဖြင့် အစားထိုးခဲ့သည်။ မေဂျာရွေးချယ်မှု ပုံစံကိုလည်း ပြင်ဆင် သက်မှတ်ထားပါသည်။ ၂၀၁၀ အတွက်လည်း သင်ရိုးညွှန်းတမ်း အနည်းငယ် ပြောင်းလဲထားတာ သတိထားမိသည်။ ထိုသို့ လိုအပ်သလို ပြောင်းလွယ်ပြင်လွယ်ရှိခြင်းသည်ပင် ဤတက္ကသိုလ်၏ အောင်မြင်မှုအတွက် လျှို့ဝှက်ချက်တစ်ခုအဖြစ် ကောက်ချက်ချမိသည်။ “လောကကြီးက အပြောင်းအလဲကို မုန်းတီးတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲကပဲ တိုးတက်မှုကို ယူဆောင်လာတယ်” Charles Ketterring ဆိုသည့် အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး ပြောခဲ့သောစကား…။ မြန်မာရဟန်းတော်တို့၏ ပညာရေးစနစ်ကို စဉ်းစားမိတိုင်း နာမည်ကျော် လုပ်ငန်းရှင်ကြီး ပြောခဲ့သည့် ထိုစကားလေးကို အမြဲ ကြားယောင်မိသည်။ အပြောင်းအလဲဟုဆိုသော်လည်း ပြောင်းလဲတိုင်း ကောင်းမည်တော့ မဟုတ်။ သို့သော် ခေတ်၊ စနစ်နှင့် လိုက်လျှောညီထွေရှိမည့် လိုအပ်သော အပြောင်းအလဲကိုတော့ ရဲရဲဝံ့ဝံ့ ပြုလုပ်ရမည်။ သို့မှသာ ထိုအပြောင်းအလဲများမှ တဆင့် တိုးတက်မှုကို မြင်တွေ့နိုင်မည် ဖြစ်သည်။

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com2tag:blogger.com,1999:blog-2241954213843080230.post-46992989518495665122010-01-19T03:17:00.015+08:002023-07-11T17:02:15.067+08:00ပထမဆုံး ခြေလှမ်းနှင့် လင်္ကာတမန်မဂ္ဂဇင်း

ခရီးစဉ်တိုင်းအတွက် ပထမဆုံး ခြေလှမ်းသည် အခက်အခဲဆုံး ဖြစ်ကြောင်း တရုတ် အတွေးအခေါ် ပညာရှင်ကြီး ကွန်ဖြူးရှပ်က ဆိုခဲ့သည်။ လုပ်ငန်း တစ်ခုကို အောင်အောင်မြင်မြင် လုပ်ဖူးသူတိုင်း ထိုစကားကို သဘောကျ နှစ်သက်ကြလိမ့်မည် ထင်ပါသည်။ ခရီးတစ်ခု စတင်ထွက်ခွာဖို့ ပထမဆုံးခြေလှမ်းကို ကြိုတင် ပြင်ဆင်မှု၊ စုပေါင်းလုပ်ဆောင်မှု တို့အပြင် ယုံကြည်ချက်ပါ ပေါင်းစပ်ထည့်ရန် လိုအပ်သည်။ စုပေါင်း လုပ်ဆောင်မှုဖြင့် ခရီးဆက်ရသည့် မည်သည့် လုပ်ငန်းမဆို ပထမဆုံး ခြေလှမ်းမှာ အများသူငါ ယုံကြည်မှု ရအောင် လုပ်ဆောင်ဖို့ လိုအပ် လှပါသည်။ (၂၊ ၁၊ ၂၀၁၀) နေ့က ပြုလုပ်ခဲ့သည့် လင်္ကာတမန် မဂ္ဂဇင်း မိတ်ဆက်ပွဲက မကုဋာရာမ မြန်မာကျောင်း အလှည့်ကျ နာယက ဆရာတော်များ အပါအဝင် သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များ၏ ယုံကြည်မှုကို ရယူနိုင်ခဲ့၍ လင်္ကာတမန် မဂ္ဂဇင်း၏ ပထမဆုံး ခြေလှမ်းကို စတင်နိုင်ရန် တွန်းအားပေးခဲ့သူ တစ်ဦးအနေနှင့် ဝမ်းသာရပါသည်။

၂၀၀၉ ခုနှစ် နှစ်ဦးပိုင်း ပြုလုပ်ခဲ့သည့် သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ အစည်းအဝေးတစ်ခု၌ သီရိလင်္ကာမှာ မြန်မာရဟန်းတော်များ စုပေါင်းထုတ်ဝေသည့် မဂ္ဂဇင်း တစ်စောင် ရှိသင့်ကြောင်း အဖွဲ့ဝင် ဆရာတော်တစ်ပါးမှ အကြုံခဲ့သည်။ ထိုအချိန်မှစ၍ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် အချင်းအချင်း ပြောဆို ဆွေးနွေးခဲ့ကြသည်။ စည်းဝေးသည့် အဆင့်သို့ကား မရောက်သေး။ စာရေးသူတို့ အနေနှင့် (၂၀၀၈) ခုနှစ် ကေလနိယတက္ကသိုလ် ကျောင်းသားမှတ်တမ်း ဗီစီဒီခွေကို စုပေါင်း လုပ်ဆောင်ခဲ့ကြသည့် အတွေ့အကြုံဖြင့် မဂ္ဂဇင်းတစ်စောင်ကိုလည်း စုပေါင်း ထုတ်ဝေနိုင်မည်ဟု ယုံကြည်ခဲ့ကြပါသည်။ သို့သော် မဂ္ဂဇင်း ထုတ်ဝေဖို့ အဓိက အဟန့်အတား ဖြစ်သည့် တောင်ကြီးနှစ်လုံးကို ကျော်လွှားရန် ယုံကြည်ချက် ပြင်းထန်ဖို့တော့ လိုအပ်ကြောင်း ရိပ်စားမိခဲ့ကြပါသည်။ ထိုတောင်ကြီး နှစ်လုံးမှာ အဆင့်မီသည့် စာမူများ ရရှိနိုင်မှု ရှိ၊ မရှိနှင့် ဘဏ္ဍာငွေကြေး ဖြစ်သည်။ ထိုအတွင်း သီရိလင်္ကာနိုင်ငံသို့ အလည်အပတ် ရောက်လာသည့် စင်္ကာပူနိုင်ငံ ဓာတ်တော်တိုက်ဆရာတော်မှ ငွေရေးကြေးရေးနှင့် လိုအပ်သည့် အကူအညီအချို့ကို သူတက်စွမ်းသမျှ ကူညီမည်ဖြစ်ကြောင်း ပြောကြားလာ၍ အားတက်ခဲ့ရသည်။ အများအတွက် အကျိုးရှိမည်ထင်သည့် မည်သည့်လုပ်ငန်းကိုမဆို အမြဲ အားပေးလေ့ရှိသည့် ပီနန်ဆရာတော်ကြီး ရှိနေ၍လည်း ငွေရေးကြေးရေး အတွက် ပူပန်စိတ်တွေ ပျောက်ခဲ့ရသည်။

မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖေါ်ရန် (၁၉၊ ၃၊ ၂၀၀၉) နေ့ နှင့် (၂၀၊ ၃၊ ၂၀၀၉) နေ့တို့၌ အကြိုစည်းဝေးပွဲများ ပြုလုပ်ပြီး ဦးတည်ချက်ချမှတ်ခြင်း၊ မဂ္ဂဇင်းအမည် ရွေးချယ်ခြင်း၊ ဖွဲ့စည်းပုံရေးဆွဲခြင်း စသည့် အခြေခံလိုအပ်ချက်တို့ကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။ အထူးသဖြင့် မဂ္ဂဇင်းအမည် ရွေးချယ်ခြင်းက အရေးပါသကဲ့သို့ စိတ်လှုပ်ရှားစရာလည်း ကောင်းပါသည်။ တက်ရောက်လာကြသည့် သံဃာတော်များမှ အမည်ရှစ်မျိုးကို တင်ပြခဲ့ကြသည်။ စာရေးသူအနေနှင့်လည်း “လင်္ကာမြေ” ဟူသော အမည်ကို တင်ပြခဲ့သည်။ သို့သော် စာရေးသူ တင်ပြခဲ့သည့် အမည်က တတိယသာ ချိပ်ခဲ့သည်။ တင်ပြလာသည့် အမည်ရှစ်မျိုးအနက် ဦးပညာဒီပ (မလေးရှား)၏ “လင်္ကာတမန်” ဟူသော အမည်က မဲအများဆုံး ရပြီး မဂ္ဂဇင်းအမည် ဖြစ်သွားသည်။

“လင်္ကာတမန်” ဟူသောအမည်တွင် စကားလုံးနှစ်ခု ပါဝင်ပြီး ‘လင်္ကာ’ ဆိုသည်မှာ သီရိလင်္ကာနိုင်ငံ၌ အဆင့်မြင့် ဗုဒ္ဓစာပေများ သင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော်အားလုံးကို ရည်ညွှန်းပါသည်။ ‘တမန်’ ဟူသော အသုံးအနှုန်းမှာ ထိုမြန်မာကျောင်းသား ရဟန်းတော်တို့ ရေးသားတင်ပြသော ၎င်းတို့၏ ဘဝအတွေ့အကြုံ၊ အတွေးအခေါ်အယူအဆနှင့် စာပေသင်ကြားမှုစသည့် သတင်းစကားကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာလူမျိုး ရဟန်းရှင်လူပြည်သူတို့ သိရှိနိုင်ရန် မဂ္ဂဇင်းအသွင်ဖြင့် ‘တမန်’ စေလွှတ်ခြင်းကို ဆိုလိုပေသည်။ အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုမှုအရ “လင်္ကာတမန်” ဟူသော အမည်မှာ အဓိပ္ပါယ် လေးနက်လှပါသည်။ ဤနေရာ၌ လင်္ကာတမန်မဂ္ဂဇင်း၏ လိုဂိုကို စိတ်ရှည်လက်ရှည် ရေးဆွဲပေးခဲ့သည့် အရှင်တေဇနိယာလင်္ကာရ (ပဲခူး)ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ထိုအကြို စည်းအဝေးပွဲများအတွင်း အချိန် အတော်ကြာ ဆွေးနွေးခဲ့ရသည့် အကြောင်းအရာ တစ်ခုမှာ ထုတ်ဝေမည့် မဂ္ဂဇင်းတွင် နိုင်ငံရေးနှင့် ပက်သက်သည့် စာမူများ ထည့်သွင်းခြင်း ပြုရေး၊ မပြုရေး ကိစ္စဖြစ်သည်။ တစ်ဖတ်နှင့် တစ်ဖတ် ကိုယ့်အမြင်၊ သူ့အမြင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံး နိုင်ငံရေးနှင့် ပက်သက်သည့် စာမူများကို ထည့်သွင်းခြင်း မပြုရန် မွဲခွဲဆုံးဖြတ် ခဲ့ကြပါသည်။ ယခု ထုတ်ဝေသည့် မဂ္ဂဇင်းမှာ မြန်မာပြည်တွင်းမှ ရဟန်းတော်များနှင့် ဒကာ၊ ဒကာမတို့အတွက် အဓိကထားပြီး ပညာရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ကို အသားပေး ဖော်ပြမည် ဖြစ်၍ ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံရေးမှာ ပညာရေး၊ ဘာသာရေးစသည့် အရေးမှန်သမျှတို့နှင့် ခွဲမရအောင် စပ်ဆက်နေသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စာပေစိစစ်ရေးမူကြောင့် နိုင်ငံရေးသဘော ပါဝင်နေသည့် စာမူများကို မထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြ ရခြင်း ဖြစ်သည်။ ထိုအစည်းအဝေးများမှာ ဒီမိုကရေစီနည်းအရ မဲခွဲဆုံးဖြတ်ခြင်းကို ကျင့်သုံးခဲ့၍ ထူးခြားပါသည်။

(၂၁၊ ၃၊ ၂၀၀၉) ရက်နေ့မှာတော့ မကုဋာရာမ မြန်မာကျောင်း၌ သံဃာစုံညီ အစည်းဝေးပြုလုပ်ပြီး လင်္ကာတမန် အမည်ဖြင့် မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရေးကို နောက်ဆုံး အတည်ပြုခဲ့ကြပါသည်။ (၂၃၊ ၃၊ ၂၀၀၉) ရက်နေ့ သံဃာစုံညီ အစည်းအဝေးမှ မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသူတို့ကို ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြသည်။ ခြောက်ပါး ပါဝင်သည့် အယ်ဒီတာအဖွဲ့ကိုတော့ ကော်မတီမှ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအစည်းအဝေးမှ စာမူနောက်ဆုံး ပေးပို့ရမည့်ရက်ကို (၃၁၊ ၅၊ ၂၀၀၉) ရက်နေ့အဖြစ် သက်မှတ်ခဲ့ကြပါသည်။ ထိုသို့ စာမူပို့ရက်ကို သုံးလ သက်မှတ်သည်ကို အချိန်ကြာလွန်းကြောင်း အကြောင်းပြ၍ ကန့်ကွတ်ခဲ့ကြသူများလည်း ရှိသည်။ မည်သို့ဆိုစေ ပထမခြေလှမ်းအတွက် အချိန်ယူရမည် မဟုတ်လော။

မဂ္ဂဇင်းတစ်စောင် ထုတ်ဝေမည်ဆိုတော့ အိန္ဒိယနိုင်ငံက မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ နဝမအကြိမ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေရေး တာဝန်ခံဆရာတော် ဦးပညာသာမိ၊ စင်္ကာပူနိုင်ငံမှ ရွှေမြန်မာမဂ္ဂဇင်း ထုတ်နေသည့် ဒေါက်တာခင်မောင်ဝင်း အပါအဝင် ပြည်တွင်း၊ ပြည်ပမှ အတွေ့အကြုံ ရှိသည့် ပုဂ္ဂိုလ်တို့ကို မေးမြန်းရသည်။ စာပေနှင့် စာအုပ်ထုတ်ဝေရေး အတွေ့အကြုံ အတန်အသင့် ရှိကြသည့် အယ်ဒီတာ ဆရာတော်တို့၏ အကြံဉာဏ်ကလည်း ယုံကြည့်မှုကို ဖြစ်စေပါသည်။ ထိုအတွင်း မဂ္ဂဇင်း ထုတ်ဝေရန် ငွေကြေးလှူဒါန်းကြမည့် အလှူရှင်တွေ အမည်ထွက်လာတော့ မဂ္ဂဇင်း ဖြစ်မြောက်ရေးက တစ်ဝက် သေချာသွားပါသည်။ ဖြစ်ပေါ်မလာသေးသည့် မဂ္ဂဇင်းအတွက် ယုံကြည်မှုအပြည့်ဖြင့် လှူဒါန်းကြသူတို့မှာ… မလေးရှား ပီနန်ဆရာတော်ကြီးမှ မလေးရှား ရင်းဂစ် (၁၀၀၀၀)၊ စင်္ကာပူ ဓာတ်တော်တိုက် ဆရာတော်မှ စင်္ကာပူဒေါ်လာ (၅၀၀)၊ ဦးသောပါကမှ ယူရို (၃၀၀)နှင့် ဒေါ်နန်းလောင်ဝမ် မိသားစုမှ စင်္ကာပူ (၁၀၀) တို့ ဖြစ်သည်။ လိုအပ်သည့် အချိန်၊ လိုအပ်သည့်နေရာတွင် ယုံကြည်မှုအပြည့်ဖြင့် လှူဒါန်းကြသည့် ထိုအလှူရှင်တို့မှာ လိုချင်သည့်ဆုကို မတောင်းတဘဲ ရကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဤနေရာ၌ မဂ္ဂဇင်းထုတ်ဝေရန် ဘဏ္ဍာငွေ အလုံအလောက် ရရှိအောင် စွမ်းဆောင်ခဲ့သည့် မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဆရာတော် ဦးဩဘာသာ (အင်ဒို) ကို ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်လိုပါသည်။

စာမူဖိတ်ခေါ်ချိန် သုံးလအတွင်း စာမူ အများအပြား ရောက်လာပါသည်။ သို့သော် အဆင့်မီသည့် စာမူများ အလုံအလောက် မရသေးဟု အယ်ဒီတာအဖွဲ့မှ ဆုံးဖြတ် ပြောဆိုလာ၍ အဆင့်မီသည့် စာမူများ ရရှိရေးနှင့် မဂ္ဂဇင်းထုတ်ဝေရန် စတင် ပြင်ဆင်ရေးကိစ္စတို့ ဆွေးနွေးရန် အစည်းအဝေး ခေါ်ယူခဲ့ပါသည်။ (၃၁၊ ၅၊ ၂၀၀၉) ရက်နေ့က ပြုလုပ်ခဲ့သည့် ထို အစည်းအဝေးမှ သီရိလင်္ကာနိုင်ငံသို့ စာသင်လာကြမည့် မြန်မာ ရဟန်းတော်တို့အတွက် သတင်း အချက်အလက် ပေးနိုင်ရန် သီရိလင်္ကာနိုင်ငံမှ တက္ကသိုလ်များအကြောင်း၊ ဒါနသီရိလင်္ကာအကြောင်း စသည့် သတင်း အချက်အလက်တို့ကို စုစည်းတင်ပြရန် စွမ်းနိုင်သူတို့ကို တာဝန် အသီးသီး ပေးခဲ့ပါသည်။ စာမူပေးပို့ရန် နောက်ဆုံးရက်ကိုလည်း နောက်ထက် ဆယ့်ငါးရက် ထပ်တိုးခဲ့ပါသည်။ ထိုအစည်းအဝေးက မဂ္ဂဇင်းထုတ်ဝေရေးအတွက် စတင် စိုင်းပြင်းဖို့ တွန်းအား ပေးနိုင်ခဲ့ပါသည်။ မူ အတိအကျ သက်မှတ် မထားသော်လည်း သီရိလင်္ကာမှာ စာပေသင်ကြားနေကြသည့် သံဃာတော်များနှင့် သီရိလင်္ကာမှာ စာပေသင်ကြားခဲ့သည့် ရဟန်းတော်တို့ အထံမှသာ စာမူတောင်းရန် ဆွေးနွေးခဲ့ ကြပါသည်။ စာပေ ရေးသားဖူးကြသည့် သံဃာတော်တို့ကို အီးမေးလ်ဖြင့် တသီးတသန့် အကြောင်းကြားပြီး စာမူတောင်းခံခဲ့သည်။ နောက်ဆုံး ပြုလုပ်ခဲ့သည့် အစည်းအဝေးကြောင့် ယုံကြည်မှု တက်လာ၍လား မသိ၊ ဆယ့်ငါးရက်အတွင်း စာမူတွေ တဖွဲဖွဲ ရောက်လာပါသည်။

မဂ္ဂဇင်းတစ်စောင် ဖြစ်ရန် အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသည်။ ထို စည်းဝေးပွဲတို့ကြောင့်လည်း မဂ္ဂဇင်းတစ်စောင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ မဂ္ဂဇင်းကို သီရိလင်္ကာနိုင်ငံတွင် ပုံနှိပ်ရန် စဉ်းစားထားတော့ ပုံနှိပ်တိုက်နှစ်ခုမှ သက်ဆိုင်သူတို့နှင့် တွေ့ဆုံပြီး ကိုယ်ထုတ်ဝေချင်သည့် မဂ္ဂဇင်းအရည်အသွေး၊ စာမျက်နှာ၊ စာအုပ်အရေအတွက်နှင့် ကုန်ကျစရိတ်တို့အတွက် ဆွေးနွေးခဲ့ကြသည်။

စာမူများ ပေးပို့ရက် ကုန်ဆုံးချိန်မှာတော့ အယ်ဒီတာတွေ လုပ်ငန်းစတင်တော့သည်။ အယ်ဒီတာ ခြောက်ပါး တာဝန်ပေးထားသည်။ အင်္ဂလိပ်စာကဏ္ဍ အတွက် အယ်ဒီတာ တစ်ပါးမှ သီးသန့် တာဝန်ယူသည်။ အင်္ဂလိပ်စာကဏ္ဍအတွက် မြန်မာစာစာပေ၊ မွန်စာပေ စသည့် ရှေးဟောင်း တိုင်းရင်းသား စာပေတို့ကို အင်္ဂလိပ်လို ဘာသာပြန်ထားသည့် စာမူများကိုသာ လက်ခံခဲ့ပါသည်။ မြန်မာစာကဏ္ဍအတွက် အယ်ဒီတာ ငါးပါး တာဝန်ယူသည်။ ပေးပို့လာသည့် စာမူများကို အချို့အယ်ဒီတာက တစ်ရာ ရာခိုင်းနှုန်း၊ ရှစ်ဆယ်၊ ငါးဆယ်၊ သုံးဆယ်စသည့် ရာခိုင်းနှုန်းဖြင့် ရွေးချယ်သည်။ အချို့က ရွေးရန် ကောင်းသည့် စာမူ၊ သင့်သည့် စာမူ၊ ပယ်သင့်သည့် စာမူဟူ၍ သုံးမျိုးခွဲကာ ရွေးချယ်သည်။ အချို့က တစ်၊ နှစ်၊ သုံးစသည် အဆင့်ခွဲပြီး ရွေးချယ်သည်။ ပေးပို့လာသည့် စာမူများအားလုံးကို အယ်ဒီတာ တစ်ပါးချင်းစီက ဖတ်ပြီး အယ်ဒီတာ ငါးပါးလုံး ရွေးချယ်သည့် စာမူ၊ လေးပါး ရွေးချယ်သည့်စာမူ၊ သုံးပါး ရွေးချယ်သည့် စာမူဟူ၍ ခွဲခြားလိုက်သည်။ စာမူတစ်ခု ရွေးချယ်ခံရဖို့ အနည်းဆုံး အယ်ဒီတာ သုံးပါး သဘောကျဖို့ လိုအပ်ပါသည်။ ထို ရွေးချယ်ပြီးသား စာမူတို့ကိုလည်း မဂ္ဂဇင်းတွင် ထည့်သွင်းသင့်သည့် စာမူနှင့် အရံအဖြစ် ထားရှိမည့် စာမူဟူ၍ နှစ်မျိုး ခွဲခြားပြန်ပါသည်။

ပထမဆုံး ထုတ်ဝေသည့် မဂ္ဂဇင်းတစ်ခု၏ အယ်ဒီတာတို့၏ တာဝန်ကား ကြီးလှသည်။ ပေးပို့လာသည့် စာမူတို့တွင် ပါဝင်သည့် အချက်အလက်တို့ မှန်ကန်ခိုင်လုံမှု ရှိ၊ မရှိ စိစစ်ရသည်။ စာ အသွားအလာ ပြေပြစ်ရန် ပြင်ဆင်ရသည်။ စကားလုံး သုံးနှုန်းပုံ၊ စာလုံးပေါင်း သက်ပုံကအစ ဂရုတစိုက် ပြင်ဆင်ရသည်။ မျက်နှာလိုက်ခြင်း၊ အားနာခြင်းတို့ကို ရှောင်ကြည်ရသည်။ အကြောင်းအရာ တစ်ခုအတွက် စာမူနှစ်ခု ပေးပို့လာလျှင် မျက်နှာ မထောက်ဘဲ ကောင်းသည့် စာမူကို ရွေးချယ်ခဲ့သည်ဟု သိရသည်။ အကြောင်းအရာက ကောင်းပြီး စာပေအရေးအသားက ညံနေလျှင် စာရေးသူကို ခွင့်တောင်းကာ ပြင်ဆင်ရသည်။ စကားလုံး အသုံးအနှုန်း အချို့ကြောင့် အယ်ဒီတာ ဆရာတော်တစ်ပါး၏ စာမူကိုပင် ပယ်ခဲ့ရသည်ဟု ဆိုသည်။ အခြားသူ ရေးထားသည့် စာကို တစ်ဝက်နီးပါး ကူးချထားသည့် စာမူကိုလည်း တွေ့ခဲ့ရကြောင်း သိရသည်။ စာပေသင်ကြားနေသည့် ကြားမှ မိမိတို့၏ တန်ဖိုးရှိသည့် အချိန်တို့ကို ခွဲဝေ ပေးခဲ့ကြသည့် အယ်ဒီတာ ဆရာတော် ခြောက်ပါးကို အထူး ကျေးဇူးတင်မိပါသည်။

အယ်ဒီတာတွေ စိစစ်ထားသည့် စာမူတို့ကို ပရုဖတ်ရသည့် လုပ်ငန်းကလည်း လက်ဝင်သည်။ အားလုံးက ကျောင်းသားတွေဆိုတော့ အားလပ်သည့် အချိန်မှာ စုပေါင်း လုပ်ဆောင်ရသည်။ စာရေးသူ အနေနှင့် ပရုဖတ်သည့် အလုပ်ကို ပထမဆုံး လုပ်ဖူးခြင်း ဖြစ်သည်။ အယ်ဒီတာတွေ ရွေးချယ်သည့် စာမူတို့ကို ကြည့်ကာ အားရမိသည်။ အထူးသဖြင့် မိမိရေးထားသည့် စာမူလေး ရွေးချယ်ခံရသည့် စာရင်းထဲ တွေ့ရတော့ စာရေးသူ တစ်ယောက်အနေနှင့် ဝမ်းသာရပါသည်။ (၂၈၊ ၇၊ ၂၀၀၉) ရက်နေ့မှာတော့ မကုဋာရာမ မြန်မာကျောင်း အလှည့်ကျ နာယကဆရာတော်များ၊ ကော်မတီဝင်များ၊ အယ်ဒီတာများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အားလုံးက မဂ္ဂဇင်းတစ်စောင် ဖြစ်ပေါ်လာတော့မည်ဟူသော အတွေးများဖြင့် တက်ကြွ ပျော်ရွှင်နေကြသည်။ ထိုနေ့ ညပိုင်းမှာ မဂ္ဂဇင်းကော်မတီနှင့် အယ်ဒီတာအဖွဲ့တို့ အပြီးသက်အနေနှင့် မဂ္ဂဇင်းမှာ ထည့်မည့် ဓာတ်ပုံများ၊ ပါသင့်ပါထိုက်သည်များ၊ မဂ္ဂဇင်းမှာ ရေးမည့် အသုံးအနှုန်းမှအစ နောက်ဆုံး ဆွေးနွေးဖြစ်ကြသည်။ မဂ္ဂဇင်းအတွင်းအပြင် ဒီဇိုင်းအပြင်အဆင်အတွက် မြန်မာနိုင်ငံမှ ဒီဇိုင်းနာနှင့် အပ်ရန် နောက်တစ်နေ့ မြန်မာနိုင်ငံပြန်မည့် အယ်ဒီတာဆရာတော် ဦးကုသလသာမိနှင့် ထည့်ပေးလိုက်မည် ဖြစ်၍ ထိုနေ့က နောက်ဆုံးအနေနှင့် အချောကိုင် ကြရခြင်း ဖြစ်သည်။

အယ်ဒီတာအဖွဲ့ဝင် ဦးကုသလသာမိကား ဒေါက်တာဘွဲ့အတွက် သူတင်မည့် ကျမ်းအတွက် မြန်မာနိုင်ငံ ပြန်ပြီး အချက်အလက် ရှာခြင်း ဖြစ်သည်။ လင်္ကာတမန်မဂ္ဂဇင်း ဒီဇိုင်းနှင့် စာအုပ် အပြင်အဆင်အတွက် သူ့ကို တာဝန် လွှဲအပ်ထားသည်ဆိုတော့ စိတ်ရှည်ရှည်ထားပြီး စေတနာ ပါပါ လုပ်သည်။ သူ့မပါလျှင် လင်္ကာတမန် မဂ္ဂဇင်းဆိုတာလည်း ဖြစ်ပေါ်လာမည် မဟုတ်။ သူ့ကို အထူး ကျေးဇူးတင်ရပါသည်။ ဦးကုသလသာမိနှင့် ဒီဇိုင်းဆရာတို့ ဆွေးနွေးအပြီးမှာတော့ နဂိုက အကြမ်းတွက်ချက်ထားသည့် Four Color ဘယ်နှစ်ရွက်၊ Two Color ဘယ်နှစ်ရွက်စသည်တို့မှာ အများကြီး ပြောင်းလဲသွားသည်။ မြန်မာနိုင်ငံ ဒီဇိုင်းလုပ်ပြီး တစ်ခါတည်း ဖလင်ဖောက်ခဲ့ဖို့ ကိစ္စကိုလည်း ဒီက ပုံနှိပ်တိုက်နှင့် ထပ်မံ တွေ့ဆုံပြီး ဆွေးနွေးရသည်။ Quotation (ဈေးနှုန်း ခန့်မှန်းချက်) ကိုလည်း သေချာအောင် ထပ်တောင်းရ ပြန်သည်။

ထိုအတွင်း မလေးရှား၊ စင်္ကာပူရောက်နေသည့် ဥက္ကဋ္ဌက မလေးရှားနိုင်ငံတွင် ပုံနှိပ်လျှင် သီရိလင်္ကာနှင့် ဈေးအနည်းငယ်သာ ကွာဟမှုရှိပြီး စာအုပ် အရည်အသွေး ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့တွင် ဖြန့်ချိမည့် စာအုပ်တို့အတွက် စာအုပ်သယ်ဆောင် စရိတ် သက်သာသွား မည်ဖြစ်ကြောင်း ချပြ၍ မဂ္ဂဇင်းကို မလေးရှားတွင် ပုံနှိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့ဖြင့် ရန်ကုန်ရောက်နေသည့် အယ်ဒီတာ ဆရာတော်လည်း မဂ္ဂဇင်းအတွက် ဒီဇိုင်းပြီး၍ ဖလင်ပါ ဖောက်ခဲ့ကာ ဖလင်လိပ်ကို မလေးရှားသို့ ယူသွားခဲ့ရသည်။ နိုဝင်ဘာလကျမှ လင်္ကာတမန်မဂ္ဂဇင်းကို မလေးရှားမှာ ပုံနှိပ်နိုင်တော့သည်။ တစ်နှစ်နီးပါး မက်ခဲ့ကြသည့် အိပ်မက် စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့၍ ဝမ်းမြောက်ကြရသည်။

မဂ္ဂဇင်း ဖြစ်မြောက်ရေးအတွက် စိတ်ရောကိုယ်ပါ အားစိုက် လုပ်ဆောင်ခဲ့ကြသည့် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးဩဘာသ (အင်ဒို)၊ ဒုဥက္ကဋ္ဌ ဦးစန္ဒောဘာသ၊ အတွင်းရေးမှူ ဦးစက္ကပါလ၊ တွဲဖတ်အတွင်းရေးမှူ-၁ ဦးသောဘန (ဆွီဒင်)၊ တွဲဘက်အတွင်ရေးမှူ-၂ ဦးတိက္ခဉာဏာလင်္ကာရ၊ ဘဏ္ဍာရေးမှူး ဦးဥတ္တမသာရ (PDO)၊ စာရင်းစစ် ဦးနိမလတို့ကို၎င်း၊ အယ်ဒီတာများ ဖြစ်ကြသည့် ဦးပဏ္ဍိတ (Ph.D, Thesis)၊ ဦးသုဝဏ္ဏ (တက္ကသိုလ် ဆွေသုဝဏ်)၊ ဦးမာနိတ (ပေရာဓေနိယတက္ကသိုလ်)၊ ဦးကုသလသာမိ (ပျော်ဘွယ်)၊ ဦးပညာစာရ (ခင်ဦး)၊ ဦးဥတ္တမသာရ (PDO) တို့ကို၎င်း အထူးပင် ကျေးဇူးတင်ကြောင်း အမည်ထုတ်ဖော်၍ မှတ်တမ်း တင်အပ်ပါသည်။ မဂ္ဂဇင်းဖြစ်မြောက်ရေး အတွက် ကျရာကဏ္ဍမှ ဆောင်ရွက်ခဲ့ကြသည့် ကော်မတီအဖွဲ့ဝင်တို့ကိုလည်း ကျေးဇူးတင်ရပါသည်။

စာမျက်နှာအားလုံး ကြွေစက္ကူ အကောင်းစားချည်း သုံးထားတော့ မဂ္ဂဇင်းက ကောင်းလွန်းနေသည်။ မလေးရှား၊ စင်္ကာပူနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဖြန်ချိရန် အခက်အခဲ မရှိနိုင်သော်လည်း မြန်မာနိုင်ငံအတွက် သီးသန့် ပုံနှိပ်ရဖို့ အကြောင်းဖန်လာသည်ဟု ဆိုရမည်။ စာအုပ်ရေ (၁၀၈၀) ပုံနှိပ်ပြီး မလေးရှားနိုင်ငံတွင် မဂ္ဂဇင်းအုပ်ရေ (၆၀၀)၊ စင်္ကာပူနိုင်ငံတွင် အုပ်ရေ (၂၄၀)၊ သီရိလင်္ကာနိုင်ငံတွင် အုပ်ရေ (၂၄၀) ဖြန်ချိရန် ခွဲတမ်းချလိုက်သည်။ မလေးရှားနိုင်ငံတွင် ဓမ္မဝိဟာရကျောင်း၊ ကတ်ပုံးကျောင်း၊ ရတနာရာမကျောင်း၊ မွှားကျောင်း၊ ညောင်ကန်အေးကျောင်း၊ ဓမ္မာရုံကျောင်း၊ ဂျိုဟိုးကျောင်းနှင့် ပီနန်မြန်မာကျောင်း ဆရာတော်တို့မှ စေတနာ၊ မေတ္တာအပြည့်ဖြင့် မဂ္ဂဇင်းကို တာဝန်ခံ ဖြန်ချိပေးကြသည်။ မဂ္ဂဇင်းအုပ်ရေ တစ်ရာကျော်ကို တစ်ဦးတည်း တာဝန်ခံ ဖြန်ချိပေးသည့် မလေးရှားနိုင်ငံမှ ကိုမိုးသီးကိုလည်း ကျေးဇူးတင်ရပါသည်။ မလေးရှားနိုင်ငံ၌ စာအုပ် ပုံနှိပ်ခြင်းမှအစ တာဝန်ခံ ဖြန်ချိပေးကြမည့် ကျောင်းများသို့ ပို့ဆောင်ရေးအဆုံး ကိစ္စဝိစ္စအားလုံးကို ဦးကုသလသာမိ နှင့်အတူ တာဝန်ခံ ဆောင်ရွက်ပေးခဲ့ကြသည့် ရတနာရာမကျောင်းမှ ဆရာတော် ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့ကိုလည်း မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ စင်္ကာပူနိုင်ငံအတွက် တိုပါးရိုး မြန်မာကျောင်းကြီးနှင့် ဓာတ်တော်တိုက်ကျောင်း ဆရာတော်တို့မှ တာဝန်ခံ ဖြန်ချိပေးကြသည်။

စာအုပ်တွေ ပုံနှိပ်အပြီး မကြာမီ သီရိလင်္ကာသို့ ပို့သည့် မဂ္ဂဇင်းတွေက သင်္ဘောပေါ်မှာ တစ်လနီးပါးခန့် သောင်တင်နေခဲ့သည်။ စာအုပ်တွေ ရောက်၊ မရောက် ဆိပ်ကမ်းက ရုံးကို မေးရသည်မှာလည်း အမော။ ဒီဇင်ဘာလ ကုန်ပိုင်းလောက်မှသာ မဂ္ဂဇင်းတွေ သီရိလင်္ကာနိုင်ငံသို့ ရောက်လာသည်။ မိမိတို့ ကိုယ်တိုင် ကြိုးစားထားသည့် မဂ္ဂဇင်းကို ကြည့်ကာ ကြည်နူးကြရသည်။ (၂၊ ၁၊ ၂၀၁၀) ရက်နေ့မှာတော့ မကုဋာရာမ မြန်မာကျောင်းတွင် ပထမဆုံးအကြိမ် ထုတ်ဝေသည့် လင်္ကာတမန် မဂ္ဂဇင်းကို မဂ္ဂဇင်းမိတ်ဆက်ပွဲ ပြုလုပ်ကာ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော် အားလုံးတို့ထံ အပ်နှံနိုင်ခဲ့သည်။ သင့်တော်သည့် အချိန်တွင် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ကို ထပ်မံဖွဲ့စည်းကာ ဒုတိယခြေလှမ်း အတွက်လည်း ပြင်ဆင်နိုင်ခဲ့ကြပါသည်။ မဂ္ဂဇင်းမိတ်ဆက်ပွဲတွင် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်း ပြောကာ နာယကဆရာတော်များ၊ ကော်မတီဝင်များ၊ အယ်ဒီတာဆရာတော်များ၊ စာမူရှင်များအပြင် ဒါနသီရိလင်္ကာ အသင်းစသည်တို့ကို အမှတ်တရ လက်ဆောင်အဖြစ် လင်္ကာတမန် မဂ္ဂဇင်းတို့ကို ပေးခဲ့ပါသည်။

မဂ္ဂဇင်းမိတ်ဆက်ပွဲအပြီး မြန်မာနိုင်ငံအတွက် မဂ္ဂဇင်း ပုံနှိပ်ဖြန့်ဝေရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ အားလုံး စုံစမ်းပြီးလျှင် မြန်မာနိုင်ငံ၌ ပုံနှိပ် ဖြန့်ဝေရေးကို အမြန်ဆုံး အကောင်အထည် ဖော်ရန် ဆုံးဖြတ် ခဲ့ကြပါသည်။ သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓစာပေ လာရောက် ပညာသင်ကြားကြမည့် ညီတော် နောင်တော်တို့ကို သတင်း အချက်အလက် ပေးရန်ဟူသော ရည်ရွယ်ချက်အရ မြန်မာနိုင်ငံတွင် ပုံနှိပ် ဖြန်ဝေရေးသည်လည်း အရေးကြီးပါသည်။ လင်္ကာတမန် မဂ္ဂဇင်းကို မလေးရှား၊ စင်္ကာပူရှိ ရွှေမြန်မာတို့၏ လက်ထဲသို့ အရောက် ပို့နိုင်ခဲ့လေပြီ။ မြန်မာနိုင်ငံအတွင်းမှ ရဟန်းရှင်လူ ပြည်သူတို့ လက်ထဲ ထည့်ရန် လိုပေသေးသည်။ ထိုကိစ္စကိုလည်း ဆွေးနွေးဆုံးဖြတ်ပြီး ဖြစ်၍ မကြာမီ အောင်မြင်မည်မှာ သေချာပါသည်။

သီရိလင်္ကာနိုင်ငံတွင် စာပေ သင်ကြားနေကြသည့် မိမိတို့ကဲ့သို့ စာသင်သား ရဟန်းတော်များ အနေနှင့် မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် ပထမဆုံး ခြေလှမ်းမှာ ခက်ခဲလှသည်။ ယုံကြည်ချက်ကို အခြေခံကာ စုပေါင်း လုပ်ဆောင်ခဲ့ကြ၍ အောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုချင်သည်။ ပထမဆုံး ခြေလှမ်းဖြစ်၍ အားနည်းချက် အချို့ ရှိခဲ့သည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ ထိုအားနည်းချက်၊ လိုအပ်ချက်များသည် နောင် လှမ်းမည့် ခြေလှမ်းပေါင်း များစွာအတွက် အကောင်းဆုံး သင်ခန်းစာများ ဖြစ်လာပေလိမ့်မည်။ လင်္ကာတမန် မဂ္ဂဇင်းမှ အယ်ဒီတာ့စကားဖြင့် ပြောရလျှင် မိမိတို့ အနေနှင့် အတွေ့အကြုံနှင့် အသိအမြင် မကြွယ်ဝခဲ့သော်လည်း စေတနာ ကြွယ်ဝခဲ့သည်ကိုတော့ သိစေချင်ပါသည်။ မိမိတို့ အနေဖြင့် လင်္ကာတမန်မဂ္ဂဇင်းအတွက် ပထမဆုံး ခြေလှမ်းကိုတော့ ယုံကြည်ချက် အပြည့်ဖြင့် လှမ်းပြီးခဲ့ပါပြီ။ နောက်ထပ် ခြေလှမ်းပေါင်း များစွာ လှမ်းနိုင်ရန် အတွက်လည်း ယုံကြည်ချက် ခိုင်မာမှု၊ စွန့်လွတ် အနင့်နာခံမှု၊ စုပေါင်း လုပ်ဆောင်တတ်မှုတို့အပြင် ရိုးသား ဖြူစင်သည့် စေတနာပါ ပေါင်းစပ်ထည့်ရန် လိုအပ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-53419797906407065092010-01-10T17:53:00.013+08:002023-07-11T16:59:13.879+08:00လင်္ကာတမန်မဂ္ဂဇင်း ထွက်ပြီ
သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ စုစည်း ထုတ်ဝေသည့် လင်္ကာတမန် မဂ္ဂဇင်း ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မကုဋာရာမ မြန်မာကျောင်းတွင် (၂၊ ၁၊ ၂၀၁၀) ရက်၌ ကျင်းပရာ မကုဋာရာမ မြန်မာကျောင်း အလှည့်ကျ နာယက ဆရာတော်များ၊ မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ စာပေဝါသနာရှင် ရဟန်းတော်များ တက်ရောက်ကြသည်။ မိတ်ဆက်ပွဲ အခမ်းအနား၌ ပထမဦးစွာ နာယက ဆရာတော်များ ကိုယ်စား ဦးသူရိယမှ မဂ္ဂဇင်း ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့ကြသည့် မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ကို ချီးကျူးဂုဏ်ပြုကြောင်း၊ နှစ်စဉ်နှစ်တိုင်း သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ ကိုယ်စားပြု မဂ္ဂဇင်းတစ်စောင် ထုတ်ဝေနိုင်အောင် ကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။

ထိုနောက် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဩဘာသ (အင်ဒို) မှ မဂ္ဂဇင်း ထုတ်ဝေရခြင်း ဦးတည်ချက်များနှင့် စုပေါင်း လုပ်ဆောင်ခြင်းကြောင့် မဂ္ဂဇင်း ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်ကြောင်း လျှောက်ထားပြီး နာယကဆရာတော်များ၊ ကော်မတီအဖွဲ့ဝင်များ၊ အယ်ဒီတာ ဆရာတော်များကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ထို့နောက် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးစက္ကပါလမှ လင်္ကာတမန် မဂ္ဂဇင်း မြန်မာနိုင်ငံ၌ ထုတ်ဝေနိုင်ရေး၊ သင့်တော်သည့် အချိန်တွင် မဂ္ဂဇင်း ကော်မတီ ပြန်လည် ဖွဲ့စည်းရေး၊ နှစ်စဉ်နှစ်တိုင်း ထုတ်ဝေနိုင်ရေးစသည့် မဂ္ဂဇင်း၏ ရှေ့အလားအလာနှင့် ပက်သက်၍ ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် အယ်ဒီတာ ဆရာတော်များ ကိုယ်စား ဦးမာနိတမှ စာမူများကို မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ ရွေးချယ်ခဲ့ပုံ၊ ပထမအကြိမ် ဖြစ်သည့်အတွက် အားနည်းချက်အချို့ ရှိခဲ့ပုံတို့ကို လျှောက်ထားပြီး လင်္ကာတမန် မဂ္ဂဇင်းကို အကျဉ်းချုပ် မိတ်ဆက်ပေးသည်။ ထိုနောက် ဘဏ္ဍာရေးမှူး ဆရာတော် ဦးဥတ္တမမှ မဂ္ဂဇင်းနှင့် ပက်သက်၍ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းကို ရှင်းလင်း လျှောက်ထားသည်။ ထိုနောက်မှာတော့ တက်ရောက်လာကြသည့် သံဃာတော်များမှ မဂ္ဂဇင်းနှင့် ပက်သက်၍ ဆွေးနွေး အကြံပြုကြပြီး သိလိုသည့် မေးခွန်းတို့ကိုလည်း မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီမှ ပြန်လည် ဖြေကြားခဲ့သည်။ မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီမှ နာယက ဆရာတော်များ၊ ကော်မတီဝင်များ၊ အယ်ဒီတာ ဆရာတော်များ၊ စာမူရှင်များနှင့် ဒါနသီရိလင်္ကာအသင်း တို့ကို အမှတ်တရ လက်ဆောင်အဖြစ် လင်္ကာတမန် မဂ္ဂဇင်းတို့ကို ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

လင်္ကာတမန် မဂ္ဂဇင်းကို ပထမဆုံး အကြိမ် ထုတ်ဝေခြင်း ဖြစ်ပြီး မလေးရှားနိုင်ငံတွင် ပုံနှိပ်ခဲ့သည်။ လောလောဆယ် မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ပထမဦးဆုံး ဖြန့်ချိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း တရားဝင် ထုတ်ဝေနိုင်ရန် စီစဉ်နေကြောင်းလည်း သိရပါသည်။ လင်္ကာတမန် မဂ္ဂဇင်းတွင် ကဗျာကဏ္ဍ၊ ဆောင်းပါးကဏ္ဍ၊ ပေးစာကဏ္ဍ၊ အတွင်းကဗျာကဏ္ဍ၊ တက္ကသိုလ် မိတ်ဆက်ကဏ္ဍ၊ သတင်းမှတ်တမ်းကဏ္ဍ စသည်ဖြင့် ကဏ္ဍစုံ ပါဝင်ပြီး သီရိလင်္ကာနိုင်ငံရှိ နာမည်ကြီး ရှေးဟောင်းဒေသများ၊ အဆောက်အဦးများ၊ သီရိလင်္ကာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး ဓလေ့ထုံးတမ်းများ၊ သီရိလင်္ကာ၌ ဗုဒ္ဓစာပေ လာရောက် ပညာသင်ကြားနေသည့် မြန်မာကျောင်းသား ရဟန်းတော်တို့၏ စာသင်သားဘဝ အတွေ့အကြုံနှင့် ခံစားချက်များ၊ ၎င်းတို့ တက်ရောက်နေသည့် တက္ကသိုလ်များအကြောင်း၊ ထိုတက္ကသိုလ်တို့၏ ပညာရေးစနစ်တို့ကို ဝေဝေဆာဆာ တင်ပြထားသည်။ မြန်မာသုတေသီ ကျောင်းသား ရဟန်းတော်နှစ်ပါး၏ ရှေးဟောင်း မြန်မာစာပေတို့ကို ဘာသာပြန်ထားသည့် English Section ကလည်း လင်္ကာတမန် မဂ္ဂဇင်း၏ ထူးခြားချက်ပင် ဖြစ်သည်။ အင်္ဂလိပ်စာ ကဏ္ဍမှာ မြန်မာ သုတေသီတို့အတွက် သာမက ဗုဒ္ဓစာပေကို စိတ်ဝင်စားကြသည့် နိုင်ငံတကာ သုတေသီတို့အတွက်လည်း အကျိုးရှိမည် ဖြစ်သည်။

လင်္ကာတမန် မဂ္ဂဇင်းကို ကြွေစက္ကူ အကောင်းစားဖြင့် ပုံနှိပ်ထုတ်ဝေထားပြီး စာမျက်နှာ (၂၀၀) ရှိသည်။ မလေးရှားနိုင်ငံရှိ ဓမ္မဝိဟာရ (မြို့လယ်) ကျောင်း၊ ကတ်ပုံးကျောင်း၊ ရတနာရာမကျောင်း၊ မွှားကျောင်း၊ ညောင်ကန်အေးကျောင်း၊ ဓမ္မာရုံကျောင်း၊ ပီနန် ဓမ္မိကာရာမမြန်မာကျောင်းနှင့် ဂျိုဟိုး ညောင်ကန်အေး ကျောင်းတို့တွင် မဂ္ဂဇင်း တစ်အုပ်လျှင် မလေး (၁၅) ရင်းဂစ်ဖြင့်၎င်း၊ စင်္ကာပူနိုင်ငံရှိ စင်္ကာပူမြန်မာကျောင်းကြီး (တိုပါးယိုး)နှင့် ဓာတ်တော်တိုက်ကျောင်းတို့တွင် စင်္ကာပူ (၇) ဒေါ်လာဖြင့်၎င်း၊ သီရိလင်္ကာနိုင်ငံတွင် ရူပီး (၃၀၀) နှုန်းဖြင့်၎င်း ဝယ်ယူ ပူဇော်နိုင်ကြောင်း သိရသည်။

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-25658462434170645292009-12-29T20:13:00.027+08:002023-07-12T19:23:18.268+08:00ခရစ်တော်နှင့် အိန္ဒိယ ဒဏ္ဍာရီ

ကမ္ဘာကြီးက ခရစ္စမတ်ပွဲတော်ကို ကျင်းပနေချိန်မှာ ယေရှုခရစ်တော်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ပက်သက်မှုုကို လူတွေ သတိထားမိလာကြ ပြန်ပါတယ်။ အချို့ သမိုင်းပညာရှင်များက ယေရှုခရစ်တော်ဟာ သူ့ရဲ့ အသက် (၁၂) နှစ်ကနေ (၃၀) နှစ်အထိ နှစ်ပေါင်း (၁၈)နှစ်လုံးလုံး အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓစာပေနဲ့ ဝေဒစာပေတို့ကို လေ့လာ သင်ယူခဲ့ကြောင်း ယုံကြည်ကြပါတယ်။ “ခရစ်တော်ရဲ့ မိဘတွေဟာ နာဇရက်သ် (Nazareth) မြို့မှာ နေထိုင်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် သူ နာဇရက်သ်မြို့မှာ ပြန်ပေါ်လာတော့ အသက် (၃၀) ရှိနေပါပြီ။ ပျောက်ဆုံးနေတဲ့ အချိန်အတောအတွင်း သူဟာ အသိဉာဏ်ပိုင်းနဲ့ ဂုဏ်သတင်း တက်နေပြီလို့ ယူဆရပါတယ်” အင်္ဂလိပ်လူမျိုး ရုပ်ရှင်ထုတ်လုပ်သူ ကန့် ဝဲလ်ဝင်း က Indo Asian News Service ကို ပြောပြပါတယ်။

၂၀၀၉ ခုနှစ်ရဲ့ ဒယဝတီ မိုဒီ အနုပညာဆုရှင် ဝဲလ်ဝင်းရဲ့ နောက်ဆုံး လက်ရာဖြစ်တဲ့ ‘Young Jesus: The Missing Years’ ဆိုတဲ့ ဒီ ရုပ်ရှင်ကားဟာ သမ္မာကျမ်းစာ (ခရစ်ဝင်ကျမ်း) မှာ ဖော်ပြမထားတဲ့ ခရစ်တော်ရဲ့ အစောပိုင်း နှစ်ကာလများကို စူးစမ်း ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဝဲလ်ဝင်းရဲ့အဆိုအရ သူရိုက်ကူးမယ့် ဒီရုပ်ရှင် ဇာတ်ကားဟာ အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်တုန်းက ယေရှုခရစ်တော်ကို အာရှအနောက်ပိုင်းမှာ နောက်ဆုံး မြင်ခဲ့တယ်ဆိုတဲ့ သမ္မာကျမ်းစာရဲ့အဆိုကို အခြေခံပြီး ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပထမပိုင်းကို သမ္မာကျမ်းစာကို အခြေခံပြီး ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းရဲ့ ဒုတိယပိုင်းကတော့ သမိုင်းဝင် စာပေ အထောက်အထားအပေါ် အခြေပြုတဲ့ စိတ်ကူးစိတ်သန်း သက်သက်နဲ့ ရိုက်ကူးမှာဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်သူက ပြောပြပါတယ်။

ယေရှုခရစ်တော်နဲ့ အိန္ဒိယ အဆက်အသွယ် ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား အများအပြား ရှိပါတယ်။ ရုရှားလူမျိုး ဂျာနယ်လစ် နီကိုလက်စ် နိုတိုဗစ်ချ် (Nicolas Notovitch) ဟာ ၁၈၉၄- ခုနှစ်မှာ အာဖကန်နစ္စတန်၊ အိန္ဒိယနဲ့ တိဘက်နိုင်ငံတို့ကို သွားခဲ့တဲ့ သူရဲ့ခရီးစဉ်အပေါ် အခြေခံပြီး ရေးသားခဲ့တဲ့ “The Unknown Life of Christ” ဆိုတဲ့ စာအုပ် တစ်အုပ် ထုတ်ဝေခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်းမှာ လာဒက်ခ် (Ladakh)ရဲ့ မြို့တော်ကို ရောက်ခဲ့ပါတယ်။ ခြေထောက် ကျိုးသွားလို့ ဟေမိစ် (Hemis) တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးမှာ အချိန်အတော်အကြာ နေခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ တိဘက်လို ရေးထားတဲ့ “The Life of Saint Issa” ဆိုတဲ့ ထူထူထဲထဲ အဝါရောင် မှတ်တမ်းစာအုပ်ကြီး နှစ်တွဲကို သူ တွေ့ခဲ့တယ်။ မူစလင်တို့ရဲ့ ကိုရမ်ကျမ်းမှာ ခရစ်တော်ကို Isa လို့ ခေါ်ဝေါ်ပါတယ်။ နိုတိုဗစ်ချ်ဟာ မှတ်တမ်း စာအုပ်ကြီးတွေထဲက အပိုဒ်ပေါင်း နှစ်ရာကျော်ကို ကူးမှတ်ခဲ့ပါတယ်။ သူ့မှတ်တမ်းဟာ နောက်ပိုင်း အနောက်နိုင်ငံတွေမှာ အတော် ဂယက်ရိုက် ခဲ့ပါတယ်။

လာဒက်ခ်မြို့တော်နဲ့ ကီလိုမီတာ လေးဆယ်အကွာ တောင်ပေါ်မှာ တည်ရှိတဲ့ ဟေမိစ် တိဘက် ဘုန်းကြီးကျောင်းက ရဟန်းတော်တွေကလဲ ယေရှုခရစ်တော် အိန္ဒိယကို လာရောက် ပညာ သင်ကြားခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီကို အတည်ပြု ထောက်ခံကြပါတယ်။ “ဗုဒ္ဓစာပေ လေ့လာဖို့အတွက် ယေရှုခရစ်တော်ဟာ ဘုန်းကြီးတို့ ဒေသ (Ladakh) နဲ့ ကက်ရှ်မီးယားကို ရောက်ခဲ့ပါတယ်” ဟေမိစ် ဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က IANS ကို ပြောပြတာပါ။

ဘင်္ဂါလီ ဘာသာရေး ပညာရှင်နဲ့ ရှေးဖြစ်ဟောသူ ဆွာမိ အဘေဒနန္ဒ ဟာလည်း ခရစ်တော်နဲ့ အိန္ဒိယခရီးစဉ် ဒဏ္ဍာရီကို စူးစမ်းဖို့ ဟိမဝန္တာ တောင်းတန်းတွေဆီ ခရီးထွက်ခဲ့ပါတယ်။ သူရဲ့ “Kashmir O Tibetti” ဆိုတဲ့ ခရီးသွားမှတ်တမ်း စာအုပ်ကလဲ လာဒတ်ခ်က ဟေမိစ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ခရစ်တော် လည်ပတ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြထားပါတယ်။ (တိဘက် ကျောင်းတွေကို လာလည်တဲ့ ဧည်သည်တွေအနေနဲ့ မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးကြရတဲ့ ဓလေ့ ရှိပါတယ်။) သူ့ရဲ့စာအုပ်မှာ နိုတိုဗစ်ချ် ကူးခဲ့တဲ့ သူတော်စင် အိစ္စာ (Issa) ရဲ့ ဒဏ္ဍာရီအကြောင်း (၂၂၄) ပိုဒ်ပါတဲ့ ဘင်္ဂါလီဘာသာပြန်ကိုလဲ ထည့်သွင်း ထားပါတယ်။

၁၉၂၅- ခုနှစ်မှာ ရုရှားလူမျိုး နောက်တစ်ယောက်ဖြစ်တဲ့ ဒဿနနဲ့ သိပ္ပံပညာရှင် နီကိုလက်စ် ရိုအိရစ်ချ် (Nicholas Roerich) ဟာလဲ ဟေမိစ် ဘုန်းတော်ကြီးကျောင်းကို သွားရောက် လည်ပတ်ခဲ့ပြီး ခရစ်တော်ရဲ့ ဒဏ္ဍာရီကို မှတ်တမ်း တင်ခဲ့ပါတယ်။ သူ့ရဲ့ မှတ်တမ်းထဲမှာ ရိုအိရစ်ချ်က အခုလို ဆိုခဲ့တယ် “ယေရှုဟာ ဗာရာဏသီ၊ ဝေသာလီစတဲ့ အိန္ဒိယ ရှေးဟောင်း မြို့တော်တွေမှာ အချိန်အတော်ကြာ နေထိုင်ခဲ့တယ်။ သူဟာ ကုန်သည်တွေ၊ ဆင်းရဲသားတွေကို လမ်းညွှန် ကူညီပေးပြီး အေးအေးဆေးဆေး နေထိုင်ခဲ့လို့ လူတိုင်းက သူ့ကို ချစ်ကြတယ်”

သမိုင်းပညာရှင်တွေနဲ့ စာရေးဆရာတွေရဲ့ အဆိုအရ အိန္ဒိယရှေးဟောင်း မြို့တော်တွေမှာ ဟောကြားခဲ့တဲ့ ခရစ်တော်ရဲ့ ဟောပြောချက်တွေက ဗြာဟ္မဏ (ပုဏ္ဏား) တွေကို အမြတ်ထွက်စေခဲ့တယ်။ ဒီအကြောင်းကပဲ ဟိမဝန္တာတောင်တန်းတွေဆီ ထွက်ခွာဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ခရစ်တော်ဟာ ဗုဒ္ဓစာပေ သင်ကြားရင်း ဟိမဝန္တာ တောင်တန်းဒေသမှာ နောက်ထပ် ခြောက်နှစ် အချိန်ကို ကုန်လွန်စေခဲ့ကြောင်း သမိုင်းဝင် စာပေ အထောက်အထားတွေက ဆိုပါတယ်။ ဂျာမန်ပညာရှင် ဟောလ်ဂါ ကာစတင် (Holger Kersten) ရဲ့ “Jesus Lived in India” ဆိုတဲ့ စာအုပ်ကလဲ အိန္ဒိယက ခရစ်တော်ရဲ့ ငယ်စဉ်က ဘဝအကြောင်း ပြောပြပါတယ်။ ကင်စတင်က သူ့ရဲ့ စာအုပ်မှာ အခုလို ဆိုထားပါတယ် “လုလင် ယေရှုဟာ ဆင်းနယ်ကို ကုန်သည်တွေနဲ့ အတူ လိုက်ခဲ့တယ်။ ဗုဒ္ဓရဲ့ အဆုံးအမ ဩဝါဒတွေကို သင်ယူရင်း ပြီးပြည့်စုံသူ တစ်ယောက် ဖြစ်ဖို့ အာရိယန်းတွေကြားမှာ နေထိုင်ခဲ့ပါတယ်။ ပန်ဂျပ်နယ်အနှံ့ ခရီးလှည့်လည်ခဲ့တယ်။ ဂျဂန်နက်ကို မထွက်ခွာခင် ဂျိမ်းဘုန်းကြီးတွေနဲ့ ခဏတဖြုတ် နေခဲ့ပါသေးတယ်”

မှတ်ချက်။ ။ www.calcuttanews.net က သတင်းကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီ သတင်းနဲ့ ပက်သက်တဲ့ လူပုဂ္ဂိုလ်စတဲ့ အထောက်အထားတွေကို ကာလာနဲ့ လင့်ချိတ်ထားပါတယ်။ အဲဒီအပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။

ခရစ်တော်ရဲ့ ပျောက်ဆုံးနေသော နှစ်များနဲ့အကြောင်းကို ပညာရှင်တွေအကြား အမျိုးမျိုး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါနဲ့ ပက်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း မြန်မာ့ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအဖွဲ့ (MTBG) ဆိုက်မှာ တွေ့ရပါတယ်။ အထက်က ဘာသာပြန် သတင်းနဲ့ ကွဲပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီဆိုက်ရဲ့ မန်ဘာတစ်ယောက် ဖြစ်တဲ့ ကိုကိုတာက အရှင်အရိယဓမ္မရဲ့ ဗုဒ္ဓဝါဒပြဿနာများ ဆိုတဲ့ စာအုပ်ထဲက မေးခွန်းနံပါတ် (၁၂) ကို တိုက်ရိုက်ကူး စာစီပြီး ဝေငှထားတာပါ။ အဲဒီဆောင်းပါးကိုပဲ (MTBG)ဆိုက်မှာ ဖတ်ရတာ သိပ်အဆင်မပြေရင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ (A.B.M.A) ဘလော့မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ တောင်တွင်းကြီး အရှင်ဥက္ကဋ္ဌရဲ့ တပည့်တစ်ဦးဖြစ်တဲ့ အရှင်အရိယဓမ္မရဲ့ မူရင်း ဗုဒ္ဓဝါဒပြဿနာများ စာအုပ်ကို ဖတ်ချင်ရင်တော့ လင့်ပေါ်မှာ ကလစ်နှိပ် ဒေါင်းလုတ်ယူနိုင်ပါတယ်။

ခရစ်တော်နဲ့ အိန္ဒိယ ဒဏ္ဍာရီအကြောင်းကို ပညာရှင်အသီးအသီးက ထင်မြင်ချက် အဖုံဖုံ ပေးထားကြပါတယ်။ သမ္မာကျမ်းစာကို ကျေညက်အောင် ဖတ်ထားပြီး သမိုင်းဝင် အထောက်အထားတွေကို ဂဃနဏ သိအောင် လေ့လာထားသူများ အနေနဲ့ ဒီ ဒဏ္ဍာရီဟာ အမှန် ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ဟောပြောချက်တွေက ဗုဒ္ဓရဲ့တရားတော်တွေနဲ့ အရမ်းနီးစပ်နေတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် အောက်က ဗွီဒီယိုဖိုင်တွေကို ကြည့်အပြီးမှာတော့ စာဖတ်သူအနေနဲ့ ယေရှုနဲ့ အိန္ဒိယ ဒဏ္ဍာရီအပေါ်မှာ တစ်ခုခု မှတ်ချက် ပေးနိုင်မှာ ဖြစ်ပပါတယ်။

The Missing Years of Jesus

<object height="344" width="425"><param name="movie" value="http://www.youtube.com/v/Rxkz_ygndLU&hl=en_US&fs=1&" /><param name="allowFullScreen" value="true" /><param name="allowscriptaccess" value="always" /><embed allowfullscreen="true" allowscriptaccess="always" height="489" src="http://www.youtube.com/v/Rxkz_ygndLU&hl=en_US&fs=1&" type="application/x-shockwave-flash" width="580"></embed></object>

Jesus in Kashmir,India(BBC Documentry)-1

Jesus in Kashmir,India(BBC Documentry)-2

Jesus in Kashmir,India(BBC Documentry)-3

Where Was Jesus For 18 Years? Missing In Bible Part 1/2

Where Was Jesus For 18 Years? Missing In Bible Part 2/2

Did Jesus Christ learn Buddhism??

Jesus: the missing years

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com6tag:blogger.com,1999:blog-2241954213843080230.post-33217380443070428922009-12-27T05:50:00.005+08:002023-07-11T16:52:12.089+08:00အမေရိကန်ဗုဒ္ဓဘာသာဝင်များ ခရစ္စမတ်ပွဲတော် ပါဝင်ဆင်နွှဲ

ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန် ဘာသာဝင် တို့အတွက်သာ မဟုတ်တော့တာ ကြာပါပြီ။ ဘာသာအမျိုးမျိုး ကိုးကွယ်သူများနဲ့ ဘာသာမဲ့များပါ ခရစ္စမတ်ပွဲတော်ကို ပါဝင် ဆင်နွှဲကြပါတယ်။ အဲဒီအထဲမှာ ဝါရှင်တန်နယ်တစ်ဝိုက်က ဗုဒ္ဓဘာသာဝင် တွေလည်း ပါဝင်ပါတယ်။ ဝီလ်ဆင် ဟာလေး ဟာ အမေရိကန် တစ်နိုင်ငံလုံးက အခြားပြည်သူတွေလိုပဲ သူ့အိမ်မှာ ခရစ္စမတ် သစ်ပင် စိုက်ထူခဲ့ပါတယ်။ ဒါပေမယ့် သူ့ ခရစ္စမတ် သစ်ပင်ကတော့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် ရှေ့မှာ ထားတာပါ။

ဟာလေးဟာ မိရိုးဖလာ ခရစ်ယာန် တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ပြီး သူအရွယ်ရောက်တဲ့ အချိန်မှာတော့ တိဘက် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တာ နှစ်ပေါင်း သုံးဆယ် ကျော်ပါပြီ။ မကြာခင်ကပဲ ဝိပဿနာ သင်တန်းတွေ ဖွင့်ပြီး ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ် အယူအဆနဲ့ အကျင့်ပဋိပတ်တွေ ထွန်းကား ပြန့်ပွားအောင် ဆောင်ရွတ်ခဲ့ပါတယ်။ အခြားသူတွေလိုပဲ ဗုဒ္ဓဘာသာဝင်များဟာလည်း ခရစ္စမတ်ပွဲတော်ကို ပါဝင်ဆင်နွှဲ နိုင်တယ်လို့ သူ ယုံကြည်ပါတယ်။ ‘ကျွန်တော် ထင်တယ်။ တကယ့် ခရစ္စမတ်ရဲ့ အနှစ်သာရက လူတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ သဘောထား သေးသိမ်မှု၊ တစ်ကိုယ်ကောင်း ဆန်မှု၊ သည်းမခံနိုင်မှုနဲ့ ဒေါသတရားတွေကို ဖယ်ရှားပြီး လူတွေအပေါ်မှာ မေတ္တာ၊ ကရုဏာစိတ် မွေးမြူဖို့ ဖြစ်ပါတယ်’ လို့ ဟာလေးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း အတန်ကြာက ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ အမေရိကန်မှာ ဗုဒ္ဓဘာသာဝင် တစ်သန်းခွဲ ရှိပြီး စတုတ္ထမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတစ်ခု ဖြစ်ပါတယ်။ အမေရိကန် ဗုဒ္ဓဘာသာဝင် နှစ်ဆယ်ရာခိုင်နှုန်းသာ လူဖြူတွေ ဖြစ်ပြီး ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ အမေရိကန်မှာ လာရောက် အခြေချ နေထိုင်ကြတဲ့ အာရှတိုက်သားများ ဖြစ်ပါတယ်။ ဦးအေးသန်းဟာ လွန်ခဲ့တဲ နှစ်ပေါင်း သုံးဆယ်လောက်က မြန်မာနိုင်ငံကနေ အမေရိကန်ကို ပြောင်ရွေ့လာသူ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဗုဒ္ဓဘာသာကို အထူး သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး ခရစ္စမတ်နဲ့ ပက်သက်လို့ သူ့အမြင်ကို ခုလို ပြောပါတယ် ‘ကျွန်တော်တို့လည်း ခရစ္စမတ်ပွဲ ဆင်နွှဲပါတယ်။ ခရစ်ယာန် ဘုရားကျောင်းကို မသွားပေမယ့် ကိုယ့် ဆွေမျိုး အပေါင်းအသင်းတွေကို အိမ်မှာ ဖိတ်တယ်။ ပြီးတော့ ကလေးတွေကို လက်ဆောင်ပေးတယ်။’

အမေရိကန်နိုင်ငံမှာ ရှိတဲ့ မြန်မာ ပြောင်းရွေ့နေထိုင်သူများထဲမှာ ခရစ်ယာန် ဘာသာဝင်ဦးရေ အတော်အတန် ရှိပေမယ်လို့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။ ဦးအေးသန်းဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ခရစ်ယာန် ဘာသာဝင်များ ကြားမှာ တူညီတာတွေ အများအပြားရှိတာကို ယုံကြည်သူ တစ်ဦး ဖြစ်ပါတယ်။ ခရစ်ယာန် တရားတော်အများစုကိုလည်း သူ လက်ခံေကြောင်း ပြောပြပါတယ်။ ‘ခရစ်ယာန် တရားတော် ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းကနေ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ကျွန်တော် လက်ခံတယ်။ အရာအားလုံးကို ထာဝရဘုရားသခင်က ဖန်တီးတယ်လို့ ခရစ်ယာန် ဘာသာဝင်တွေက ယုံကြည်တယ်။ ကျွန်တော်တို့က (Cause and Effect) အကြောင်းနဲ့ အကျိုးကို ယုံကြည်တယ်။ ဘယ်အရာမဆို သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ကျွန်တော်တို့အတွက် ကောင်းတာ၊ ဆိုးတာတွေကို ဘယ်သူကမှ ဖန်တီးခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ခဲ့တာလို့ ယုံကြည်တယ် ’

အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ဒွန် ဖရာ့မုဒွီနိုင်း ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ပေမယ့် သူနဲ့ သူ့မိသားစုပါ ခရစ္စမတ် ထုံးတမ်းစဉ်လာ အချို့ကို ပြုလုပ်ကြပါတယ်။ သူက ‘ပုံမှန်အားဖြင့် ခရစ္စမတ်ရောက်တဲ့ အခါတိုင်း မိတ်ဆွေတွေကို ဖိတ်ပြီး အိမ်မှာ ညစာနဲ့ တည်းခင်း ဧည့်ခံပါတယ်။ ခရစ္စမတ် လက်ဆောင် အချင်းချင်း လဲလှယ်ကြတယ်။ နောက် ခရစ္စမတ်ကဒ်တွေလဲ ပေးပို့ကြပါတယ်’ လို့ ဆိုပါတယ်။

ဒီ ရွေ့ပြောင်း နေထိုင်သူများဟာ သူတို့ကိုယ်သူတို့ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် သက်မှတ်ကြပါတယ်။ သူတို့ဟာ အမေရိကန် ယဉ်ကျေးမှုရဲ့ ပင်မရေစီးချောင်းနဲ့ ပေါင်းစပ်လိုသူများလည်း ဖြစ်ပါတယ်။ သူတို့ကြားမှာ လူမျိုးမတူ၊ ဘာသာခြားတွေနဲ့ လက်ထပ်ခြင်းဟာ မဆန်းတော့ ပါဘူး။ ‘ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ စိတ်သဘောထား ကြီးကြပါတယ်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာရယ်လို့ မခွဲခြားပါဘူး။ သူတို့ရဲ့ ခင်မွန်း၊ ဇနီးတွေက ခရစ်ယာန် ဖြစ်နေရင် သူတို့နဲ့အတူ ခရစ္စမတ်ပွဲတော်ကို ပါဝင် ဆင်နွှဲမှာ ဖြစ်ပါတယ်’ လို့ ထိုင်းသံအမတ်ကြီးက ရှင်းပြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ္စမတ် အလေ့အထ အားလုံးကို လိုက်နာ ဆောင်ရွတ်မှာ မဟုတ်ပေမယ့် ငြိမ်းချမ်း ပျော်ရွှင်စရာ ကမ္ဘာကြီးဖြစ်ဖို့ ခရစ်ယာန်များနဲ့အတူ ခရစ်စ္စမတ်ပွဲတော်နဲ့ အခြား ခရစ်ယာန် ပွဲတော်များကို ပါဝင်ဆင်နွှဲ နိုင်ကြောင်း ယုံကြည်ကြပါတယ်။

မှတ်ချက်။ ။ ဗွီအိုအေသတင်းမှ ဆီလျှော်သလို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်။

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com1tag:blogger.com,1999:blog-2241954213843080230.post-41358628792640230272009-12-25T01:41:00.004+08:002023-07-11T16:50:28.183+08:00ရုပ်ရည်နှင့် အောင်မြင်မှု

ရုပ်ရည်ချောမော လှပမှုသည် လူတစ်ယောက်၏ ဘဝတိုးတက်မှု၊ အောင်မြင်မှုတို့အတွက် အထူး အရေးပါသည်ဟု ပြောလျှင် ကန့်ကွတ်မည့်သူ ရှားပေလိမ့်မည်။ လူနှစ်ယောက် တွဲသွားလျှင် ရုပ်ရည်ချောမော လှပသူကိုသာ ပထမဆုံး ကြည့်ကြသည်။ ကုမ္ပဏီပိုင်ရှင် များကလည်း အရည်အချင်း တူလျှင် ရုပ်ရည်ချောမော လှပသူများကိုသာ ဦးစားပေး ပေလိမ့်မည်။ အများစုက ကိုယ့်သူငယ်ချင်းတို့ကို ရုပ်ရည် လှပသူများ ဖြစ်စေလိုကြသည်။ အထူးသဖြင့် လူတိုင်းက ကိုယ့်ဘဝကြင်ဖော်ကို ရွေးချယ်ရာတွင် ရုပ်ရည်လှပသူများကိုသာ ရွေးချယ်လိုကြသည်။ သမ္မတကနေဒီနှင့် အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီတို့ ရာထူးရလာကြခြင်းမှာ ၎င်းတို့၏ ရုပ်ရည်ချောမော ပြေပြစ်မှုက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဆိုသည်။ တရားဝင် စစ်တမ်းများအဆိုအရ ကိုရုပ်ဆိုးတို့ထက် ရုပ်ရည် လှပသူတို့မှာ သူတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုတို့မှ လွတ်နိုင်ခြေ များကြောင်း သိရသည်။

ရုပ်ရည် လှပသူများကား မိမိတို့၏ မွေးရာပါ ရုပ်ရည်ကို ခုတုံးအဖြစ် သဘောထားကာ ဘဝ တဆင့်ထက် တဆင့် မြင့်ဖို့အတွက် ကြိုးစားသင့်လှသည်။ စာရေးသူအနေနှင့် အရပ်အမောင်း ကောင်း၍ ရုပ်ရည်လှပသည့် သူငယ်ချင်းတို့ကို အခါအခွင့်သင့်တိုင်း ပါးစပ်မှ ဖွင့်ဟချီးကျူးမိသလို သူတို့၏ ရုပ်ရည်ကို အသုံးချကာ အောင်မြင်မှု တစ်ခုခုရအောင် ကြိုးစားကြဖို့ တိုင်းတွန်းလေ့ရှိသည်။ အင်္ဂုတ္ထိုရ်၌ မြတ်စွာဘုရား ဟောခဲ့သလို လူအတော်များများက ရူပပ္ပမာဏ- ရုပ်ရည်ကို ကြည့်ကာ တိုင်းတာလေ့ရှိကြသည်။ စာရေးသူကား ကိုယ်ကိုယ်တိုင်က ရုပ်ရည်လှပသူ မဟုတ်၍လား မသိ၊ ချောမော သပ္ပါယ်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့ကို တွေ့တိုင်း သာသနာအတွက် ဂုဏ်ယူမိသည်။ အရပ်အမောင်း ကောင်းပြီး ခန့်ညားလှပသည့် မြန်မာအမျိုးသား၊ အမျိုးသမီးတို့ကို တွေ့တိုင်း နိုင်ငံအတွက် ဂုဏ်ယူမိသည်။ တစ်ဦးချင်းစီ၏ ရုပ်ရည်သည် ထိုသူတို့မှီတည်ရာ သာသနာနှင့် နိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။ ကမ္ဘာ့အလှမယ်ဘွဲ့ မကြာခဏ ဆွတ်ခူးလေ့ရှိသည့် လှပျိုဖြူတို့ကြောင့် ဗင်နီဇွဲလားနိုင်ငံမှာ ထင်ရှား ကျော်ကြားသည်။ ရုပ်ရည်လှပမှုသည် ဘဝတိုးတက်မှု၊ အောင်မြင်မှုရဖို့ အထောက်အကူကောင်း တစ်ခု ဖြစ်သည်ကိုတော့ အသိအမှတ်ပြုရမည် ဖြစ်သည်။

နယ်ပယ်အချို့တွင် ရုပ်ရည်ချောမောရုံ သာမက အောင်မြင်မှုပါ ရနေသူများကို ကြည့်ကာ မုဒိတာ ပွားမိသည်။ သူတို့ကို အားလည်း ကျမိပါသည်။ တကယ်တော့ နှစ်ခုလုံး ပြည့်စုံဖို့မလွယ်။ အချို့က ရုပ်လှသော်လည်း မအောင်မြင်ကြ၊ အချို့ကား အောင်မြင်သော်လည်း ရုပ်မလှကြ။ ရုပ်ရည်နှင့် အောင်မြင်မှုကို စဉ်းစားတိုင်း နာမည်ကျော် အင်္ဂလိပ် စာရေးဆရာ ဘားနက်ရှောနှင့် ကချေသည်မလေး တစ်ယောက် အကြောင်းကို သတိရမိသည်။ ဘားနက်ရှောမှာ ဉာဏ်ထက်မြတ်ပြီး ရုပ်ဆိုးသည်။ ကချေသည်မလေးက ချောမောပြေပြစ်၍ ဉာဏ်ထိုင်းသည်။ တစ်နေ့ စားသောက်ဆိုင်မှာ ဆုံတော့ ကချေသည်မလေးက သူတို့နှစ်ယောက်သာ ပေါင်းသင်းခဲ့လျှင် ဘားနက်ရှောလို ဉာဏ်ထက်မြတ်ပြီး သူ့လို လှပသည့် ကလေးလေးတွေ မွေးနိုင်ကြောင်း ပြောသည်။ ထိုစကားကို ကြားတော့ ဘားနက်ရှောက ‘နင့်လို ဉာဏ်ထိုင်းပြီး ငါ့လို ရုပ်ဆိုးတဲ့ ကလေးတွေ မွေးလာရင် ဘယ့်နှယ်လုပ်မလဲ’ ဟု ပြန်ပြောလိုက်သည်။ တကယ်တော့ ကိုယ်ရလာသည့် ဘဝကို ကျေနပ်နှစ်သက်ရင်း ကိုယ့်ဘဝကို အကောင်းဆုံး မြှင့်တင်ဖို့သာ အရေးကြီးပါသည်။ ကိုယ့်အားနည်းချက်ကို စဉ်းစားပြီး စိတ်ဆင်းရဲနေလျှင် တစ်သက်လုံး စိတ်ဆင်းရဲရုံသာ ရှိပေမည်။

ရုပ်မလှပသူတို့အတွက်တော့ ဆရာကြီး ဦးအောင်သင်း၏ ‘အစားထိုး အောင်မြင်မှု’ က အားတက်စရာ ဖြစ်ပါလိမ့်မယ်။ အသံမကောင်းသူ တစ်ယောက်အနေနှင့် အဆိုတော်အဖြစ် အောင်မြင်မှု မရနိုင်သော်လည်း အောင်မြင်သည့် ဒါရိုက်တာတစ်ယောက် ဖြစ်အောင် ကြိုးစားခြင်းဖြင့် ‘အစားထိုး အောင်မြင်မှု’ ကို ရနိုင်ကြောင်း ဆရာကြီးက ဆိုသည်။ ကိုရုပ်ဆိုးတို့အနေနှင့် မိမိတို့၏ ရုပ်ရည်အတွက် စိတ်ပျက်စရာ မလိုဘဲ ရိုးသား ကြိုးစားလျှင် အောင်မြင်မှုကို ရနိုင်မည့်အပြင် ထိုအောင်မြင်မှုနှင့်အတူ မိမိအပေါ် မြင်သည့် လူတို့၏ ကိုရုပ်ဆိုးဟူသော အမြင်ကိုလည်း ပြောင်းနိုင်ပါလိမ့်မည်။ အဆိုတော်အချို့ သီချင်းစဆိုစဉ်က ပရိသတ်တို့၏ အမြင်တွင် ရုပ်ဆိုးခဲ့သော်လည်း အောင်မြင်လာသည်နှင့်အမျှ ပရိသတ်အမြင်တွင် သူတို့၏ ရုပ်ရည်မှာ ပိုပို ချောမောလာသည်ကို တွေ့ရသည်။ အောင်မြင်မှုကြောင့် ရုပ်ရည်လှပလာခြင်းဟု ဆိုနိုင်ပါသည်။

အချို့ကား ရုပ်မလှကြသော်လည်း လူချစ်လူခင် ပေါများပြီး အပေါင်းအသင်း ဝင်ဆန့်သည်။ ထိုသူတို့ကို ကြည့်ပြီး ချီးကျူးမိပါသည်။ မိမိတို့၏ မလှပသည့် ရုပ်ရည်ကို စဉ်းစားကာ သိမ်ငယ်စိတ် ဝင်နေသူများကို တွေ့တိုင်း အင်းဝခေတ်က ဆူးတွင်းပစ်ဆရာတော်၏ အဖြစ်အပျက်ကလေးကို သွားသွား သတိရသည်။ တောရွာများတွင် ဝါမဝင်ခင် ကိုရင်များ ရှင်လိမ်ပြန်သည့် ဓလေ့ရှိသည်။ ကိုရင်ဘဝမှ ခေတ္တခဏ လူဝတ်လဲကာ မိမိတို့အိမ်များတွင် ခဏ သွားနေကြခြင်း ဖြစ်သည်။ ဆူးတွင်းပစ်ဆရာတော် လောင်းလျှာ ကိုရင်ကြီးသည်လည်း ရှင်လိမ်ပြန်ကာ အများနည်းတူ သူကြိုက်နေသည့် မိန်းကလေးအိမ် အလည်သွားသည်။ သူသွားလည်သည့် အချိန်မှာ မိန်းကလေးက ရက်ကန်း ရက်နေသည်။ ထိုမိန်းကလေးမှာ သူ့အိမ်သို့ ငယ်စဉ်ကတည်း အမြဲလိုလို ဆွမ်းခံကြွနေ၍ ခင်မင်နေသူ ဖြစ်သည်။ သူတစ်ဖက်သက် ကြိုက်နေသည့် မိန်းကလေးက ခါတိုင်းလိုပဲ ဖော်ဖော်ရွေရွေ စကားလက်ခံ ပြောသည်။ သူ့ဘက်ကတော့ ကြိုက်တာ သေချာသည်။ တစ်ဖက်က ကြိုက်သလား၊ မကြိုက်သလား သူမသိ။ သို့နှင့် ထိုနေ့က အရဲစွန့်ကာ ချစ်ကြောင်း ဖွင့်ပြောလိုက်သည်။ မိန်းကလေးပါးစပ်က သူ ထင်မှတ်မထားသည့် စကားထွက်လာသည်…'နင့်လို… ကိုရုပ်ဆိုးကို ဘယ်သူက စဉ်းစားမလဲ’ တဲ့။

ဆူးတွင်းပစ် ဆရာတော်မှာ အတော် အရုပ်ဆိုးပုံရသည်။ ထိုနေ့က ပြောလိုက်သည့် အိပ်မက်ထဲက သူ့ချစ်သူ စကားက သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။ သူ့ရုပ်ရည်ကိုလည်း အတော်စိတ်ကုန် သွားသည်။ ဘဝတိုးတက်ဖို့အတွက် သူ့ရုပ်ရည်ကို အားကိုး၍ မရတော့သည်ကို သဘော ပေါက်သွားသည်။ သူ့ဘဝ တိုးတက်လမ်းအတွက် ပညာသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်းဖြစ်ကြောင်း မြင်လာသည်။ သို့နှင့် မြို့တော်အင်းဝသို့ တက်ကာ လောကုတ္တရာစာပေကို အပတ်တကုတ် ကြိုးစားသင်ယူသည်။ နောက်ဆုံး မင်းကိုးကွယ်သည့် စာတတ်ပေတတ် နာမည်ကျော် ဆရာတော်တစ်ပါး ဖြစ်သွားသည်။ ရုပ်ဆိုးသူ ကိုရင်ကြီးကား သူကြိုက်နေသည့် မိန်းကလေး၏ အချစ်ကို မရခဲ့သော်လည်း ပညာကို အပတ်တကုတ် သင်ယူကာ နာမည်ကျော် ဆရာတော်တစ်ပါး ဖြစ်အောင် ကြိုးစားနိုင်ခဲ့သည်။

ကိုရုပ်ဆိုးတို့အတွက် အကောင်းဆုံး နမူနာ ယူစရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်းဆန်း၏ ဓာတ်ပုံကို ကြည့်ကာ ခန့်ညား၍ ရုပ်ရည်လှပကြောင်း သူငယ်ချင်းအချို့ ပြောသည်ကို မကြာခဏ ကြားရသည်။ ထိုသို့ပြောတိုင်း လက်မခံကြောင်း ပြန်ပြောမိသည်။ သမိုင်းဝင် သူ့ဓာတ်ပုံတို့နှင့် သူနှင့် ခေတ်ပြိုင် စာရေးဆရာတို့၏ သူ့အကြောင်း ရေးသားချက်တို့ကို ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ရုပ်မလှရုံသာမက ခန့်ညားမှုလည်း မရှိကြောင်း သိနိုင်ပါသည်။ သို့သော် မြန်မာပြည်သူတို့၏ စိတ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ခန့်ညားထည်ဝါ၍ ချောမောလှပနေပါသည်။ ထိုသို့ ဖြစ်ခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ တည်ကြည်ဖြောင့်မတ်မှု၊ ကိုယ်ကျိုးမဖတ် နိုင်ငံအတွက် စွန့်လွတ် အနင့်နာခံမှုတို့ကြောင့် ဖြစ်ပါလိမ့်မည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ လှပခန့်ညားမှု မရှိသည့် သူ့ရုပ်ရည်က သူ၏ ထင်ပေါ်ကျော်ကြားမှုနှင့် အောင်မြင်မှုကို မဟန့်တားနိုင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော (၈၈) မျိုးဆက် ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်တို့သည်လည်း ကိုရုပ်ဆိုးတို့အတွက် အားတက်စရာ၊ အတုယူစရာ များပင် ဖြစ်သည်။ သာမန်အားဖြင့် ကြည့်လျှင် သူတို့မှာ ရုပ်ရည်လှပကြသူများ မဟုတ်သလို အရပ်အမောင်း ကိုယ်လုံး ကိုယ်ထည်ကအစ မလှပကြ။ သို့သော် သူတို့၏ ရိုးသားမှု၊ စွန့်လွတ်အနစ်နာခံမှု၊ ယုံကြည်ချက် ခိုင်မာမှုတို့က သူတို့၏ ပကတိ ရုပ်ရည်ကို ကျော်လွန်ကာ ခန့်ညား တင့်တယ်စေသည်။ ရုပ်ရည် မလှပမှုက သူတို့၏ အောင်မြင်မှုကို မဟန့်တားနိုင်။ အချုပ်အားဖြင့် ဆိုရလျှင် ပင်ကိုယ် ရုပ်လှသူများက မိမိတို့၏ ရုပ်ရည်လှပမှုကို အပြည့်အဝ အသုံးချကာ အောင်မြင်မှုကို ရယူသင့်သလို ဘဝကံပေး အခြေအနေအရ ရုပ်မလှသူတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ကိုမင်းကိုနိုင်တို့ကို အားကျအတုယူကာ ရိုးသားမှု၊ စွန့်လွတ် အနင့်နာခံမှု၊ စိတ်ကောင်း စေတနာမှန်တို့ဖြင့် အောင်မြင်မှုကို ရယူကာ ရုပ်ရည် ခန့်ညား လှပသူများ ဖြစ်လာနိုင်ပါသည်။

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-74307910835563428002009-12-02T02:04:00.011+08:002023-07-11T16:49:25.203+08:00ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆု ပြဿနာ
ဒီရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဟာ ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆု ဆွတ်ခူး လိုက်တယ်ဆိုတဲ့ သတင်း Forward Mails တွေ တော်တော်များများ ရောက်လာပါတယ်။ 'ဝမ်းသာစရာ သတင်း' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောက်လာတာပါ။ သူငယ်ချင်း တစ်ယောက်ကလဲ ဒီသတင်းကို ဝမ်းပမ်းတသာ ပြောရှာပါတယ်။ ဒီေမေးလ်ကို လွန်ခဲ့တဲ့ နှစ်လလောက်ကလဲ ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်မထင်လို့ စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ ခုတော့ ဒီသတင်းက အွန်လိုင်းပေါ်မှာရော အပေါင်းအသင်းတွေ ကြားမှာပါ လူပြောသူပြော များနေလို့ မယုံပေမယ့် စိတ်ဝင်စားမိတာတော့ အမှန်ပါပဲ။ ဒီလို စိတ်ဝင်စားရင်းနဲ့ပဲ ဒီသတင်းအကြောင်း ဝေဖန်ရေးသားထားတဲ့ ဒီဆောင်းပါးလေးကို သွားတွေ့ပါတယ်။ အလင်းတန်း ဘလော့ဂါ ကိုမင်းထက်ရဲ့ လက်ရာ ဖြစ်ပါတယ်(http://kominhtet.blogspot.com)။ ဗဟုသုတ ဖြစ်စရာ၊ စဉ်းစားစရာတွေ ပါလို့ အားလုံးကို ဝေငှလိုက်တာပါ။

အခုတလော အွန်လိုင်းပေါ်မှာ ရေပန်းတင်မက၊ ကုန်းပန်း လေပန်းပါ စားနေတဲ့ ဘာသာရေးဆိုင်ရာ သတင်းတစ်ပုဒ် ပလူပျံနေလေရဲ့ဗျို့။ အဲဒီသတင်း အတွက် ပေးထားတဲ့ Comment တွေဆိုလဲ စိတ်ဝင်စားစရာ အလွန့်ကို ကောင်းပါဘိခြင်း။ စာဖတ်သူ အတော်များများလည်း ဖတ်ကြ ပြီးလောက်ရောပေါ့။ “ဗုဒ္ဓဘာသာက အကောင်းဆုံး ဘာသာရေးဆုကို ဆွတ်ခူးလိုက်သည်” ဆိုတဲ့ သတင်းလေ။ အတော်အတန် သိလောက်ပြီး ဖြစ်ပေမဲ့ မသိရသေးသူများအတွက် သတင်းဆိုင်ရာ အချက်အလက် အနည်းငယ်ကို အရင် တင်ပြပေးပါဦးမယ်။ ဒီလိုတဲ့...

ဆုရွေးချယ်ရေး စံချိန်စံညွှန်းများဖြစ်တဲ့

(၁) promoting personal and community peace =

လူတစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်း တစ်ခုလုံး၏ ငြိမ်းချမ်းမှုကို မြှင့်တင်ရေး

(၂) increasing compassion and a sense of connection=

ကိုယ်ချင်းစာနာမှုနှင့် ဆက်ဆံပေါင်းသင်းရေးဆိုင်ရာ အသိကို တိုးမြှင့်ပေးရေး

(၃) encouraging preservation of the natural environment=

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားမြှင့်ပေးရေးဆိုတဲ့ မူ (၃)ချက်နဲ့အညီ ကမ္ဘာပေါ်ရှိ ဘာသာတရားပေါင်း (၃၈) ခုကို သုတေသနပြုပြီး သက်ဆိုင်ရာဘာသာ အသီးသီးတို့ရဲ့ ခေါင်းဆောင်ပေါင်း (၂၀၀) ကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင် အများစုက သူတို့ရဲ့မူရင်းဘာသာကို မဲမပေးဘဲနဲ့ ဒီဆုနဲ့ အထိုက်အတန်ဆုံးဟာ ဗုဒ္ဓဘာသာတရားသာ ဖြစ်ပါတယ်ဆိုပြီး ဗုဒ္ဓဘာသာကိုပဲ “ကမ္ဘာ့အကောင်းဆုံး ဘာသာတရား” အဖြစ် အသိအမှတ်ပြုပြီး မဲပေးခဲ့ကြပါသတဲ့။ အဲဒီထဲက ဘာသာရေးခေါင်းဆောင် တစ်ချို့ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေက ဒီလိုပါ။

မြောက်အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် Belfast မှာနေထိုင်သူ ခရစ်ယန် ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ Ted O'Shaughnessy ကတော့ သူ့အမြင်ကို ဒီလိုပြောပါတယ် “ကျုပ် ကက်သလစ်ခ်ဘုရား ကျောင်းတော်ကို သိပ်ချစ်ပေမဲ့ ကျုပ်တို့ဟာ စာထဲပါတဲ့ မေတ္တာတရားဆိုတာကို ဟောပြောနေကြတာပဲ၊ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို သိရမယ်တဲ့။ အဲဒီဘုရားသခင်ရဲ့ အလိုဆိုတာကလဲ လူသားတွေကို သတ်ဖြတ်နေတယ်လို့ သိရတဲ့အခါ ကျုပ် စိတ်အနှောက်အယှက် ဖြစ်လှတယ်၊ အဲဒါကြောင့် ကျုပ်ကတော့ ဗုဒ္ဓဘာသာဝင်တွေကိုပဲ မဲပေးခဲ့တယ်”။

ပါကစ္စတန်နိုင်ငံက မွတ်စလင်ဘာသာရေး ဓမ္မဆရာတစ်ဦးဖြစ်သူ Tal Bin Wassad ကလည်း သူ့အမြင်ကို ဘာသာပြန်ကနေ တစ်ဆင့် ဒီလိုပြောပါတယ် “ကိုင်းရှိုင်းတဲ့ မူစလင်ဘာသာဝင် တစ်ယောက်အနေနဲ့ ကျုပ်တွေ့နေ မြင်နေရတာက ပုဂ္ဂိုလ်ရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘာသာရေးပြယုဂ်တွေထဲမှာ ဒေါသတွေ၊ သွေးမြေကျမှုတွေ ဘယ်လောက်တောင် စီးဝင်နေတယ်ဆိုတာကိုပါပဲ၊ ဗုဒ္ဓဘာသာမှာတော့ အဲဒါမျိုး မတွေ့ရပါဘူး။ နောက်ပြီး ကျုပ်ရဲ့ အကောင်းဆုံး မိတ်ဆွေတွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြပါတယ်”။

ဂျေရုစလင်မြို့က ဂျူးဘာသာဝင် တစ်ယောက်ဖြစ်သူ Rabbi Shmuel Wasserstein ကလည်း “ကျုပ် ဂျူးဘာသာတရားကို သိပ်မြတ်နိုးတာပေါ့ဗျာ၊ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘာသာတရားတစ်ခု လို့တောင် ကျုပ်ယူဆပါတယ်၊ ဒါပေမဲ့ ရိုးရိုးသားသား ဝန်ခံရရင်တော့ ဂျူးဘာသာရေးဆိုင်ရာ နေ့စဉ်ဝတ်ပြုဆုတောင်းမှု တစ်ခုဖြစ်တဲ့ Minyan မလုပ်ခင်မှာ နေ့တိုင်းနေ့တိုင်း ကျုပ် ဝိပဿနာတရား အားထုတ်တယ်၊ အဲဒါ ၁၉၉၃ ခုနှစ်ကတည်းပဲ၊ ဒါကြောင့် ကျုပ် ဗုဒ္ဓဘာသာထဲပဲ မဲထည့်လိုက်တယ်” ဆိုပြီး သူ့ဆန္ဒကို ထုတ်ဖေါ်ခဲ့ပါတယ်။

သူတို့နည်းတူ အခြားအခြားသော ဘာသာရေး ခေါင်းဆောင်များကလည်း သူတို့အကြောင်းပြချက်နဲ့ သူတို့ ဗုဒ္ဓဘာသာအပေါ် မဲပေးခဲ့ကြတယ်လို့ သတင်းက ဆိုပါတယ်။ ချုပ်လိုက်တော့ ဗုဒ္ဓဘာသာက မဲအများဆုံးရပြီး ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆုကို ဆွတ်ခူးလိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက “ဒီသတင်းဟာ အမှန်အကန်မှ ဟုတ်ရဲ့လား” ဆိုတဲ့မေးခွန်းအတွက် ပေးရမည့် အဖြေပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီဆုကို ရွေးချယ်ခဲ့တဲ့ ဆွင့်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေစိုက်တယ်လို့ဆိုတဲ့ International Coalition for the Advancement of Religious and Spirituality (ICARUS) အဖွ့ဲအစည်းဟာ အွန်လိုင်းပေါ်မှာ ရှာမရသလို အဖွဲ့ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hans Groehlichen ဆိုသူကိုလည်း အခုထိ ဘယ်သူမှ ဆက်သွယ်လို့ မရဖြစ်နေပါတယ်။

Comment ပေးကြတဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင် သာမန် အွန်လိုင်းဝါသနာအိုးတွေ သာမက ဘာသာရေး စိတ်ဝင်စားသူတွေ၊ ပါမောက္ခကြီးတွေအပြင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်တော်မူတဲ့ အဓိပတိဆရာတော်တောင် ပါပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားရဲ့ Comment ကတော့ ဆုနဲ့ပတ်သက်ပြီး ဘာမှ မပြောပါဘူး။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေရဲ့ ကွာခြားချက်ကိုသာ ထောက်ပြသွားတာပါ။ ဒီအတွက် ဆရာတော်က စကားလုံး နှစ်လုံးကို သုံးခဲ့ပါတယ်။ Theocentric (ဖန်ဆင်းရှင်ပဓာန) နဲ့ Homocentric (လူသားပဓာန) ဆိုတဲ့ စကားလုံးတွေပါ။ ဒီစကားလုံးတွေကို သာမန် အင်္ဂလိပ်အဘိဓာန်ထဲရှာလို့ တွေ့ကြမှာ မဟုတ်ပါဘူး။ ဆရာတော်ဘုရားက ဗုဒ္ဓဘာသာဟာ လူကို ဗဟိုပြုတဲ့ဘာသာဖြစ်ပြီး တခြားဘာသာတွေကတော့ ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ဘာသာတရား ဖြစ်ကြောင်း ခွဲခြားပြပါတယ်။ ဆရာတော်ဘုရားရဲ့ မှတ်ချက် အချုပ်ကတော့ ဒီလောက်ပါပဲ။

တစ်ချို့လဲ မဆီမဆိုင် ထေရဝါဒက ဘယ်လို၊ မဟာယာနက ဘယ်လိုဆိုပြီး ဆရာလုပ် သွားကြပါသေးတယ်။ Comment အတော်များများကတော့ ဒီသတင်းကို ကြိုဆိုတဲ့အကြောင်း၊ သိရတာ ဝမ်းသာတဲ့အကြောင်း ရေးကြပါတယ်။ ဆန့်ကျင်ဘက်လုပ်ရေးတဲ့ လူတွေလဲ အတော်များများတွေ့ရလေရဲ့။ တစ်ချို့လဲ ဒီဆုကြောင့် ဘာသာရေး ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ကြောင်း ထောက်ပြကြပါတယ်။ လူတိုင်းလောက်နီးပါးဟာ ကိုယ်ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကိုသာ အကောင်းဆုံးလို့ လက်ခံယူဆ ကြတဲ့အတွက် ဒီလိုဆုမျိုးဟာ တကယ်ရှိရင်တောင် ပြန်ဖျက်သိမ်းသင့်ကြောင်း အဆိုပြုထားလည်း တွေ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဒီသတင်းဟာ အစစ်အမှန်ဖြစ်ရင် ကြိုဆိုသင့်ပေမဲ့ အထက်မှာပြောခဲ့သလို

(၁) အဖွဲ့အစည်းဆိုင်ရာ အချက်အလက်တွေ အင်တာနက်ပေါ်မရှိခြင်း

(၂) အဖွဲ့တည်ရာကို မညွှန်ပြခြင်း

(၃)ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာတွေ ပေးမထားခြင်း စတဲ့ အကြောင်းတွေကို သုံးသပ်ကြည့်ရင် ဒီသတင်းဟာ ကြက်သွန်နီသတင်းမျိုး ဖြစ်ဖို့ရှိကြောင်း ဝေဖန်ကြပါတယ်။ ကြက်သွန်နီဥဟာ အလွှာတစ်ခုပြီး တစ်ခု ခွါလိုက်တဲ့အခါ နောက်ဆုံးအတွင်းသားမှာ ဘာမှမတွေ့ရပဲ လွှာသူမှာသာ မျက်စိစပ်ပြီး ကျန်ရစ်သလို ဒီသတင်းနောက် လိုက်နေရင်တော့ နောက်ဆုံး ဘာမှမတွေ့ရပဲ အင်တာနက်ကြည့်ရလွန်းလို့ မျက်စိစပ်ပြီး ကျန်ရစ်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ကျနော်ရဲ့ မျက်စိတွေလည်း ဒီသတင်းနောက် စိတ်ဝင်တစားလိုက်ဖတ်ရင်း အခုတော့ စပ်နေပါပြီ။

ကိုမင်းထက် (အလင်းတန်း)

မှတ်ချက်။ ။ စိတ်ဝင်စားသူများ အောက်ပါ Website တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း အသိပေးပါသည်။
Beliefnet

အထက်က ဝက်ဆိုက်ထဲမှာ ရေးထားကြတဲ့ ကွန်မန့်တွေထဲက စိတ်ဝင်စားစရာ နှစ်ခုကိုလည်း ဝေငှလိုက်ပါတယ်။

Ethan Nichtern
July 20, 2009 3:49 PM
http://theidproject.com/

All,

I think it is very clear that this piece is an Onion style joke. Not sure what the origin was, but I found it pretty funny.

It is so like our culture of competition to have a "Best Religion in the World" competition and then name a nonreligion the winner!

Love it.

Your Name
July 21, 2009 6:12 PM

First of all, I thank FFRF, a non religious organization for choosing Buddhism as the world's best 'religion'.

If an organization or a person wishes to give an award to Buddhism, one must learn and follow the teachings of the Lord Buddha. One should pay deepest respect to the lord Buddha, the founder of Buddhism and the teacher of the Dhamma.

However, Religion is Theocentric (God center) teaching. Dhamma is homocentric (human center) teaching. If someone follows the Dhamma, pratice the Dhamma, he is automatically free from religion.

The best following of the Buddha's teaching is the best reward to Buddhism as the best religion.

Dr. Ashin Nyanissara
Chancellor Sitagu International Buddhist Academy

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-20822557951318111102009-11-30T21:18:00.007+08:002023-07-06T16:52:11.765+08:00အငိုဒုက္ခတိုင်းပြည်
<meta content="text/html; charset=utf-8" equiv="Content-Type"></meta>
ကဗျာမရေးတတ်ပေမယ့် ငယ်စဉ်က ကဗျာတွေကို စွဲစွဲလမ်းလမ်း ခံစားခဲ့ဖူးပါတယ်။ ပုဂံခေတ်က အမည်မသိ စာဆိုတစ်ယောက် ရေးခဲ့တဲ့ ‘မြကန်ဖွဲ့ကဗျာ’၊ အရှင်မဟာရဋ္ဌသာရရဲ့ ‘ဝဏ္ဏပဘာ’ ကဗျာ ကစလို့ ဆရာမောင်ခိုင်မာရဲ့ ‘ရှင်မရေ’ ကဗျာတွေအဆုံး ကဗျာမျိုးစုံ ဖတ်ခဲ့ဖူးတယ်။

အသက် နှစ်ဆယ့်သုံးနှစ် လောက်ကစပြီး ရသစာပေ၊ အထူးသဖြင့် ကဗျာကို ကျောခိုင်းခဲ့ပြီး သုတစာပေကိုပဲ အလေးပေး ဖတ်ရှုဖြစ်ခဲ့ပါတယ်။ ဒီနှစ်လယ်ပိုင်းလောက်က မေးလ်ကတဆင့် ရခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုတော့ အရမ်း သဘောကျ သွားမိတယ်။ ကဗျာဆရာ ကောင်းကင်ကို ရေးတဲ့ ‘အငိုဒုက္ခ တိုင်းပြည်’ ဆိုတဲ့ ကဗျာပါ။ ကိုယ့်ကိုယ်ကို ကဗျာရဲ့ ရသကို မခံစား တတ်တော့သူ တစ်ယောက်လို့ ထင်ခဲ့ပေမယ့် အဲ့ဒီကဗျာက ရင်ကို အရှိန်ပြင်းပြင်းနဲ့ လာထိပါတယ်။ ကဗျာဆရာနဲ့ ခံစားချက် တူနေတာရယ်... ကဗျာဆရာရဲ့ ကဗျာဖွဲ့ဆိုမှု အတတ်ပညာကြောင့်ရယ် ဖြစ်ပါလိမ့်မယ်။

ကဗျာက စစ်အုပ်စုရဲ့ လက်အောက်မှာ ခေတ်ပျက်နဲ့ တွေ့ကြုံနေရတဲ့ ကဗျာဆရာ တစ်ယောက်ရဲ့ ခံစားမှုကို အပီအပြင် သရုပ်ဖော်ထားပါတယ်။ ကဗျာဆရာရဲ့ ရင်ဘက်ထဲက လာတဲ့ ခံစားချက်စစ်စစ် ဖြစ်လို့ထင်ရဲ့၊ သုံးထားတဲ့ စကားလုံးတွေက အားပါသလို ကာရန်တွေကလည်း အရမ်းလှပပါတယ်။ ဒီကဗျာကို ဖတ်ရင်း ခေတ်တစ်ခေတ်ရဲ့ ဘဝသရုပ်ကို ကာရန်တွေနဲ့ ဖော်ဆောင်ခဲ့ကြတဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကဗျာကြီးတွေ၊ မောင်ခိုင်မာရဲ့ ရှင်မရေ…ကဗျာတွေကို လွမ်းမိတယ်။ ဒါနဲ့ပဲ စာဖတ်သူတွေကို မျှဝေပြီး ခံစားစေချင်တဲ့ ဆန္ဒတွေ ပေါ်လာခဲ့ပါတယ်။ ဒီကဗျာဖတ်ပြီး ကဗျာခံစားသူ့စိတ်ထဲ တစ်ခုခု ကျန်ခဲ့မယ်လို့ မျှော်လင့်ပါတယ်…

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ရတဲ့

အငို ဒုက္ခ တိုင်းပြည်မှာ

မိစ္ဆာတွေ ဘုရင်လုပ် နေသည်။

လိပ်ပြာတွေကို နှင်ထုတ်နေသည်။

သွေးညှီနံ့တွေနဲ့ ချဉ်စုတ် နေပြီ။

လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ပြောင်းသွားလေပြီ။

ဘွဲ့ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။

သူတောင်းစားတို့ကျ ကောင်းစားနေသည်။

အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။

တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။

သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။

အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။

လူမဆန်စွာ ကြမ်းကြုတ်နေပြီ။

ဖြုတ်ဦးနှောက်တွေနဲ့..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့..ဘာမှမရှိဘူး..အဟောင်းသား။

လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။

ဒီလိုနဲ့ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။

ဘဝနဲ့ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။

ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။

ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့ အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။

အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။

ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့သက်သေတစ်စပဲ။

ကမ္ဘာက သာမန်လူတွေနဲ့ငါတို့ကာရန်တူရုံလေးတောင်.. ဘာလို့ဒီလောက်အထိ ခက်နေရသလဲ။

မြေညီထပ်လေး ရောက်ဖို့တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။

မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ဖားလိုက်။

သူငယ်ချင်းတို့......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့...ထားလိုက်။

အသိဉာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ

ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။

နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။

ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...

မင်း..အေးအေးဆေးဆေးနေလို့လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့။

မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့။

ဝန်နဲ့အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။

ကပ်တစ်ခုစိုက်လိုက်တာနဲ့မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ

အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ

ပြည်သူတွေကလည်း သူတို့ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်

သူတို့တွေရဲ့ ပလ္လင်ခဏခဏလှုပ်လည်း

အခုထိမပြုတ်သေးတော့

တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်

ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့ ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ

လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။

အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။

စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

ကောင်းကင်ကို

ကဗျာဆရာ ကောင်ကင်ကိုရဲ့ ကဗျာတွေကို ခံစားချင်ရင်တော့ သူရဲ့ ဘလော့ဂ်ကို သွားရောက် လည်ပတ်နိုင်ပါတယ်။ (http://kaungkinko.myanmarbloggers.org)

အရှင်သစ္စာနန္ဒ

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-76457270856041581552009-11-26T02:36:00.000+08:002023-07-05T00:41:19.610+08:00သစ္စာ

ပဲပုပ်နဲ့ ဆီဆမ်းဆားဖြူး

အရသာထူးလှပါဘိ

မြူးသည့် ဖြစ်ခြင်း

အဖြူရောင် သစ္စာဟင်းချိုနဲ့

ဖြစ်သလိုသာ လွေးလိုက်တယ်

မဆွေးတော့ပါဘူး

နာမည်ပျက်တဲ့ အမည်းစက်

ခဲဖျက်နဲ့ မပျက်တာမို့

ခဏတာသာယာရေး မတွေးတော့ပါဘူး

ရေများရာမိုးရွာ

မျက်နှာကြီးရာဟင်းဖတ်ပါ

ဖြစ်မြဲပင် ဓမ္မတာမို့

အပြစ်လဲ မမြင်ရက်ပါဘူး

ပေးပြီးသားကတိသည်

မဆပ်ရသေးတဲ့ အကြွေး

ကြွေးပူတွေအေးအောင်ပ

သစ္စာရေသောက်ကြမယ်

နောက်မဆုတ်ကြေး

မျိုးချစ်သွေး

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0tag:blogger.com,1999:blog-2241954213843080230.post-32158662615976423602009-11-26T02:18:00.001+08:002023-07-10T17:49:09.149+08:00ဝဿကာရအမတ်ကြီးနှင့် သီရိလင်္ကာနိုင်ငံမှ မြန်မာစာသင်သား ရဟန်းတော်များ

ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းက အိမ်နီးချင်း နိုင်ငံငယ်ကလေးဖြစ်သည့် ဝေသာလီကို သိမ်းပိုက်လိုသည်။ သေးငယ်သော်လည်း ညီညွတ်သည့်အတွက် တိုက်ခိုက်သိမ်းပိုက်ရန် မလွယ်ကူ။ အမတ်ကြီး ဝဿကာရ၏ အစီအစဉ်အရ အကွက်ကျကျ သပ်လျှိုထိုးခွဲနည်းကို အသုံးပြုကာ ဖြိုခွဲခဲ့သည်။ ထိုနည်းတူ စစ်အစိုးရသည်လည်း အမတ်ကြီးဝဿကာရ၏ သပ်လျှိုထိုးခွဲနည်းကို အသုံးချပြီး တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်လုပ်ကာ ညီညွတ်ရေးကို ဖြိုခွဲသည်။ ထိုဒဏ်ကို မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကိုးကန့်စသည့် တိုင်းရင်းသားတို့မှာ အလူးအလဲ ခံနေကြရသည်။

ယခုလည်း သီရိလင်္ကာမှာ စာပေသင်ကြားနေကြသည့် မြန်မာစာသင်သား ရဟန်းတော်များအကြား ညီညွတ်ရေး ပြိုကွဲအောင် အကွက်ကျကျ လုပ်ဆောင်သွားခဲ့သည်။ (၂၂၊ ၁၁၊ ၂၀၀၉) ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မကုဋာရာမ မြန်မာကျောင်းတွင် မြန်မာသံရုံးမှ ဆွမ်းကပ်ပွဲ ကျင်းပခဲ့သည်။ နှစ်နှစ်ကျော် ကာလအတွင်း မြန်မာသံရုံးက ပထမဆုံး ကပ်သည့် ဆွမ်းဖြစ်သည်။

အမှန်ပြောရလျှင် ထိုဆွမ်းကပ်ပွဲက (၂၀၀၈)ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲကဲ့သို့ ခြိမ်းခြောက်မှု၊ မြူဆွယ်မှုတို့ဖြင့် စစ်အစိုးရ လှည့်ကွက်ထဲ ဝင်သွားသည်ဟု ဆိုချင်သည်။ နိုဝင်ဘာ (၁၂)ရက်နေ့မှ (၁၅) ရက်နေ့အထိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ လာသွားသည်။ သူ့ခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းတော်တို့ကို လှူဒါန်းရန် သင်္ကန်းနှင့် ဒေါ်လာတွေ ပါလာသည်။ သူမလာခင် တစ်လကျော်လောက်က ပြည်သူတို့ဆီမှ အလှူခံထားခြင်း ဖြစ်သည်။ သို့သော် မြန်မာကျောင်း သုံးကျောင်းလုံးသို့ သူကိုယ်တိုင် မလာရဲခဲ့။ သင်္ကန်းနှင့် ဒေါ်လာတို့ကို သံရုံးမှာ ချန်ထားခဲ့ပြီး သံဃာများအကြား ဝဿကာရအမတ်ကြီးနည်းကို ကျင့်သုံးရန် ညွှန်ကြားသွားခဲ့ဖွယ် ရှိသည်။ ဗိုလ်သန်းရွှေ ပြန်သွားပြီး တစ်ပတ်အတွင်း မကုဋာရာမ မြန်မာကျောင်းမှာ ဆွမ်းကပ်ရန် စီစဉ်တော့သည်။

ဆွမ်းကပ်မလာလျှင် စာရင်းမှတ်မည်၊ ပတ်စပို့်၊ ဗီဇာကိစ္စ အခက်အခဲဖြစ်မည်၊ မြန်မာနိုင်ငံအပြန်မှာ ဖမ်းဆီးခံရမည်စသည်ဖြင့် ခြိမ်းခြောက်သည့် သတင်းတွေ လွှင့်သည်။ (၂၂) ရက်နေ့ ဆွမ်းကပ်တော့ တစ်ပါးလျှင် ဒေါ်လာနှစ်ရာ (US Dollar: 200)နှင့် ညီမျှသော ရူပီ (၂၁၀၀၀)၊ သင်္ကန်းစသော လှူဖွယ်ဝတ္ထုတွေ လှူဒါန်းသွားသည်။ ပြည်သူလူထုက လှူဒါန်းခဲ့ခြင်း ဖြစ်သော်လည်း လှူဒါန်းသမျှ လှူဖွယ်ပစ္စည်းတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့မှ လှူဒါန်းကြောင်း စာတမ်း ရေးထိုးထားသည်။ သူကြီးဘုရား၊ ရွာသားကောင်းမှု-ဟူသော မြန်မာစကားပုံကို ယခုမှ ကိုယ်တိုင် တွေ့ကြုံရခြင်း ဖြစ်သည်။ ငါးကြင်းဆီဖြင့် ငါးကြင်း ပြန်ကြော်ခဲ့ခြင်းလည်း ဖြစ်သည်။

စာရင်းများအရ ဆွမ်းစားကြွရောက်သည့် သံဃာအပါး (၁၅၀) ရှိသည်ဟု သိရသည်။ ဝါဆိုသံဃာစာရင်းအရ ယခုနှစ် (၂၀၀၉) သီရိလင်္ကာ၌ စာပေသင်ကြားနေသည့် သံဃာအပါး (၂၄၇) ပါးရှိပါသည်။ (ဤစာရင်းတွင် သီလရှင်ဆရာလေးများ၊ ကိုရင်များမပါပါ။) ခရီးထွက်နေသည့် သံဃာ ဆယ်ပါးခန့်ကို ဖယ်လိုက်လျှင် ယခုလက်ရှိ သံဃာစာရင်း (၂၃၅)ပါးခန့် ရှိပါလိမ့်မည်။ သံဃာအပါး (၁၅၀) ဟူသော အရေအတွက်မှာ သီရိလင်္ကာနိုင်ငံ၌ စာပေသင်ကြားနေသည့် မြန်မာသံဃာအများစု ဖြစ်နေသည်မှာ ထင်ရှားသည်။

မည်သို့ပင် ဖြစ်စေ မိမိတို့အနေနှင့် သံဃာအများစု၏ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို လေးစားပါသည်။ သို့သော် ကျန်သည့် သံဃာ (၈၅)ပါးတို့သည်လည်း မိမိတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက်ကို ထုတ်ဖေါ်ပြောဆိုခွင့် ရှိသည်ဟု ယုံကြည်သည်။

မိမိတို့အနေနှင့် မြန်မာပြည်တွင်းမှ အဖိနှိပ်ခံ ရဟန်းတော်များ၊ ပြည်သူပြည်သားများကို စာနာထောက်ထားသောအားဖြင့် စစ်အစိုးရနာမည်ဖြင့် လှူဒါန်းသည့် ဆွမ်းကို မစား၊ ဒေါ်လာနှစ်ရာကို မယူခဲ့ကြခြင်း ဖြစ်သည်။ အလှူခံခဲ့ကြသည့် သံဃာအားလုံးနီးပါး စစ်အစိုးရကပ်သည့်အလှူကို မဆန့်ကျင်ခဲ့ကြသော်လည်း စစ်အစိုးရကို ထောက်ခံသူများ မဟုတ်ကြသည်မှာ ယုံမှားစရာ မရှိပေ။ သို့သော် ၎င်းတို့အလှူခံခြင်းသည် သူ့အကြောင်းနှင့်သူ ဖြစ်မည်-ဟု ယုံကြည်ပါသည်။

အားလုံးမှာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိသည်မဟုတ်လော။ မည်သို့ဆိုစေ အလှူခံသူ၊ မခံသူတို့အကြား ဝိဝါဒ ကွဲပြားနေလျှင် စစ်အစိုးရဆင်သည့် ခွင်ထဲ အမှန်ပင် ရောက်သွားပါလိမ့်မည်။ ယခုအချိန်မှာ အရာအားလုံးထက် သံဃာညီညွှတ်ရေးက ပိုပြီး အရေးကြီးပါသည်။ သံဃာတစ်ဦးချင်းဆီ၏ ယုံကြည်ချက်၊ ရပ်တည်ချက်ကို တန်းဖိုးထား လေးစားရင်း စစ်အစိုးရ၏ သပ်လျှိုထိုးခွဲနည်း ကျင့်သုံးပုံကို အထူးသတိထား ဆင်ခြင်ကာ မိမိတို့အတွင်း သံဃာညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

Ashin Lokapalahttp://www.blogger.com/profile/10708152495611159618noreply@blogger.com0